စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လျှပ်စစ်ဓါတ်ကြိုးပြုတ်ကျ ထိမိကာ ဓါတ်လိုက်ခံ ရသဖြင့် အမျိုးသမီး (၃)ဦးသေဆုံး

11 July 2014 18:27(+0630)

ရန်ကုန်၊ ဇူလိုင် ၁၁

၁၁.၇.၂၀၁၄ရက်နေ့ ၀၉၅၀အချိန် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်ဈေးရှိ သရဖီလမ်းတွင် အမျိုးသမီး (၃)ဦး ဓါတ်လိုက် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူများမှာ လှိုင်သာယာမြို့နယ်နေသူများ ဖြစ်သည့် ဒေါ်တင်တင်ဝင်း (၄၁)နှစ်၊ ဒေါ်ချိုမာကြီး (၃၇)နှစ်နှင့် ဒေါ်ရင်ငွေ (၄၉)နှစ် တို့ဖြစ်ပြီး ၎င်းတို့သည် (၁၅)ရပ်ကွက်၊ သရဖီလမ်းရှိ ဈေးထဲတွင်ဈေးဝယ်နေစဉ် ၀န်ထမ်းကြီးများရပ်ကွက် တောင်ငူဖီလာ ဓါတ်အားခွဲရုံမှ သွယ်တန်းထားသော (၄၀၀)ဗို့လျှပ်စစ်ဓါတ်ကြိုး ပြုတ်ကျရာမှ ၎င်းတို့အားထိမိပြီး ဓါတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့သေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၅၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice

လှိုင် သာယာ မြို့နယ် အမှတ်၁၅ ရပ် ကွက် ၁၅ ဈေးလေး သရဖီ လမ်းပေါ် တွင် ဓာတ်ကြိုးပျက်ကျသဖြင့်အမျိုးသမီး ၃ ဦး သေဆုံးသွားသည်။ ဓါတ်ပုံ - Ko Marga 




  http://www.thithtoolwin.com/2014/07/blog-post_5665.html?utm_source=feedburner&




အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရားကို သတိရကာ သံဝေဂ စိတ်တစ်ချက်လောက်ဖြစ်ပါစေ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...