စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွာကလေးရဲ့ အုပ်ချုပ်ရေး



စိန်မြရွှေ

ပြီးခဲ့တဲ့ သင်္ကြန်ရက်များအတွင်း ရွာကလေးတစ်ရွာမှာ ကျုပ် ရောက်ရှိနေထိုင်ခဲ့ပါတယ်။ ဘာပဲ ပြောပြော မြို့ပြနဲ့နည်းနည်းအ လှမ်းဝေးတော့ စိတ်ချမ်းသာမိ တယ်။ ကားသံ၊ ဆိုင်ကယ်သံ တွေ အရမ်းကာရော ဆူညံတာ မျိုးမကြားခဲ့ရဘူး။ ‘ဒုန်းဒုန်းဂွမ်း ဂွမ်း’ သီချင်းဖွင့်တာ တစ်ဦးစနှစ်ဦး စရှိပေမယ့် မြို့ပြလို ပွက်လော ရိုက်မနေဘူး။ ရွာဓလေ့အစဉ် အလာအရ ရေပက်ကစားကြ တယ်။ လူငယ်တွေစုပြီး ဘုန်း ကြီးကျောင်းမှာ ကျွေးကြမွေး ကြကုသိုလ်ဒါနပြုကြတယ်။

အိမ်လုံးကျွတ်မိသားစုလိုက် ဘုန်းကြီးကျောင်းသွားကြတယ်။ ဥပုသ်သီလဆောက်တည်ကြပြီး ဇရပ်ကျောင်းကန်တွေမှာ နားနား နေနေ နေကြတယ်။ အတက်နေ့ မှာ တစ်ရွာလုံးစုပြီး ဆွမ်းကပ် တရားနာကြတယ်။ ရွာထောင့် တွေမှာ ပရိတ်တရားနာကြတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရား ရေသပ္ပာယ်ကြတယ်။ သန့်ရှင်း ရေးလုပ်ကြတယ်။ တစ်ရွာလုံးလို လို လှုပ်လှုပ်ရွရွနဲ့ တက်တက်ကြွ ကြွပါဝင်ဆောင်ရွက်ကြတယ်။ ရွာမှာနေရတာ ပျော်စရာကောင်း တယ်လို့ အောက်မေ့မိတယ်။

ဒီလိုနဲ့ နှစ်ဆန်းတစ်ရက်နေ့ ညမှာ အိမ်လည်သွားရင်း စကား ဝိုင်းဖွဲ့ပြောနေကြတယ်။ ဒီအချိန် မှာပဲ ရွာလယ်လမ်းတစ်လျှောက် အော်ဟစ်ဆဲဆိုသံတစ်သံပေါ် ထွက်လာခဲ့တယ်။ ‘ငါ’ချင်း မိုးမွှန် အောင် ညစ်ညစ်ညမ်းညမ်းကို ဆဲဆိုနေတာပါ။ တစ်ရွာလုံးကို လည်း စိန်ခေါ်တယ်။ တစ်နယ် လုံးကိုလည်း စိန်ခေါ်တယ်တဲ့။ သူစိမ်း၊ ဆွေမျိုးမကျန်အားလုံးကို ရိုင်းရိုင်းပျပျ ဆဲဆိုနေတာဖြစ်ပါ တယ်။ ကျုပ်တို့ စကားဝိုင်းလည်း ရယ်စရာရှိတာတောင် မရယ်နိုင် တော့ဘဲ တိုးတိုးတိတ်တိတ်အဆုံး သတ်ခဲ့ကြရပါတယ်။

ရွာကလေး ဘယ်လိုဖြစ် သွားရတာတုံးပေါ့။ ကျုပ်လည်း ဘဝင်မကျဖြစ်မိပါတယ်။ အရင် တုန်းကကော ရွာမှာဒီလိုဆဲဆို အော်ဟစ်ကြိမ်းမောင်းဆူညံတာ ရှိခဲ့လား ကျုပ်စပ်စုပါတော့တယ်။ လင်မယားချင်း စကားများတာတို့၊ တစ်အိမ်နဲ့တစ်အိမ် ရန်ဖြစ်တာတို့ တစ်ခါတစ်ရံ ရှိခဲ့ဖူး ကြောင်း သိရပါတယ်။ အဲဒီလိုဖြစ် ရင် ရပ်ရွာဆူပူမှုအဖြစ် သွပ်တစ် ချပ်နဲ့ ငွေငါးထောင်ဒဏ်ကြေးပေး ဆောင်ရတယ်လို့ဆိုပါတယ်။ ဒီ လိုဆိုရင် ခုနရွာထဲပတ်ပြီးဆဲသွား တဲ့သူကို ဒဏ်ရိုက်ရမှာပေါ့လို့ ကျုပ်က တပ်အပ်ပြောလိုက်မိတယ်။

