စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးငယ် အပူကြီး ခြင်း


                                              
ကလေးငယ် များ အပူ ကြီးပြီး တက်ရင် ဘယ်လို လုပ်သင့် သလဲ ဆရာ။


ဒေါ်လှိုင် (တောင်ကုတ်)

ကလေးကို အပူချိန် တိုင်း လို့ အဖျား ကြီးပြီး ၃၉ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၁ဝ၂ ဒီဂရီ ဖာရင် ဟိုက် ကျော်ရင် ကလေး အပူချိန် များခြင်း နဲ့ အတူ ထိုင်း မှိုင်း ညှိုးနွမ်း နေခြင်း၊ မအီမသာ ဖြစ်ြခင်း ၊ညှိးနွမ်း နေခြင်း၊ အနီရောင် အစက် အပြောက် များ၊ အဖု အပိမ့်များ ထွက်ခြင်း၊ တခြား ရောဂါ လက္ခဏာ များ ဥပမာ - ဇက်တောင့် ခြင်း၊ အပူကြီး ၍ တက်ခြင်း နှင့် သေဆုံး ခြင်း တို့ အထိ ဖြစ်တတ် တယ်။

အဖျား တိုင်းခြင်း

ကလေး ရဲ့ပါးစပ် ထဲကို သာမိုမီတာ ကိုက် စေပြီး တိုင်းတာ မျိုး မလုပ် သင့်ဘူး။ သွားနဲ့ ကိုက်မိ လို့ သာမိုမီတာ ကျိုးရင် ပါးစပ် ထဲကို ပြဒါးဝင် သွားပြီး အဆိပ် သင့် စေမယ် ဖန်ကွဲ စတွေ လည်း ဝင်သွား နိုင် တယ်။ ချိုင်းကြားမှာ ညှပ်ပြီး တိုင်းတာခြင်း ဖြင့် ရရှိ တဲ့ အမှတ် ကို ၁ ဒီဂရီ ဖာရင် ဟိုက် ပေါင်းပြီး မှတ်ယူ သင့် ပါတယ်။

လက္ခဏာ များ

ကလေး ငယ် ကိုယ်ပူ တာဟာ ရောဂါ ပိုး တစ်ခုခု ၀င်လို ခန္ဒာကိုယ် ရဲ့ ခုခံမှူ စနက် က တန်ပြန် တိုက်ခိုက် ခြင်း ဖြစ်ပြီး အပူ မြင့် တက်တာ ဖြစ်လို့ (ပုံမှန် အားဖြင့်) မစိုးရိမ် သင့် ပါ။ ကလေး ငယ် ကိုယ် အပူချိန် မြင့်တက် လာပြီ ဆိုရင် ကိုယ်လက် မအီမသာ ဖြစ်ပြီး ယောင်ယမ်း ခတ်တာ ဂျီကျ တက် တယ် အပူ ချိန် ပုံမှန် ပြန်ရောက် အောင် ရေဖတ်တိုက် ပေးရ မယ်။ အင်္ကျီ အဝတ် အစား ချွတ်ပေး ရမယ်။ စောင် မခြုံရ ဘူး။ ချည်သား အဝတ် ၀တ်ပေး ရမယ် ရေအေး နဲ့ ရေပတ် တိုက်ပေး ရမယ် ရေခေါင်း လောင်း ချိုးချကာ မျတ်နှာ သုတ် ပ၀ါသန့် နဲ ရေစင်စင် သုတ်ပြီး အဝတ် ပွပွ ဝတ်ပေး သင့် တယ် ၊ အကောင်း ဆုံး ကတော့ အအေးခန်း (Aircon) မှာ နေစေ ခြင်း ဖြစ်တယ်။

