စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယဉ်ကေျးမှုအင်အား ကျဆင်းခြင်းကို ဘယ်လို ကာကွယ် တားဆီးကြမလဲ



သင်္ကြန်မှာ မိန်းကလေးတွေ ဝတ်စားဆင်ယင်ကြမှု နဲ့ပတ်သက်လို့တော့ ထိန်းသိမ်းမှုလေးတွေကို လုပ်စေချင်တဲ့ စိတ်ရှိပါတယ်။ဒါပေမယ့် သူတို့တွေ အဲ့လို ဝတ်ကြလို့ အလွန်အမင်းကြမ်းတမ်းတဲ့
စကားတွေနဲ့ (ဝတ်ထားသူထက်ပင် ပိုမိုကြမ်းတမ်းရိုင်းပြစွာ)
ဆဲရေးတာမျိုးကိုတော့ အတော်ပဲစိတ်ပျက်ပါတယ်။

တစ်ကယ်တော့ ဒါဟာ ယဉ်ကျေးမှုဆိုင်ရာ ပြဿနာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်မှာ ယဉ်ကျေးမှုတောင့်တင်းအောင်၊ အမျိုးချစ်တတ်အောင်၊ ဒီနိုင်ငံသားဖြစ်ရပြီး မြန်မာ ဝတ်စုံဝတ်ဆင်ရတာ ဂုဏ်ယူတတ်အောင် စံနစ်တကျ သေသေချာချာ စီမံပံ့ပိုးခဲ့တာမျိုးကို ကျောင်းသင်ရိုးတွေ၊
တီဗီ မီဒီယာတွေမှာ မလုပ်ခဲ့ကြတာတွေကို တွေ့ရမှာပါ။

နှစ်စဉ်ရာသီပွဲတော်ချိန်တွေမှာ ရိုးရာအလေ့အထတွေကို တီဗီမှာဖော်ပြပေမယ့် ရိုးရာကို ထိန်းသိမ်းခြင်းဟာ ဂုဏ်ယူစရာဆိုတဲ့ အနှစ်သာရကို လူငယ်တွေရင်ထဲ စွဲသွားအောင် မပေးနိုင်ခဲ့ဘူးလို့ မြင်ပါတယ်။

ယဉ်ကျေးမှုအရင်း (Cultural Capital) ကျလာတာဟာ ပြဿသနာ ရှိပါတယ်။ ပြဿ နာက သိမ်မွေ့တော့ ဒါကိုသေသေချာချာ ကိုင်ဖို့လိုပါတယ်။ Role Model တွေလိုပါဦးမယ်။ Patriotism ဆိုတဲ့ အမျိုးကို ချစ်မြတ်နိုးခြင်းမှာကိုက ကိုယ်မွေးဖွားရာဒေသကို ချစ်ခင်မြတ်နိုးခြင်း ဖြစ်ပါတယ်။ အဲ့လို ချစ်မြတ်နိုးဖို့ လူတစ်ယောက်နဲ့ ဒီဒေသကို ပေါင်းစပ်ချည်နှောင်ထားပေးတဲ့ " ကော်"ကတော့ ယဉ်ကျေးမှု နှောင်ကြိုးများပဲ ဖြစ်ပါတယ်။

-ယဉ်ကျေးမှုအင်အားတောင့်တင်းလေလေ မျိုးချစ်စိတ်အင်အားကောင်းလေလေ ဖြစ်ပါတယ်။ (အင်္ဂလိပ်ခေတ်က မျိုးချစ်စိတ်ကျဆင်းအောင် ကျွန်ဇာတ်သွင်းပြီး စိတ်ကို ရိုက်ချိုးပါတယ်။
သခင်တွေက ဒါကို သခင်မျိုးဟေ့ဒို့ဗမာ ဆိုပြီး ပြန်လည် တိုက်ပွဲဝင်ခဲ့တာပါ။)

-ဒါကြောင့် ယဉ်ကျေးမှုအင်အားဟာ အရေးကြီးပါတယ်။ ယဉ်ကျေးမှု ဆိုတဲ့ Culture ဆိုတာဟာ Civilization ခေါ် လူ့အဖွဲ့အစည်းကြီး၊ Traditions ခေါ် ရိုးရာ၊ Taboos ခေါ် ဓလေ့၊ Social Etiquette ခေါ်
သက်ဆိုင်ရာလူ့အဖွဲ့အစည်းကျင့်ထုံးစတာတွေနဲ့ ထပ်တူတော့မကျပါဘူး။


-ယဉ်ကျေးမှုအင်အားကျဆင်းလာချိန်နဲ့ Globalization လိုဖြစ်ရပ်တွေ့တဲ့အခါမှာ ဒီလို စကတ်အကွဲ၊ ယမကာယဉ်ကျေးမှု ဖြစ်ထွန်းလာတတ်တာဟာ သဘာဝပါပဲ။ မိန်းမငယ်တွေကို အရက်မသောက်နဲ့လို့
တုတ်နဲ့၇ိုက်ဆုံးမလို့ မသင့်ပါဘူး။ အရက်မသောက်ဘဲ နေတဲ့ မိန်းကလေးတွေကို တန်ဘိုးထားပြခြင်းအားဖြင့်သာ လူ့အဖွဲ့အစည်းကနေ ဆုံးမ ပဲ့ပြင်လို့ရပါတယ်။

-ဒီလို ဝတ်စားဆင်ယင်နေကြတဲ့ မိန်းမငယ်တွေဟာလဲ ကိုယ့်နှမတွေပဲမဟုတ်လား။ ကိုယ့်နှမတွေ ကို ဒီလို မဖြစ်စေချင်ရင် ရှုံ့ချခြင်းအားဖြင့်ဆုံးမခြင်းဟာ အဆိုးရလာဒ်ကိုသာ ဖြစ်စေပါလိမ့်မယ်။

-သိမ်မွေ့လှတဲ့ ဒီ ယဉ်ကျေးမှု အရင်းကျဆင်းခြင်းပြဿ နာကို ရေးသားဖူးတာ လေးငါးခါမက ရှိပါပြီ။ အခုလဲ သင်္ကြန်အချိန် ဖြစ်တဲ့အတွက်ထပ်မံ ရေးသားတင်ဆက်လိုက်ပါတယ်။

- ကိုမျိုးဆက်

{ ယဉ်ကျေးမှုတန်ဖိုး၊ ယဉ်ကျေးမှုအင်အားမြှင့်တင်ရာတွင်အလွန်အလေးနက်ထားရမည့် အချက်များအပေါ် စာရေးသူ၏အမြင်ရှုထောင့်မှ သုံးသပ်ချက်များအား Admin Team of YBAMမှ ထပ်ဆင့်ဖြန့်ဝေအပ်ပါသည်။ }
ှ့Shared by ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/273212476167679/photos/a.276172995871627.1073741841.2

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...