စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်္ဂလိပ် စာ ဘာသာရပ် လေ့လာမှု မြန်ဆန်ရန် နည်းလမ်း



အင်္ဂလိပ်စာ ဘာသာရပ်ကို လေ့လာရန်မှာ ခပ်မြန်မြန် တိုးတက်မယ့် နည်းလမ်းလေး သိပါရစေ ဆိုပြီးတော့ လာမေးသူများကို အကောင်းဆုံး နည်းလမ်း ပေးပါမယ်။ ဆောင်ပုဒ် လေး တစ်ခုနဲ့ပါ။
To write more, write more
To speak more, speak more
To understand more, listen more
To read more, read more
များများ ရေးတတ်ချင်ရင် များများ ရေးဖို့ လိုအပ် ပါတယ်။
များများ ပြောတတ်ဖို့ များများ ပြောဖို့ လိုအပ် ပါတယ်။
များများ နားလည် တတ်စေဖို့ များများ နားထောင်ရန် လိုအပ် ပါတယ်။
များများ ဖတ်တတ်စေဖို့ များများ ဖတ်ရန် လိုအပ် ပါတယ်။


အလေ့အကျင့် တစ်ခု ရသွားရင် ဘာမဆို အဆင်ပြေ သွားပါ လိမ့်မယ်။ Second Nature ကနေ First Nature အထိတောင် အလေ့အကျင့် များရင် ဖြစ်သွား ပါလိမ့်မယ်။ ရေးတတ်ဖို့အတွက် များများ ရေးရမယ်လို့ ဆိုတဲ့ နေရာမှာ ဖတ်ဖို့လည်း လို ပါ သေးတယ်။ Professional writing အတွက် စာအုပ်များများ ဖတ်ရပါမယ်။ ဒီတော့ ဖတ်ရှုမှု အရည်အသွေးပါ မြင့်တက် လာမှာ ဖြစ်ပါတယ်။ နားထောင်ရမယ် ဆိုတဲ့ နေရာမှာ အင်္ဂလိပ်ရုပ်ရှင်၊ သီချင်း နားထောင် ကြည့်ရှုခြင်း၊ နိုင်ငံခြားသား များ ဖြင့် ပြောဆိုခြင်း၊ မိမိ ပတ်ဝန်းကျင်ထဲကပဲ ပြောနိုင်ဆိုနိုင်ရှိသူများထံ ချည်းကပ် ပြောဆိုခြင်း တို့  ပြုလုပ်ရပါမယ်။ များများ ပြောကျင့် ရှိဖို့ လိုအပ် ပါတယ်။


မြန်မာတွေမှာ မှားယွင်းတဲ့ အကျင့် တစ်ခုက မိတ်ဆွေ လူငယ် သူငယ်ချင်း တွေထဲ မှာတောင် တစ်ယောက်ယောက်က အင်္ဂလိပ် ကြားညှပ် ပြောလာပြီ။ ထည့်ထည့် ပြောလာ ပြီဆိုရင် (ကန်တော့ပါရဲ့) ဗိုလ် လမ်းနီး နေပြီ။ တံတွေး စင်တယ် အစရှိသဖြင့် စကြ နောက်ကြ ပါတယ်။ ဒီတော့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက် လာသူ ရှိပေမယ့် သူ့ပတ်ဝန်းကျင်မှ တိုးတက်မှု မလိုလားသူတို့ ဝန်းရံမှုကြောင့် တိုးတက် လာမှု မရှိတော့ ပါဘူး။ ဒီတော့ အင်္ဂလိပ်စာ အရည်အသွေး မြင့်တက် ဖို့ အတွက် တူညီတဲ့ ခံယူချက် ရှိတဲ့ Partner ရှိဖို့လည်း လိုအပ် ပါတယ်။


ဒီတော့ အင်္ဂလိပ်စာ အရည်အချင်း မြင့်တက်စေမယ့် ဆောင်ပုဒ်နဲ့ စကား လက်ဆောင် လေးကို မျှဝေပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...