ဒါပေမဲ့ ခုနဆဲနေတဲ့သူက လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်နေတယ်တဲ့။ မြို့မှာ အလုပ်လုပ်နေပြီး သင်္ကြန်ရက် အတွင်း ရွာကိုပြန်ရောက်နေတာ လို့ သိရပါတယ်။ နောက် ပြီးခဲ့တဲ့ လေးငါးလလောက်ကလည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင် တစ်ရွာလုံးကို လှည့်လည်ဆဲဆိုခဲ့ဖူးတယ်လို့ ပြောပြကြပါတယ်။ အုပ်ချုပ်ရေးမှူးဆဲတုန်းကလည်း သွပ်တစ် ချပ်နဲ့ ငွေငါးထောင်မဆောင်ခဲ့ရ ဘူး။ ခု အုပ်ချုပ်ရေးမှူးရဲ့သား ဆဲတော့လည်း သွပ်တစ်ချပ်နဲ့ ငွေ ငါးထောင်မဆောင်ရဘူး။

ဒါနဲ့ လက်ရှိအုပ်ချုပ်ရေးမှူး အကြောင်း ကျုပ်ဆက်မေးဖြစ်ခဲ့ တယ်။ ရွာကအုပ်စုအမည်ပေါက် ရွာဖြစ်ပါတယ်။ အဲဒီရွာရဲ့ အောက်မှာ ရွာလေးနှစ်ရွာရှိတယ်။ စောစောပိုင်းမှာ အုပ်စု လက်အောက်ခံရွာလေးတစ်ရွာက အုပ်ချုပ်ရေးမှူးလုပ်ခွင့်ရခဲ့ တယ်လို့ဆိုပါတယ်။နောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေပြန်ရွေးကြရတော့ သူတို့အုပ်စုရွာကြီးကနေ အုပ်ချုပ်ရေးမှူးလုပ်ခွင့်ရအောင် ရွာကလူတွေမနည်းကြိုး စားခဲ့ရတယ်လို့ ပြောပြပါတယ်။

အဲဒီမှာ အရင်ကောင်စီ ခေတ်ကလည်း ဥက္ကဋ္ဌလုပ်ဖူးတယ်။ သမဝါယမခေတ်မှာလည်း လူကြီးလုပ်ဖူးတယ်ဆိုတဲ့ လက်ရှိအုပ်ချုပ်ရေးမှူးလုပ်နေတဲ့ သူကို ရွေးချယ်မိခဲ့ကြတယ်။ သူက အုပ်ချုပ်ရေးမှူးရာထူးမရမီ အချိန်တွေမှာ ‘စုမှစုပဲ’လို့ ကြွေးကြော်ပြီး ရပ်ရေးရွာရေးမှာ အသံကောင်းကောင်းနဲ့ နေရာတကာပါခဲ့တယ်။ ဒါကြောင့်လည်း ရွာကလူတွေက တခြားရွာသားအုပ်ချုပ်ရေးမှူးရဲ့အောက်မှာ နေရမှာနဲ့စာရင် တော်မှာပဲလို့ တွက်ဆခဲ့ကြတယ်။

