စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားလပ်ရက်မှာ လည်စရာဦးသန့်ပြတိုက်

လေ့လာစရာ တစ်ပုံတစ်ပင်ရှိတဲ့ ဦးသန့်ပြတိုက်

ဓာတ်ပုံ− အောင်သစ်လွင်
 
 မြစ်ဝကျွန်းပေါ်က ပန်းတနော်မြို့လေးမှာ မွေးဖွားခဲ့ပြီး မြန်မာဆိုတာကို ကမ္ဘာကသိစေခဲ့တဲ့အထိ သမိုင်းမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ နေအိမ်ပြတိုက်ကို သွားရောက်လေ့လာနိုင်ဖို့ ဒီတစ်ပတ်ညွှန်ပြချင်ပါ တယ်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (ဝင်ဒါမီယာ)၊ ပန်းဝါလမ်းမှာရှိတဲ့ ဦးသန့်နေအိမ် ကိုသွားပြီး လေ့လာမယ်ဆိုရင် တော့ နိုင်ငံရေးစနစ်တစ်ခုကြောင့် တိမ်မြုပ်နေတဲ့ခေတ်တစ်ခေတ်၊ ဒါမှမဟုတ် သမိုင်းကြောင်းတစ်ခု ကိုပါ နှောင်းလူတွေသိခွင့်ရနိုင်မှာ ပါ။

ပန်းဝါလမ်း၊ ခြံအမှတ်(၃၁)မှာရှိပြီး ၁၉ ရာစုလက်ရာအရိပ် အငွေ့တွေ လွှမ်းမိုးနေတဲ့ အဲဒီ အဆောက်အအုံမှာ ဦးသန့်က ပြန်ကြားရေးဌာန ဒုတိယအတွင်း ဝန်အဖြစ်နဲ့ ၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ခုနစ်နှစ်ကြာ နေထိုင်ခဲ့တာပါ။
၂၀၁၃ ခုနှစ် ရှေ့ပိုင်းကာလတွေမှာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ထိန်းသိမ်း စောင့်ရှောက်ခဲ့ပေမယ့် ဦးနေဝင်း ခေါင်းဆောင်တဲ့ အစိုးရနဲ့ ဆက် နွှယ်ခဲ့တဲ့  အခြေအနေ  တချို့ ကြောင့် ပြင်ပက လေ့လာလိုသူ တွေ (ဒါမှမဟုတ်) နောင်လာ နောက်သားတွေအတွက် အဲဒီအိမ်ဟာ သာမန်အိမ်တစ်အိမ်ထက် ထူးခြားပြီး မမြင်ခဲ့ရပါဘူး။

ဦးသန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရာထူး ကနေ အငြိမ်းစားယူပြီး ၁၉၇၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ နယူး ယောက်မြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ရတာပါ။ မကွယ်လွန် ခင်က မြန်မာနိုင်ငံမှာပဲ ခေါင်းချ ချင်တဲ့အကြောင်း မိသားစုကို အသိပေးခဲ့ပြီး ကွယ်လွန်ပြီးတဲ့ နောက် ရုပ်ကလာပ်ကို မြန်မာနိုင်ငံကို ပြန်သယ်ကာ ဈာပနပွဲကျင်းပဖို့ အရေးရဲ့နောက်ကွယ်မှာလည်း စိတ်ဝင်စားစရာ သမိုင်းကြောင်း တွေရှိနေပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထူး လေယာဉ်နဲ့ မြန်မာနိုင်ငံကို သယ်ဆောင်လာခဲ့တဲ့ ဦးသန့်ရဲ့ ရုပ် ကလာပ်ကို အကြောင်းပြုပြီး သမ္မတဦးနေဝင်းအစိုးရရဲ့ လွဲမှားတဲ့အတ္တတချို့ကြောင့် အစိုးရက တစ်ဖက်၊ ရဟန်းရှင်လူပြည်သူတွေနဲ့ ကျောင်းသားတွေကတစ်ဖက် ထိပ်တိုက်တွေ့ပြီး ၁၉၇၄ ခုနှစ် ဒီဇင်ဘာမှာ ဦးသန့် အရေးအခင်း ဖြစ်ခဲ့ပါတယ်။