မိဘ အလုပ်၊

ကလေး ဖျားရင် မိဘ တစ်ဦး အနေနဲ စိတ်ငြိမ်ငြိမ် ထား ရမယ် ခေါင်း အေးအေး နဲ့ ပြုစု ရမယ်။ ရေဖတ် တိုက်တာ အပူကျ ဆေး ပါရာစီ တမော့ တိုက်ကျွေး တာ တို့ကို ပိုးသတ် ဆေး အမောင် စလင် စီဖရန် တိုက်ကျွေး တာ သေချာ တိကျ တဲ့ ဆေး အညွှန်း (ဆရာဝန် အညွှန်း) နဲ့ တိုက်ကျွေး သင့်တယ်။ ကိုယ်ပူ များပြီ ယခင် က သက်သာ တဲ့ ကလေး ဖြစ်ရင် တော့ သတိ ရှိရမယ် ဇက်ခိုင် နေခြင်း၊ ဇက်တောင့် နေခြင်း နဲ့ မျတ်လုံး လည်နေခြင်း ဖြင့် ရင် ချက်ခြင်း အပူချိန် ကျ အောင် ချရ ပါမယ် ။ အထက်ပါ နည်းများ အတိုင်း ချပြီး လို့မှ တက်နေရင် စအို ကနေ ဒိုင်ယာဇီပန် ထည့်ပေး နိုင် သလို ဆေးထိုး ပေးနိုင် ပါတယ် အပူကျ ဆင်းပြီ မှ ရုပ်တရက် အပူတက် ခြင်း ထပ်တက် ခြင်း တို့ကို ဆရာဝန် နဲ့ စနစ် တကျ ပြသင့် ပါတယ်။ အပူချိန် ၃၆ ဒီကရီ စင်ရီ ဂရိတ် ၁၀၁ ဒီဂရီ ဖာရင် ဟိုက် သုံးရက် ထက် ပိုနေ ရင် ဆေးခန်း ကို သွားပြ သင့် ပါတယ်။ လက္ခဏာ များမှာ ကလေး အပူကြီးပြီး အသက်ရှူရပ် သွားခြင်း အသက် ခက်ခက် ခဲခဲ ရှူ နေရပြီ နှုတ်ခမ်း များ ပြာလာ ခြင်း။ သတိလစ် ခြင်း၊ ပြင်းစွာ အပူလောင် ခြင်း၊ အရိုးကျိုး ခြင်း ကလေး ရဲ့ ခန္ဒာ ကိုယ်ထဲ ကို ဓာတု ဆေးရည် ဆိုးဆေး ၀င်ခြင်း ၊ တိရိစ္ဆာန် ကိုက်ခံ ရခြင်း၊ ခွေးကိုက် ခြင်း၊ ပျားတုပ် ခြင်း၊ မြွေကိုက် ခြင်း၊ ကင်းကိုက် ခြင်း များ ရှိပါက ဆရာဝန် နဲ့ စနစ် တကျ ပြသ ပြီး ဆရာ ဝန်ရဲ့ အကြံ ဉာဏ် ယူသင့် ပါတယ်။

အကောင်း ဆုံး အပူချ နည်း

အကောင်း ဆုံး အပူချ နည်းက ရေဖတ် တိုက်ခြင်း၊ ရေလောင်း ချိုး ခြင်း ပြီးပါက အဝတ် ပွပွ သန့်သန့် ဝတ် စေခြင်း၊ အပူကျ သော ပါရာ စတီမော စအို ထဲ ထည့် ခြင်း ၊ဂြိုလ်တု ဆေးထဲ့ ခြင်း၊ တက်ပါက အတက် ကျ ဆေးထည့် ခြင်း၊ ပါးစပ် မှ ဝင်ပါက ပါရာစီ တမော အရည်နှင့် ဒိုင်ယာဇီပန် ကြိတ်ဖျော် ၍ တိုက်ကျွေး ထားခြင်း တို့ ပြုလုပ် ပါက အပူကျ စေတယ်။

သုံးရက် ထက် ပိုတဲ့ ကလေး အဖျား

ကလေး က မသက်သာ ရင် နောက်ပြီး ယခင်က တက်ဖူး တဲ့ ကလေး ဆိုရင် တခြား ရောဂါ ဝင်လာ တတ် လို့ သံသယ ရှိရင် ဆေးရုံ သို့ သွားရောက် ပြသင့်ပြီး လိုအပ် တဲ့ အကြံ ဉာဏ် ရယူ ရပါမယ်။ တိကျ သေချာ တဲ့ ဆေး အညွှန်း အတိုင်း တိုက်ကျွေး ပြုစု ရပါမယ်။

ဒေါက်တာ လွင်သန့် (ဆေး - ၂)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...