စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပီမိုးနင်း၏ပီမိုးနင်း စာမျက်နှာ ၃၅ / ၃၆


စာရေးဆရာကြီးပီမိုးနင်း ၏ ခရစ်ယန်ဘာသာမှ ဗုဒ္စဘာသာသို. ကူးပြောင်းရောက်ရှိခဲ.ရာ သူဘာကြောင်. ခရာဇ်ယန်ဝါဒကို လက်မခံနိုင်တော.ကြောင်း ရှင်းလင်းပြောပြချက်
                    
ကျွန်ုပ်ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၏ အကြောင်းရင်းမှာ ထာဝရဘုရားသခင်၏ တင်းမာမှုကြောင်.ပင်ဖြစ်ကြောင်း အထက်ကရေးသားခဲ.လေပြီ ။ ကျွန်ုပ် ဤဘ၀သို. မလာမီ (၀ါ) လူမဖြစ်မီက ခရစ်ယာန်ဘာသာ၏ အဆိုအရ ကျွန်ုပ် ဘယ်မှာမျှ ဘယ်ဘ၀မှာမျှ မရှိ ။ ဘယ်ဘ၀မှာမျှ မနေခဲ.ဖူးချေ ။ ယခုလို မရှိရာဘ၀မှာ လူဖြစ်လာရအောင် ကျွန်ုပ်အား ဘုရားသခင်သည် ဖန်ဆင်းလိုက်၏ ။ သို.မရှိရာဘ၀မှ ရှိအောင်ဖန်ဆင်းပြီးမှ ကျွန်ုပ်ကို ကျွန်ုပ်၏ အမိဝမ်းထဲသို. ထည်.လိုက်လေသလား ။ သို.တည်းမဟုတ် အမိဝမ်း၌ပင် ကျွန်ုပ်ရှိအောင် ဖန်ဆင်းလိုက်လေသလား မသိရပေ။ ကျွန်ုပ် ဘယ်ဘ၀မှာမျှ မရှိစဉ်အခါ ထာဝရဘုရားနှင်. အသိမိတ်ဆွေလည်းမဖြစ်ခဲ.ပေ ။ ထာဝရဘုရားထံသို. ချဉ်းကပ်ကာ “ကျွန်တော်.ကို လူဖြစ်အောင်ဖန်ဆင်း၍ပေးပါ၊ ခင်ဗျားကို မသေမချင်းကိုးကွယ်ပါမည် ၊ အပြစ်ပြုလျှင်လည်း ထာဝရငရဲအိုးကြီးထဲသို.ချပါ ၊ လူ.ဘ၀ရအောင်သာ ဖန်ဆင်း၍ ပေးတော်မူပါ”ဟူ၍လည်း ၎င်းထာဝရဘုရားကို ကျွန်ုပ်မတောင်းပန် မလျှောက်ထားခဲ.ပေ ။ တောင်းပန်လိုငြားအံ. ကျွန်ုပ် မရှိသေးသောအခါ၌ အဘယ်နည်းဖြင်. ကျွန်ုပ်တောင်းပန်နိုင်ပါမည်နည်း ။ ဘုရားသခင် မဖန်ဆင်းမီက ကျွန်ုပ်တို. အဘယ်မှာမျှမရှိဟု ခရစ်ယာန်ဘာသာ၌ ဆို၍ဖြစ်ပေသည် ။

ကျွန်ုပ်၏စိတ်၌ ဤအတွေးမျိုးကား မကြာခဏ ဖြစ်ပေါ်လာ၏ ။ ထာဝရဘုရားသည် လူကို မတောင်းပန်ပဲနှင်. ဖန်ဆင်းပြီးမှ သေးငယ်သောအပြစ်ကလေး တစ်ခုကြောင်. မလွတ်နိုင်သော ထာဝရငရဲကြီဲးသို. ပို.စေသည်ဆိုလျင် မဟာကရုဏာဆိုသော စကားသည် အဘယ်မှာရှိနိုင်ပါတော.မည်နည်း။
ထိုအပြစ်ကလေးများပြုဖို.ရန် လူတွင် လက်နက်ကရိယာတို.ကို တပ်ဆင်၍ ပေးလိုက်လေရာ ထိုသို.တပ်ဆင်၍ပေးသဖြင်. အပြစ်ပြုမိချေက အပြစ်နှင်.မမျှသော ထာဝရဒဏ်ကြီးကို ပေးသည်မှာ တရားပါ၏လော … ဟူသောအတွေးများသည် မကြာမကြာ ကျွန်ုပ်စိတ်၌ပေါ်ခဲ.လေသည် ။

xxxxxxxxxxx မရှိလျင်အေး၏ ။ ရှိသောကြောင်.ပူ၏ ။ ဤရှိခြင်းတည်းဟူသော အပူနှင်. ညှဉ်းပန်း၍ အားမရသဖြင်. ငရဲသို. ချချေက နည်းလမ်းကျပါမည်လား ။ ကျွန်ုပ်ကိုယ်တိုင် ဗုဒ္စဘာသာသို. ကူးပြောင်းခဲ.ခြင်း၏ အကြောင်းဖြစ်ကာ ချေလွှာစကားဖြစ်၏ ။ ထိုစကားဖြင်. ထာဝရကိုချေခဲ.၏ ။ သို.ချေသည်. အတိုင်းကြေပြီ ။ ထာဝရဘုရားမရှိတော.ပြီဟု ကျွန်ုပ်ယုံကြည်၏ ။

ပီမိုးနင်း၏ပီမိုးနင်း
စာမျက်နှာ ၃၅ / ၃၆

စာရေးဆရာကြီးပီမိုးနင်း သည်ခရာဇ်ယန်ဘာသာမှ ဗုဒ္စဘာသာသို. ကူးပြောင်းရောက်ရှိခဲ.ရာ သူဘာကြောင်. ခရာဇ်ယန်ဝါဒကို လက်မခံနိုင်တော.ကြောင်း ရှင်းလင်းပြောပြချက်ကို ကြိုက်နှစ်သက်သဖြင်. ပြန်လည်ဖော်ပြပါသည် ( ဆရာပီမိုးနင်းသည် သာမန်ခရာဇ်ယန်မဟုတ်၊ ပြင်သစ်ပြည် ပါရီမြို.တော်ကြီးမှ တဆင်.ခွဲထားသော ပီနန်မြို. General Collage တွင် ခရာဇ်ယန် ဘုန်းတော်ကြီးဖြစ် သင်တန်းကျောင်း ကို တက်ခဲ.သူဖြစ်သည်) အထက်ပါစာမှာ ဆရာပီမိုးနင်းရေးသောစာဖြစ်သည် ။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...