စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မတူကွဲပြားတဲ့ ခံစားချက်မျက်နှာအမူအရာ ၂၁ မျိုး

လူတွေမှာ မတူကွဲပြားတဲ့ ခံစားချက်မျက်နှာအမူအရာ ၂၁ မျိုးရှိကြောင်း သိပ္ပံပညာရှင်တွေ တွေ့ ရှိ

လူအများစု ကာလရှည်ကြာခံယူထားတဲ့ မျက်နှာအမူအရာ ခြောက်မျိုးသာရှိတယ်ဆိုတဲ့ အယူအဆကို နောက်ဆုံးခြေဖျက်နိုင်ခဲ့ပါပြီ။ သိပ္ပံနည်းစနစ်ကျကျ လေ့လာမှုတွေပြုလုပ်ပြီးနောက်မှာ လူတွေမှာ မျက်နှာ အမူအရာပေါင်း ၂၁ မျိုး ရှိကြောင်း တွေ့ ရှိခဲ့ပါတယ်။

ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုကို အဓိကအခြေခံထားတဲ့ မျက်နှာအမူအရာအမျိုးအစားတွေကို သိပ်ရှင်းပြဖို့  မလိုပေမယ့် “Happily Disgusted” ဆိုတဲ့ ပျော်လည်းပျော်တယ်မုန်းလည်းမုန်းတဲ့ ချစ်မုန်းကြီး မျက်နှာအမူအရာကိုတော့ အသေးစိတ်ရှင်းပြချက်တွေ လိုအပ်နေပါသေးတယ်လို့ ဆိုပါတယ်။

“ ဒီ ၂၁ မျိုးသော စိတ်ခံစားမှုဖော်ကျူးတဲ့ မျက်နှာအမူအရာတွေ ပေါ်ဖို့ အတွက် သူတို့ ရဲ့ မျက်နှာကြွက်သား တွေကို ဘယ်လိုလှုပ်ရှားကြတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ကောင်းကောင်းကြီးသဘောပေါက်ခဲ့ပါပြီ။ ဒါဟာ တော်တော်အံ့သြဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ လူ့ အဖွဲ့ အစည်းအတွင်းမှာ ရှိတဲ့ လူတိုင်း ဒီ မျက်နှာ အမူအရာ ၂၁ မျိုးကို တစ်ပုံစံထဲ ဖော်ပြကြတာပါ” လို့  ဒီလေ့လာမှုကို ဦးဆောင်သူ ဒေါက်တာ အဲလက်စ် မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

အိုဟိုင်းယိုပြည်နယ်တက္ကသိုလ်ရဲ့ လေ့လာစူးစမ်းသူတွေက အပျော်တမ်းဝင်ရောက်ပါဝင်ကူညီသူ အယောက် ၂၃၀ ကို အခြေခံစိတ်ခံစားမှုတွေဖြစ်တဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ဒေါသထွက်မှု၊ ကြောက်လန့် မှု၊ အံ့အားသင့်မှု နဲ့ ရွံရှာမုန်းတီးမှု ဆိုတဲ့ ခံစားမှုခြောက်မျိုးကို မျက်နှာအမူအရာနဲ့ ဖော်ပြစေခဲ့တာ ဖြစ်ပါတယ်။

တခြားစိတ်အမူအရာရောထွေးမှုတွေဖြစ်တဲ့ ပျော်ရွှင်အံ့အားသင့်မှုနဲ့ ဝမ်းနည်းဒေါသထွက်မှု စတဲ့ အမူအရာတွေပါ ပြုလုပ်ခိုင်းခဲ့ပြီး ရလဒ်တွေ တိတိကျကျထွက်လာစေဖို့ အတွက် မျက်မှန်တွေ ၀တ်ဆင်ခွင့် မရှိသလို နှုတ်ခမ်းမွှေး၊မုတ်ဆိတ်ပေး၊ပါးသိုင်းမွှေး စတဲ မျက်နှာက အမွှေးတွေကိုပါ ရိတ်ခိုင်းပြီးမှ စမ်းသပ်ချက် ကိုပြုလုပ်ခဲ့တာပါ။ နဖူးနဲ့ မျက်ခုံး လှုပ်ရှားမှုတွေ မြင်သာအောင်လို့ ဦးထုပ်နဲ့ ခေါင်းစည်းတွေကိုလည်း ၀တ်ဆင် ခွင့်မပြုခဲ့ပါဘူး။

စမ်းသပ်ခံတဲ့လူတွေကို ဓာတ်ပုံမရိုက်ခင် မှန်ရှေ့ မှာ မျက်နှာအမူအရာလေ့ကျင့်ဖို့ အချိန်လုံလုံလောက်လောက် ပေးခဲ့ပါသေးတယ်။ အသေးစိတ်အချက်အလက်တွေ ပြီးပြည့်စုံတော့မှ လူ ၂၃၀ ရဲ့ မျက်နှာအမူအရာတွေကို ဓာတ်ပုံရိုက်ယူ လေ့လာဆန်းစစ်ခဲ့ရာမှာ လူတွေမှာ ခံစားမှုကိုဖော်ပြတဲ့ မျက်နှာအမူအရာ ၂၁ မျိုးရှိကြောင်း တွေ့ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတွေ့ ရှိချက်တွေကို အမျိုးသားသိပ္ပံပညာတိုးတက်ရေးအကယ်ဒမီရဲ့ ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

Trend Myanmar


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...