စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပိတောက်ဖူးတွေနဲ့ နှစ်သစ်ကူးသင်္ကြန်


                 

Wednesday, April 9, 2014

တခြားနိုင်ငံများမှာတော့ နှစ်သစ်ကူး ဘယ်နှမျိုးရှိသည် မသိ။ ကျွန်တော်တို့နိုင်ငံမှာဖြင့် မြန်မာနှစ်သစ်ကူး (ကောဇာ သက္ကရာဇ်အရ)၊ ခရစ်နှစ်သစ်ကူး (ဇန်နဝါရီ၁ရက်)၊ က ရင် နှစ်သစ်ကူး (ပြာသိုလဆန်း ၁ရက်)နှင့် တရုတ်နှစ်သစ်ကူး (ဖေဖော်ဝါရီလအတွင်းကျ ရောက်လေ့ရှိ) ဆိုပြီး နှစ် ကူးအခမ်းအနားတွေ ကများလှပါဘိ။နှစ်သစ်ကူးပြောင်းခြင်း နှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး၊ စိတ်ကူးအဖုံဖုံဖြင့် ပျော်ရွှင်ဆင်နွှဲ ကြသည် ကိုတော့ နိုင်ငံများစွာတွင် တွေ့ရပါ၏။မြန်မာတို့၏ နှစ်သစ်ကူး ပွဲမှာေ တာ့ နှစ်ဟောင်းကအညစ် အကြေးကို ရေဆေးသန့်စင်သည့် အလားရေကစားခြင်း၊ ရေပွဲတော်ဆင်နွှဲခြင်းဖြင့် ပျော် ရွှင်စွာနှစ် ကူးသြည်မှာ ကောဇာနှစ်အရဆိုလျှင် ၁၃၇၅နှ စ်မျှ ကြာမြင့်ခဲ့ပြီဟု ဆိုရမည်ဖြစ်ပါသည်။

သမိုင်းထဲက သင်္ကြန်ပွဲတစ်ခု

မြန်မာတို့၏ ဗိသုကာပညာရပ် အထွန်းကားဆုံးခေတ်တစ် ခေတ်၊ ဗုဒ္ဓသာသနာ အစည်ပင်ဆုံးခေတ်တစ်ခေတ်ဖြစ်ခဲ့သော ပုဂံခေတ်တွင် မင်းဆက် ၅၅ဆက် အုပ်ချုပ်ခဲ့ ပါ၏။ ထို ၅၅ဆက်ထဲ မှ ၅၂ ဆက်မြောက်မင်းဖြစ်သည့် နရသီဟပတေ့မင်း လက်ထက် (ခရစ်နှစ် ၁၂၅၆)တွင် သင်္ကြန်နှင့်ပတ်သက်၍ မှတ်တမ်းတစ်ခုကို တွေ့ရပါ၏။ ထို မင်းသည် သင်္ကြန်ကာလတွင် မိဖုရားစောလုံကို ရေကစားရာမှ အကျီစားသန်လွန်းသည်ကို မိဖုရားက အကောက်ဥာဏ်ထားပြီး ဘုရင်ကို လုပ်ကြံရန်ကြံစည်ခဲ့သည်ကို ဘု ရင်သိတော်မူပြီး နောက်အကောက်ကြံသူမိဖုရား စောလုံအသတ်ခံခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ခဲ့ရဖူးပါ၏။ ထိုအထောက် အထားကို ကြည့်၍ မြန် မာ တို့၏ ရေကစားခြင်းဓလေ့သည် လွန်ခဲ့သောနှစ်ပေါင်း ၇၅ဝ ကျော်ကပင် ရှိခဲ့သည်ဟု ဆိုနိုင်ပါ၏။

သင်္ကြန်ကာလသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ရှေးခေတ်က တန်ခူးလတွင် ကျင်းပခြင်းမျိုးမဟုတ်ဘဲ မင်းပြောင်းမင်းလွဲကာလ၊ ရှင်ဘုရင်များ ရာဇဘိ သိက်ခံပွဲ (နန်းသိမ်းပွဲ) ခံယူခါနီးတွင် သင်္ကြန်ပွဲတော်ဆင်နွှဲရန်အခါကာလ သတ်မှတ်ခြင်းကိုပညာရှိဗေဒင်အကျော်အမော်များက သတ်မှတ်ပေး ခဲ့ကြသည်ဟု ဆိုပါသည်။

