စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြုံးရယ်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးကောင်းများ


                               
စိတ်ဖိစီးမှု အားလုံးကို ပြေလျော့စေတဲ့ ရိုးရှင်းတဲ့ နည်းတစ်နည်းကတော့ ပြုံးရယ်ခြင်းသာ ဖြစ်တယ်။ ပြုံးရယ်ခြင်းက သင့်ကို စိတ်ပျော်ရွှင်စေရုံမက စိတ်ဖိစီးမှုကိုလည်း အမြန်ဖြေလျှော့ပေးတယ်။

 

သွေးဖိအား

(Blood Pressure)ကို ကျစေပြီး သင့်မှာ သွေးတိုး ပြဿနာရှိနေရင် ဆေးစား၊ ဆေးသောက်အပြင် တစ်နေ့တာ အချိန်ကို ပြုံးရယ်ခြင်းနှင့် ကုန်လွန်ပါစေ။ တစ်ကြိမ် ပြုံးရယ်တိုင်း သွေးပေါင်ချိန် ပမာဏ အတော်အတန် ကျဆင်း ကြောင်း သိရတယ်။ ခန္ဓာကိုယ် ခုခံအားစနစ်(Immune System) တိုးတက် ကောင်းမွန်စေပါတယ်။

သင့်ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးမြှင့်စေဖို့ ပြုံးရယ်ပါ။ ပြုံးရယ်ခြင်းက ခန္ဓာကိုယ်ကို ကိုယ်စိတ် ပြေလျော့စေတဲ့အသွင် ရောက်စေပြီး ရောဂါများ (အထူးသဖြင့် အအေးမိ နှာစေးနှင့် တုပ်ကွေး) တိုက်ဖျက်နိုင်စွမ်းကို မြင့်တက် စေပါတယ်။ ရုပ်ကို နုပျိုစေ ပါးရေတွန့်ခြင်း ကင်းပြီး လှပတင်းရင်းတဲ့ မျက်နှာ ပိုင်ရှင်ဖြစ်ဖို့ မကြာခဏ ပြုံးရယ်ပါ။ ပြုံးရယ်ခြင်းက သင့်မျက်နှာကို တင်းရင်း စေတဲ့ သဘာဝ နည်းတစ်ခု ဖြစ်ပြီး ရေရှည်မှာ ရုပ်ကို နုပျိုစေပါတယ်။

အနာသက်သာစေတဲ့ ဆေးတစ်လက်

Endorphins ဓာတ်ပစ္စည်းများက သင့်ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်လို့ သိရတယ်။ ပြုံးရယ်ခြင်းက ယင်းဓာတ် ပစ္စည်းတွေကို ထုတ်လွှတ် ပေးပါတယ်။ ဒါကြောင့် သဘာဝ အကိုက်အခဲ ပျောက်ဆေး သို့မဟုတ် နာကျင်မှု သက်သာဆေးတစ်ခု အနေနှင့် ပြုမူသင့်ပါတယ်။

Credit To>Myanmar News Media


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...