စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပီဇာလုပ်စားရအောင်





.................................................
ပီဇာကအရမ်းလွယ်ပါတယ်။ ကလေးအများစကြိုက်ကြတဲ့ အစားအစာပေါ့ မေမေတို့ ရေ။
သူတို့ နှစ်သက်တဲ့ အစာပလာတွေကို ရွေးချယ်စေပြီး သူတို့ကို ကိုယ်တိုင်ကိုယ်ကျ
ပါဝင်လုပ်ကိုင်ခိုင်းလို့ရတဲ့ အစားအစာတစ်ခုပေါ့နော်။ သူတို့တွေ Play Dough
ဆော့ကစားသလိုပဲ ဂျုံနယ်တဲ့အခါ လက်အားကိုသန်စေပါတယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေတော့
မေမေက ကြိုပြင်ဆင်ပေးထားပေးပါနော်။ ကဲ အတူတူ လုပ်ခိုင်းကြရအောင်နော်။

ပါဝင်ပစ္စည်းများ (မေမေ ကြိုပြင်ထားရမှာတွေ)
..............................................................
ပီဇာ အတွက်
.....................
• Bread Flour - ၅၀၀ ဂရမ်
• သကြား - အချိုဇွန်း ဇွန်းတစ်ဝက်
• Dried Yeast တဆေး - အချိုဇွန်း ၁ ဇွန်းခွဲ
• ဟင်းချက်သံလွင်ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ရေကြက်သီးနွေး - ၃၀၀ မီလီမီတာ

ပီဇာဆော့စ်အတွက်
..........................
• Ready Made ခရမ်းချဉ်သီးဆော့စ် - စားပွဲဇွန်း ၃ ဇွန်း

ပီဇာအပေါ်ကတင်ရန်
............................
Ham၊ Pepperoni၊ Chorizo၊ ဘေကွန်ဝက်ပေါင်ခြောက်၊
သံလွင်သီးအနက် ရောင်၊ မှို၊ Mozzarella၊ Cheddar ( ကျွန်မက ကျွန်မသားနဲ့သမီး
ကြိုက်တာသုံးပေမဲ့ မေမေတို့ကလည်း ကိုယ့်သားသမီးလေးတွေအကြိုက်လေးတွေကို
သုံးနိုင်ပါတယ် နော်) ဥပမာ - ငရုတ်ပွသီး၊ ပြောင်းဖူး၊ နာနတ်သီး၊ ပဲစိမ်းလုံး၊
ခရမ်းချဉ်သီးသေးသေး လေးများ၊ တူနာငါး၊ ကင်ထားပြီးသား အသားများ စတာတွေထည့်နိုင်ပါတယ်။

ပြုလုပ်နည်း
....................
၁။ Bread Flour၊ သကြားနဲ့ Yeast ကို ဇလုံထဲထည့်ပြီး ရောမွှေခိုင်းလိုက်ပါ။
ရေနွေး နွေးလေးရောပြီး သံလွင်ဆီပါ ရောပေးလိုက်ပါ။
သစ်သားယောက်မလေးနဲ့ ဂျုံ အလုံးလေး ကပ်စေးလာသည်အထိမွှေပေးပါ။
ရေအနည်းငယ်လိုရင် ရောပေးပါ။(စားပွဲဇွန်း၂ ဇွန်းခန့်)

၂။ စားပွဲပေါ်ကို ဂျုံမှုန့်အနည်းငယ်ဖြူးပြီး ဇလုံထဲက ဂျုံကို
ကလေးတွေကို နယ်ခိုင်းပါ။ (ဒီအချိန်က သူတို့သိပ်ကြိုက်တဲ့အချိန်ပေါ့) သူတို့စိတ်ကြိုက်နယ်စေပြီးရင်
မေမေကယူပြီးသေချာနယ်ပေးပါ။ လက်ဖနောက်နဲ့ဖိလိုက် ပြန်ဆွဲပြီး အလုံးလေး
ပြန်လုပ်လိုက်နဲ့ ၁၀ မိနစ်ခန့်နယ်ပေးပါ။ သားရေပင်ဆွဲသလိုလေး ပျော့ပျော့အိအိ
ချောမွတ်နေတဲ့ ဂျုံလုံးလေးရပါပြီ။