ဒါပေမဲ့ ရွာသားတွေ တွက် ကိန်းမှားခဲ့ကြတယ်။ ရွာမှာလုပ် တဲ့ ပွဲလမ်းသဘင် အခမ်းအနား တွေမှာ တစ်ခုခုအကြောင်းရှာပြီး ‘ရစ်’လာတယ်။ ဘာမှနားမလည် တဲ့ ရွာသူရွာသားတွေကို ဥပဒေ တွေနဲ့ ခြိမ်းခြောက်တာမျိုး၊ လမ်း စဉ်ကျကျဆောင်ရွက်သလိုမျိုး တွေ လုပ်လာတယ်။ ဘိုးစဉ် ဘောင်ဆက်ကတည်းက သားငါး လာရောင်းကြတဲ့ တခြားရွာက ဈေးသည်တွေကို စစ်လားဆေး လားလုပ်တယ်။ ဘယ်သူမှ လာ မရောင်းရဲကြတော့ဘူး။ အလှူ အတန်းရှိလို့ ရွာထဲမှာ သားငါး ပေါ်ရင် အုပ်ချုပ်ရေးမှူးအတွက် ဆိုပြီး တစ်တွဲပို့ကြရတယ်။

ဒီလိုနဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရွာ သူရွာသားတွေက တဖြည်းဖြည်း ဝေးကွာလာတယ်။ ရွာသူရွာသား တွေက လုပ်စရာရှိတာတွေကို ကိုယ့်အုပ်စုနဲ့ကိုယ် အုပ်ချုပ်ရေး ပိုင်းနဲ့ လွတ်လွတ်ကင်းကင်းလုပ် လာကြတယ်။ မလွှဲမရှောင်သာ မင်းမိန့်တွေ ကျရောက်လာရင် လည်း ‘ရှေ့တွင်တစ်မျိုး နောက် ကွယ်တစ်မျိုး’မျိုသိပ်နေကြရ တယ်။ ရပ်ဝေးနေဒေသအဆက် အနွှယ်တွေက ရွာမှာအလှူ အတန်းလုပ်ဖို့၊ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့ပေးဖို့ စဉ်းစား လက်တွန့်လာကြတယ်။ အုပ်ချုပ် ရေးမှူးနဲ့ ဘယ်လိုမှ ညှိမရလို့ ရပ် ထားလိုက်ကြရတာတွေရှိလာ တယ်။

အုပ်ချုပ်ရေးမှူးကလည်း ရွာသူရွာသားတွေ စုဝေးတိုင်ပင် ကြရင် မပါတော့ဘူး။ သာရေး နာရေးပွဲမှာလည်း မလာတော့ ဘူး။ ရွာမှာပြီးခဲ့တဲ့ သီတင်းကျွတ် ဘုရားပွဲလည်း မလုပ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရွာသူရွာသားတွေက တသီးတ ခြားစီဖြစ်နေကြတယ်လို့ဆိုပါ တယ်။ ရွာသူရွာသားအားလုံးလို လိုက ‘တောင်သူယာလုပ်ဓား မခုတ်’ရိုးရိုးအေးအေးတွေဖြစ်ပါ တယ်။ ဆန့်ကျင်တာ၊ ကန့်လန့် တိုက်တာမရှိဘူးလို့ ပြောပြပါ တယ်။ သူတို့ရဲ့ အရှေ့က ဦးစီးဦး ဆောင်လမ်းပြဖြစ်ရမယ့် အုပ်ချုပ် ရေးမှူးက သူတို့အားကိုးရာဖြစ် မနေတော့ သူတို့ရဲ့ ခြေလှမ်းတွေ အရှိန်လျော့ခဲ့ရတယ်လို့ ရင်ဖွင့် ကြပါတယ်။

ရွာကလေးကလည်း တိုး တက်သင့်သလောက် မတိုးတက်၊ ခရီးရောက်သင့်သလောက် မရောက်ဘဲ ‘ရပ်’သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ကျုပ်မှာလည်း ရွာ ကလေးရဲ့ ဇာတ်ကြောင်းကို စုံစုံ စေ့စေ့ သိလိုက်ရတော့မှပဲ အရင် ကဖြစ်ခဲ့တဲ့ စိတ်ချမ်းသာမှုတွေ၊ ကျေနပ်ပျော်ရွှင်မှုတွေ ပျောက် ပျက်သွားခဲ့ရပါတယ်။ ရွာကလေး ဟာ ‘အပူရုပ်ကိုဟန်လုပ်ပြီး နေ နေရတာပါလား’လို့ စိတ်မကောင်း ဖြစ်မိပါတယ်။ သင်္ကြန်ပြီးလို့ ရောက်လာတဲ့ နှစ်သစ်ဟာ သူတို့ အတွက် သစ်မနေဘူးလို့ဆိုရလိမ့် မယ်ထင်ပါတယ်။

