စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သနပ်ခါး၏ အသုံးဝင်ပုံများ


သနပ်ခါးသည် ပူ၏ ၊ သွေးကို ကြွစေတတ်၏ ။
ပူခါး ချုပ်ပွင့် ဖြစ်၏ ။ ငန်းမန်း ကို နိုင်စေ၏ ။
အပူနာ ၊ အအေးနာ နှစ်မျိုးလုံး ၌ သုံးနိုင်၏။
ဝက်ရူးပြန် ရောဂါ ဆေးတွင် သုံး၏ ။
အနာကြီး ရောဂါသည်များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်း ရ၏ ။
အရွက်ပြုတ်ရည် ကို ဆား များများ ခတ်၍ သောက်ပါက ငှက်ဖျား ရောဂါ ပျောက်၏။
အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေ နှင့် သောက်ရ၏ ။
.
အရွက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက အဖောအရောင် ၊ အနာအဆာ နှင့် ကိုယ်တွင်း ရောဂါဟူ သမျှကင်းရှင်း ပပျောက်စေ ၏ ။
.
အဆိပ်ပြေဆေး ၊ ခွန်အား တိုးဆေး ၊ ကျောက်ရောဂါ ကာကွယ်ဆေး နှင့် ပြင်းထန် သောအဖျား ရောဂါများ အတွက် ဖော်စပ် သောဆေးများတွင် ထည့်သွင်း အသုံးပြု သည်။
.
ဝမ်းနုတ်ဆေး ၊ ချွေးထုတ်ဆေး တို့တွင် သုံး၏ ။
.
အမြစ်ကို နနွင်း နှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါ သည်များ အညာ ပျောက်၏ ။
.
ကလေး ချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက် စိမ်းရည်နှင့် ဆတူတိုက် က ချွဲ အမြန် ကျ၏ ။
___________________________
Mg Mandalay စာကြည့်ခန်း


https://www.facebook.com/myanmakyaymon/photos/a.623687667672709.1073741828.6

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...