၃။ ဇလုံတစ်ခုကို သံလွင်ဆီသုတ်ပြီး ဂျုံလုံးလေးကိုထည့်ကာ Cling Film အုပ်ပြီး
၂ ဆအနေကြီးလာသည်အထိ အခန်းအပူချိန်အတိုင်းထားပေးပါ။

၎။ ဒီအချိန်မှာ မေမေနဲ့အတူ သူတို့ကိုကူပြီး ဂျုံနယ်တုံးက ရှုပ်ထားတာလေး
ရှင်းခိုင်း လိုက်ရင် ပီဇာပြားလုပ်ဖို့အဆင်သင့်ဖြစ်နေပြီပေါ့။

၅။ Oven ကို ၂၀၀ ဒီဂရီ အပူကြိုပေးထားပါ။ ၂ ဆဖြစ်နေတဲ့ ဂျုံလုံးလေးကို
သူတို့ တအံ့တသြဖြစ်နေပါလိမ့်မယ်။ ဂျုံလုံးကို ပီဇာအကြီးအသေး ကြိုက်ရာလုပ်နိုင်ပါတယ်။
၂ ခုလိုချင်ရင် ၂ ခုခွဲပြီး စားပွဲပေါ်မှာ တလိမ့်တုံးနဲ့ပြားလိုက်ပါ။
(ကျွန်မကတော့ အလုံးလေးအတိုင်း သူတို့ရှေ့ချပေးပြီး သူတို့လက်လေးတွေနဲ့ ပုတ်ပြီးပြားခိုင်းလိုက်ပါတယ်)

၆။ အဲဒီအပြားလေးကို ဆီသုတ်ထားတဲ့ ပီဇာဗန်းပေါ်တင်လိုက်ပါ။
ပြီးရင် ခရမ်းချဉ်သီးဆော့စ်ကို စားပွဲဇွန်း ၃ ဇွန်းခန့်တင်ကာ ဇွန်းဖင်လေးနဲ့ နှံ့အောင်သုတ်ပါ။
(မှတ်ချက်- ဒီအဆင့်မှာ ဂျုံပြားကို နဲ့ ဃူငညါ င်္ငူာ အုပ်ပြီး ရေခဲသေတ္တာမှာ ခဲထားလို့ရပါတယ်နော်။
နောက်တစ်ခါဆို အစအဆုံးမလုပ်ရတော့ဘူးပေါ့)

Topping လေးတွေတင်ရအောင်
...........................................
Ham၊ Pepperoni၊ Chorizo၊ ဘေကွန်ဝက်ပေါင်ခြောက်၊ သံလွင်သီးအနက် ရောင်၊
မှို၊ Mozzarella၊ Cheddar တို့တင်ပြီးရင် ဥလနည ထဲ မေမေကထည့်ပေးပြီး
၁၅ မိနစ်ခန့်ဆိုရင် ရပါပြီ။ အပိုင်းလေးများ လှီးဖြတ်ပေးပြီး ခပ်နွေးနွေးအနေမှာ
သူတို့ကိုယ် တိုင်လုပ်ထားတဲ့ ပီဇာလေးကို ပျော်ပျော်ရွှင်ရွှင်စားတာကို
မေမေတို့ရေ ၀မ်းသာပီတိဖြစ် ရတာ ဘာနဲ့မှမလဲနိုင်ဘူးနော် . . . ။

သားသမီးလေးတွေနဲ့ အပြုံးကိုယ်စီ ရွှင်လန်းနိုင်ပါစေရှင် . . . ။

.......................................
Htet Family's Creation
.......................................
www.htetfamily.com
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...