သင်္ကြန်ပွဲတော်ကို အစောပိုင်းကာလများကဆိုလျှင် ကြယ်နက္ခတ်စုံသည့်လ၊ ကြတ္တိကာနက္ခတ်ထွန်းလင်းတောက်ပသော တန်ဆောင်မုန်းလတွင် သင်္ကြန် ပွဲတော် ဆင်နွှဲလေ့ရှိကြပြီး နောက်ပိုင်းတွင်မှ နှစ်တစ်နှစ်မှ တစ်နှစ်သို့ကူးပြောင်းသည့် မြန်မာနှစ်ဆန်းပိတောက်တွေ ဖူးပွင့်သည့် တန်ခူးလတွင် သင်္ကြန်ပွဲ ကျင်းပသည့် ဓလေ့ ထွန်းကား လာခြင်းဖြစ်သည်။

ကုန်းဘောင်ခေတ်သင်္ကြန်

မြန်မာ့သင်္ကြန်တွင် ပထမဆုံး ပါဝင်ဆင်နွှဲခဲ့သည့် သံတမန်တစ်ဦးဖြစ်သော မိုက်ကယ်ဆိုင်းက သူပါဝင်ဆင်နွှဲခွင့်ရခဲ့ သော ခရစ်နှစ် ၁၇၉၅ ခုနှစ်၊ ဧပြီလ ၁၂ရက်နေ့က သင်္ကြန်ပွဲကို ယခုလို မှတ်တမ်းတင်ထားကြောင်း တွေ့ရပါ၏။

” ဗြိတိသျှသံအဖွဲ့ဝင်များသည် မြို့ဝန်မင်း၏ ဖိတ်ကြားချက်အရ ညနေပိုင်းတွင် မြို့တော်ဝန် အိမ်တော်သို့ သွားရောက်ခဲ့ကြသည်။ ခန်းမဆောင် တွင် ကြွေအိုးကြီး သုံးလုံး ကို ရေအပြည့်ဖြည့်ထားပြီး ဖလားများ၊ ရေမှုတ်များကိုလည်း အရန်သင့်ပြင်ဆင်ထားသည်။

သံအဖွဲ့ဝင်များ ရောက်ရှိသွားကြ သည့်အခါတွင် နှင်းဆီရည် တစ်ပုလင်းစီကို လက်ဆောင်အဖြစ်ပေးအပ်သည်။ ထို့နောက် မြို့ဝန်မင်း၏ လက်ခုပ်အတွင်းသို့ နှင်းဆီရည် အနည်းငယ်စီကို လောင်း ထည့်ပေးကြရသည်။ မြို့ဝန်မင်း ဦးကျော်ရွေးမှာ ပန်းပွင့်ပုံ ဖော်ပိတ်အင်္ကျီကိုဝတ်ဆင်ထားသည်။ မကြာမီမှာပင် မြို့ဝန်မင်းက မိုက်ကယ်ဆိုင်းကို ရေနှင့်စတင် ပက်ဖျန်းသည်။ ထိုစဉ်မှာပင် ဝန်ကတော်သည် တံခါးပေါက် ဆီသို့ရောက်ရှိလာပြီး အတူပူးပေါင်းဆင်နွှဲတော့သည်။ အထိန်းတော်တစ်ဦး ပွေ့ချီလာသော ချစ်စဖွယ်ကောင်းလှသည့် မြို့ဝန်မင်း၏ သမီး ကလေးကလည်း သူ့ဖခင်ကို ဦးစွာရေနှင့်ဖျန်းပက်သည်။ ပြီးလျှင် အင်္ဂလိပ်သံအရာရှိများကို လိုက်လံ ဖျန်းပက်ခဲ့သည်။

