စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးထူးဆန်းဆန်း, ဗဟုသုတ(၉)

ပါးစပ်ထဲမှာ သားသမီးကို ထွေးပွေ့ပေးတဲ့ ငါးဖေဖေ
                 


ရောင်ပြန်ငါးလို့ အလွယ်ခေါ်တဲ့ Cardinalfish (ကာဒီနယ်) ငါးများဟာ Atlantic သမုဒ္ဒရာ၊ အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာ တို့မှာ ရှင်သန် ပေါက်ဖွား ပါတယ်။ သူ့ရဲ့ ထူခြားချက် တစ်ခုက ကာဒီနယ် ငါးမ များဟာ ငါးထီးများရဲ့ ပါးစပ်မှာ အဥ ဥခြင်း ဖြစ်ပါတယ်။
နောက်ထပ် ထူးခြားတာက ယင်း ငါးထီးများဟာလည်း ပါးစပ်ထဲမှာ ရှိနေတဲ့ ငါး သားပေါက် ငယ်များကို ပြုစုစောင့်ရှောက် ပါတယ်။ ပြန်မစား တတ် ပါဘူး။ သူတို့ ပါးစပ် ထဲမှာ ထည့်ပေးထားခြင်း ဖြင့် အခြားသော ပင်လယ် သားကောင် များရဲ့ ရန်လိုမှု၊ တိုက်ခိုက် စားသုံးမှုတွေကို ကာကွယ်နိုင် မှာ မို့လို့ ဖြစ်ပါတယ်။ ကာဒီနယ် ငါးက သိပ်မကြီး ပါဘူး။ သုံးလက်မ ခွဲ လောက်အထိပဲ ကြီးပါတယ်။ ငါးက အရောင်ပြန်နေပြီး အများအားဖြင့် ရေငံမှာပဲ ပေါက်ဖွား ရှင်သန်တဲ့ ငါးများ ဖြစ်ပါတယ်။
ငါးသားပေါက် များကို ပါးစပ်ထဲ ထည့်မွေး ထားပေးတတ်တဲ့ သူ့ရဲ့ အလေ့အထ ကြောင့် ကာဒီနယ် ငါးများဟာ လူသိများ နာမည်ကြီးခဲ့ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
 
 
 
ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ်မျိုးနွယ်

ပုံမှာ မြင်တွေ့နေရတဲ့ အကောင်က အရုပ် မဟုတ် ပါဘူး။ ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ် မျိုးနွယ်လို့ သတ်မှတ် ထားတဲ့ Giant pangolin မှ တစ်ကောင် ဖြစ်ပါတယ်။ ၄ ပေ ၆ လက်မ အရှည် ရှိပြီး ပေါင်ချိန် ၇၂ ပေါင် ရှိတာကြောင့် ကမ္ဘာ့အရွယ်အကြီးဆုံး သင်းခွေချပ် အဖြစ် စံချိန် တင်ထားခြင်း ဖြစ်ပါတယ်။
နေထိုင် ကျက်စားတဲ့ နိုင်ငံ ကတော့ အာဖရိက အနောက်ပိုင်း ဒေသ တစ်လျှောက် ကနေ ယူဂန်ဒါ နိုင်ငံ အထိ ဖြစ်ပါတယ်။ အင်းစက်၊ အကောင် သေး များကို စားသုံး နေထိုင်ပြီး သားကောင်ကြီးတို့ အမဲလိုက်မှု ကိုလည်း ပြန်လည် ခုခံ နိုင်ပါတယ်။ အကြောင်း ကတော့ သူ့ရဲ့ ကြီးမားတဲ့ ထူတဲ့ အခွံကြောင့် ဖြစ်ပါတယ်။ ဘယ် သားကောင်ကောင် လာဖမ်းဖမ်း ပြန် တိုက်ခိုက် နိုင်သလို၊ အခွံမာထဲ ဝင်လုံးလို့ ပြန်ခုခံ နိုင်စွမ်းလည်း ရှိပါတယ်။
အရေအတွက် ကတော့ နည်းနေ ပါပြီ။ ဒါကြောင့်မို့ Giant pangolin ကို ကမ္ဘာ့ ရှားပါး သင်းခွေချပ် မျိုးနွယ်ထဲမှာ ထည့်သွင်း ထားကြောင်း သိရ ပါတယ်။
.
Ref:wiki
အောင်ခမ်း (ရိုးရာလေး)
 
 
 
"ကမ္ဘာ့စံချိန်သစ်တင်ရန် ကြိုး ပမ်းသည့် Skydiver အဖွဲ့ဝင်တစ်ဦး သေဆုံး"

အမေရိကန်တွင် အဖွဲ့လိုက် skydive ကမ္ဘာ့စံချိန်တင်နိုင်ရန် ကြိုးပမ်းစဉ် အဆိုပါအဖွဲ့တွင် ပါဝင်သူ skydiver တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ skydiver အဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့စံချိန်သစ်တင်နိုင်ရန် ဧပြီ ၃ ရက်က အာရီဇိုးနားတွင် ကြိုးပမ်းခဲ့ကြစဉ် အဖွဲ့တွင် ပါဝင်သူတစ်ဦး၏ လေထီးမှာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါ skydiver မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့စံချိန်သစ်တင်ရန် ကြိုးပမ်းသည့် အဆိုပါအဖွဲ့တွင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ skydiver များ ပါဝင်သည်။ ၎င်းတို့သည် အမြင့်ပေ ၁၈,၀၀၀ မှ ခုန်ချခဲ့ကာ လေထီးမဖွင့်သေးဘဲ အဖွဲ့လိုက်တွဲလျက် လေဟုန်စီးပြခဲ့ခြင်းဖြစ်သည်။ ထို့နောက် တစ်ဦးချင်းခွဲထွက်ကာ လေထီးများဖွင့်၍ မြေပြင်သို့ ဆင်းသက်ရမည်ဖြစ်ရာ သေဆုံးသွားသည့် skydiver ၏ လေထီးမှာ ချို့ယွင်းချက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Today Myanmar
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...