ဒါဆိုရင် သူတို့ဟာ လာမယ့် ၂၀၁၅ အထိ ဒီအတိုင်းပဲ သွားနေ မလားလို့ စဉ်းစားမိပါတယ်။ ၂၀၁၅ ရောက်ရင်ရော မှန်ကန် တည့်မတ်တဲ့ လမ်းကြောင်းပေါ် ရွာကလေးလျှောက်နိုင်ပါ့မလား တွေးပူမိပါတယ်။ တော်သေး တယ်လို့ ဆိုရမှာက ရွာကလေးမှာ ရပ်ရေးရွာရေးလှုပ်ရှားကြတဲ့ လူ ငယ်အဖွဲ့တွေ၊ သာရေးနာရေး ချက်ပြုတ်စီမံကြတဲ့ လူကြီးအုပ်စု တွေက စုစုစည်းစည်းရှိနေကြ သေးတာပါပဲ။

ရွာကလေးမှာ တရားဝင် အုပ်ချုပ်ခွင့်ရတဲ့ ခေါင်းဆောင် ကောင်းလိုအပ်နေတာလို့ အဖြေ ထွက်ပါတယ်။ မျှတကောင်းမွန် ပြီး တိုးတက်မှုကို ရှေးရှုတဲ့ အုပ် ချုပ်ရေးစနစ်ပီပြင်ဖို့ မျှော်လင့်နေ ကြပါတယ်။ ရွာကလေးရဲ့ အနာ ဂတ်ဟာ ရွာသူရွာသားတွေရဲ့ လက်ထဲမှာသာမကဘဲ အုပ်ချုပ် ရေးမှူးတွေရဲ့ အရည်အသွေး အပေါ်မှာလည်း များစွာမူတည် နေတယ်ဆိုတာ သက်သေပြနေပါ တယ်။

ရွာသူရွာသားတွေ ဆူရင် သက်မှတ်ချက်အတိုင်း ဒဏ်ရိုက် အရေးယူတယ်။ အုပ်ချုပ်ရေးမှူး နဲ့ အုပ်ချုပ်ရေးမှူးရဲ့သား ဆူပူရင် ကင်းလွတ်ခွင့်ရတယ်။ ဒါက ရွာ သူရွာသားတွေအနေနဲ့ အတန်း ပညာမတတ်ပေမယ့် မတရားဘူး လို့ မှတ်ယူလက်ခံကြတယ်။ ခုလည်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့နေအိမ်မီးလောင် တယ်လို့ သတင်းဖတ်ရတယ်။ သာမန်ပြည်သူတစ်ယောက်ရဲ့ အိမ် မီးလောင်သလို ထင်သာမြင် သာအရေးယူဆောင်ရွက်ထုတ် ပြန်တာကို ကျုပ်တို့ပြည်သူတွေ အနေနဲ့ မှတ်သားသိရှိဖို့ မျှော်လင့် နေမိတယ်။

ရွာသူရွာသားတွေဆိုတာ ပြည်သူတွေဖြစ်ပါတယ်။ ပြည်သူ တွေ ပေါင်းစုမှ ပြည်ထောင်စုလို့ အမည်တပ်နိုင်မှာဖြစ်ပါတယ်။ ကျုပ်တို့ ပြည်ထောင်စုကြီးထဲမှာ ခုတင်ပြခဲ့တဲ့ ကျေးရွာနဲ့ ဖြစ်စဉ် ချင်း အလားသဏ္ဌာန်တူတဲ့ ရွာ ကလေးတွေ အရေအတွက်ဘယ် လောက်များနေမလဲ ကျုပ်သိချင် နေမိပါတယ်။ ကျုပ်ရင်ထဲမှာ တော့ နှစ်သစ်ကူးဆုတောင်း အ ဖြစ် ဒီလိုရွာကလေးတွေ မရှိပါ စေတော့နဲ့။ အုပ်ချုပ်သူနဲ့ အုပ် ချုပ်ခံလူတန်းစားအဆင်ပြေစွာနဲ့ အပြန်အလှန်ပေါင်းဖက်လက်တွဲ ကာ နားလည်ယုံကြည်မှုရကြပါ စေလို့သာ ဆန္ဒပြုလိုက်ရပါတော့ တယ်။ ။

7daydaily


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...