ချက်ချင်းဆိုသလိုပင် မိန်းကလေး ၂ဝခန့်ရောက်ရှိလာပြီး မြို့ဝန်မင်းနှင့် မိုက်ကယ်ဆိုင်းတို့က သံအဖွဲ့ဝင်များကို ရေနှင့် ဝိုင်း၍ ဖျန်းပက်ကြရာ မကြာမီမှာပင် မြို့ဝန်မင်းမှာ အရှုံးပေးကာထွက်ပြေးသွားတော့သည်။ မိန်းမပျိုများက အားပါးတရ အော်ဟစ်နေကြပြီး ရေကစားကြရာ သံအဖွဲ့ဝင်များမှာလည်း အလူးအလဲ ခံကြရသည်။ သို့ သော် လည်းမကြာမီမှာပင် မစ္စတာဝုဒ်က ရေအိုးကြီးတစ်လုံးရ လိုက်ပြီး ရေကုန်သည်အထိ ပြန်လည်ခုခံဖျန်းပက်တော့သည်

နှစ်ဖက်စလုံးမှာ ရေတွေရွှဲနစ် ပြီး ခြေကုန် လက်ပန်း ကျမှပင် သင်္ကြန်ရေကစားပွဲမှာ ပြီးဆုံးသွားတော့သည် ” ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုခေတ်က သင်္ကြန်ပွဲ၏ထူးခြားချက်မှာ သင်္ကြန်မတက်မီသုံး ရက်(အကြို၊အကျ၊အကြတ်) တွင် ပျော်ပွဲရွှင်ပွဲ၊ ဧည့်ခံပွဲများပြုလုပ်လေ့ ရှိပြီး နှစ်ဟောင်း၏နောက်ဆုံးနေ့ (အတက်နေ့)တစ်ရက်တည်း သာ ရေဖျန်းပက်ကစားကြခြင်းဖြစ်သည်ကို တွေ့ရခြင်းဖြစ်သည်။

ကုန်းဘောင်ခေတ်သင်္ကြန်ပွဲ ကျင်းပပုံကိုကြည့်လျှင် ဂြိုဟ်ကြီး ကိုးလုံးသင်္ကေတအဖြစ်တဲ နန်းမဏ္ဍပ် ကိုးခုဆောက်လုပ်သည်။ ဘုရင်၏ မှူးမတ်ဗိုလ်ပါတို့က ထိုတဲ နန်း အတွင်း မှနေ၍ ဘုရင်ကြီးကြွလာလျှင် ဦးခိုက်ရှိခိုးပူဇော်ကြရသည်။ မဏ္ဍပ်များကိုတောင်နန်းတော် အရှေ့ဘက်တွင် ဆောက်လုပ်ကြပြီး သင်္ကြန်ချိန်ကျ သည်နှင့် တောင် စမုတ်မှနေ၍ စည်များတီးခြင်း၊ အမြောက်များပစ်ဖောက်ခြင်းဖြင့် မင်္ဂလာအချိန် ကျရောက်ကြောင်း အချက်ပေးကြသည်။ ယင်းနောက်နန်းတော်၊ လွှတ်ေ တာ်၊ ဗဟိုရ်စင်၊ ဝန်ရုံး၊ ရှေ့ရုံး နောက်ရုံးစသည်တို့တွင် သံဃာတော် များကပရိတ်တရား တော်များ ရွတ်ဖတ်ကြပြီးပရိတ် ရေ များ ကိုမြို့တော်၏လေးထောင့် ပတ် လည်၌ ပက်ဖျန်းကြ သည်။ စေတီ ပုထိုးများတွင် ရေများသွန်း လောင်းပြီး ကုသိုလ်ယူကြသည်။

အများပြည်သူတို့မှာလည်း သန့်ရှင်းသောရေများဖြင့် တစ်ဦးကိုတစ်ဦး ယဉ်ကျေးစွာဖျန်း ပက်ရေကစားကြသည်ဟု သမိုင်းမှတ်တမ်းများတွင် တွေ့ရ သည်။ လွတ် လပ်ရေး ရပြီးသည်ဘက် ခေတ် ၁၉၅၅ခုနှစ်၊ ဧပြီလတွင်ဆင်နွှဲခဲ့သော သင်္ကြန်၌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့် အတူ ပြည်ပခေါင်းဆောင်များပါဝင်ဆင်နွှဲခဲ့သော သင်္ကြန် ပုံရိပ်မှာ
လည်း အမှတ်တရပင်ဖြစ်ပါ၏။

သင်္ကြန်နှင့်ပတ်သက်၍ နှစ်သစ်ကူးဆောင်းပါးတစ်ပုဒ် ရေးသားရန်အချက်အလက်များ ရှာဖွေစုဆောင်းရာတွင် ထိုသို့ယဉ်ကျေးလှသည့် သင်္ကြန်အစဉ် ကို တွေ့ရသလို မန္တလေးသင်္ကြန် ၏နန်းဆန်ပုံများ၊ ငွေငန်းသင်္ကြန်ခေါ် မြို့မသင်္ကြန်၏ ဂန္ထဝင်တေးများကို တွေ့ရသလို အိုပါဂမ်းနားသင်္ကြန်၊ မလုံ့တလုံ သင်္ကြန်၊ အဖော်အချွတ်သင်္ကြန်၊ မီးသတ်ပိုက်သင်္ကြန်၊ အရက် သင်္ကြန်၊ ကာမစိတ်ကြွဆေးများ သုံး၍ဆင်နွှဲကြသော ရာဂသင်္ကြန်များကိုလည်း တွေ့ရ သည်မှာတော့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ ပျက်ယွင်းလာမည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ရပါတော့သည်။

မန္တလေးသင်္ကြန်၊ မန္တလေး ယဉ်ကျေးမှုများထွန်းကားပြီး နောက်ပိုင်း ၁၉၉ဝ ပြည့်လွန်ကာလများမှစ၍ မြန်မာ့ရိုးရာ သင်္ကြန်တေးများလည်း ရော့ခ် သင်္ကြန်၊ ဟစ်ဟော့ သင်္ကြန်များဖြင့် အစားထိုးပြောင်းလဲလာသည် ကို တွေ့ရသည်။ ဇော်ဝင်းထွဋ်၏ ဆေးဆိုးပန်းရိုက်သင်္ကြန်မှသည် ယခုခေတ်အထိ ဖြတ် သန်းလာခဲ့ရသောသင်္ကြန် အပျော် များကို ကြည့်ရသည်မှာ ယဉ်ကျေးမှုပျက်ယွင်းခြင်းမှသည် စိတ်ဓာတ်များ ပျက်ပြားလာသည်အထိပင် တွေ့ရှိနေရသည် ကတော့ မြန်မာတို့အဖို့ ရိုးရာယဉ်ကျေးမှု တစ်ရပ် ဆုံးရှုံးတော့ မည့် လက္ခဏာ တစ်ရပ်ဟုဆိုချင်ပါသည်။

တစ်ချိန်က မိမိတို့သားသမီးငယ်များ တစ်နှစ်တာပင် ပန်းနွမ်းနယ်သမျှ ရေ ကစားခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုဖို့ စိတ်စောနေခဲ့ကြသော မိဘတို့မှာ ယခုဆိုလျှင် သင်္ကြန်ပွဲနီး မှာကို စိတ်ပူနေကြရပြီဖြစ် သည်။ တစ်နှစ် ထက်တစ်နှစ်ပိုပူလာသော နွေရာသီ အပူဒဏ်အောက်တွင် သောက်စား မူးယစ်ကာ အပျော်လွန်ပြီး ယာဉ် တိုက်မှုတွေဖြစ် မ လား။ မိမိ တို့၏ သမီးငယ်များ သင်္ကြန်အပျော်လွန်ရာမှ ဘဝပျက်သွားလေမလား စိုးရိမ်နေကြရသည်ကိုလည်း တွေ့ရှိနေကြရပြီ ဖြစ်ပါသည်။

သို့ဆိုလျှင် မြန်မာ့ရိုးရာအစဉ်အလာတစ်ခုအဖြစ် ဆင်နွှဲကြတော့ မည့်နှစ်သစ်ကူးသင်္ကြန်အရုပ်မဆိုး အကျည်းမတန်စေ ရန်မှာအားလုံးတွင် တာဝန်ရှိနေကြပြီဟု သာဆိုရ မည် ဖြစ်ပါသည်။

သိန်းအေး
Popular Journal
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...