အဲဒီထက် စိတ်ဝင်စားစရာ ကောင်းတဲ့ သမိုင်းကြောင်းတွေ လည်း ဦးသန့်ပြတိုက်ထဲမှာရှိနေ သေးပြီး ပြတိုက်မှာရှိနေတဲ့ ဝန် ထမ်းတချို့က အချက်အလက် အထောက်အထားတွေ၊ စာအုပ် အကိုးအကားတွေ၊ ဓာတ်ပုံမှတ် တမ်းတွေနဲ့ ချက်ကျလက်ကျရှင်း ပြပါလိမ့်မယ်။ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က နယ်ပယ် အသီးသီးက ပညာရှင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဦးသန့်တွေ့ဆုံခဲ့တဲ့ ရှားပါးဓာတ်ပုံတွေကို လေ့လာနိုင်မှာပါ။ ဒါ့အပြင် လကမ္ဘာကို ပထမဆုံး ရောက်ခဲ့တဲ့ အပိုလို အာကာသယာဉ်မှူးက လပေါ်ကနေ ကမ္ဘာကြီးကို ဓာတ် ပုံရိုက်ပြီး ဦးသန့်အတွက် လက် မှတ်ထိုးပြီး အမှတ်တရပေးထား တဲ့ရှားပါးဓာတ်ပုံလေးပုံကိုလည်း နီးနီးကပ်ကပ်လေ့လာခွင့်ရမှာပါ။
ကုလသမဂ္ဂ အစည်းအဝေး တွေမှာ တစ်ခုတည်းသောကမ္ဘာ ဖြစ်ဖို့ မျှော်လင့်ကြောင်းဆန္ဒပြုခဲ့တဲ့ ဦးသန့်ရဲ့ မှတ်သားဖွယ်ရာ မိန့် ခွန်းတွေ၊ အဆိုအမိန့်တွေကို လည်း ပြတိုက်မှာရှိတဲ့ စာအုပ်စင် ကနေ လွတ်လွတ်လပ်လပ် မွှေ နှောက်ဖတ်ရှုနိုင်ပါတယ်။

ဦးသန့်က ‘‘ကျွန်ုပ်တို့၏ အနာဂတ်ကာလသည် သည်းခံမှု၊ စာနာနားလည်မှုနှင့် အပြန်အလှန် ကူညီမှုတို့သည် အနည်းဆုံးအား ဖြင့် လူသားမိသားစုတို့၏ တစ်အူ ထုံ့ဆင်းညီရင်းအစ်ကို မောင်ရင်း နှမဘဝ နိယာမသရုပ်ကို ဖော် ဆောင်နိုင်စေရန် ရည်မှန်းပါ သည်’’လို့ မိန့်ခွန်းတစ်ခုမှာ ပြော ကြားခဲ့ဖူးပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူမျိုးရေး ပြဿနာတွေကို ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်ရဲ့ ဆန္ဒနဲ့ချိန်ထိုး ခံစားနိုင်ရင် လေ့လာသူတွေ ရဲ့ ရင်ထဲမှာ လူ့အဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တစ်ခုတော့ခံစားနိုင်မှာပါ။

တစ်ချိန်က ဦးသန့်ထိုင်ခဲ့ဖူးတဲ့ ရုံးခန်းထဲမှာ ဦးသန့်သုံးခဲ့တဲ့ မျက်မှန်နဲ့ သူဖတ်ခဲ့တဲ့ စာအုပ်တွေကိုလည်း မှတ်မှတ်ရရ တွေ့နိုင်မှာပါ။ ဒါ့အပြင် ၁၉ ရာစုက ရှေးဟောင်း အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း လေ့လာနိုင်ပြီး ပြတိုက်အဆောက်အအုံ ကလည်း တစ်ဧကခွဲ အကျယ်ရှိတဲ့ခြံထဲမှာ မြက်ခင်းစိမ်းစိမ်းလေးတွေ ဝန်းရံထားတာမို့လို့ မိသားစုလိုက်လာမယ်ဆိုရင်တောင် အေးအေးလူလူ အနားယူရင်း လေ့လာနိုင်ပါလိမ့်မယ်။

ဦးသန့်ရဲ့ နေအိမ်ပြတိုက် ထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ရာထူးကို မယူခင် အမြင့်ဆုံးအဆင့်တွေကို တစ်လှမ်းချင်းလှမ်းနေတဲ့ သူ့ရဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံနဲ့ အသုံးအဆောင် ပစ္စည်းတွေကို လေ့လာ နိုင်သလို ခြံထဲမှာလည်း ဘာသာ စကားရှစ်မျိုးနဲ့ ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး ကျောက်တိုင်တစ်ခုကို စိတ်ဝင်စားဖွယ်ရာ တွေ့ရမှာပါ။

ငြိမ်းချမ်းရေးရဲ့ ပြယုဂ်တစ် ခုအဖြစ် ဦးသန့်ကို ကမ္ဘာက အသိအမှတ် ပြုနေချိန်မှာ ခေတ် အဆက်ဆက် အာဏာရှင်အစိုးရ က သမိုင်းအမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာကြောင့် ဦးသန့်ရဲ့ အတ္ထုပ္ပတ္တိဟာ သန်း ၆၀ နဲ့  အနည်းငယ်အလှမ်းကွာခဲ့ပါတယ်။ စစ်အစိုးရလက်ထက်က ဦးသန့်ရဲ့ မွေးရပ်မြေ ပန်းတနော်မြို့မှာရှိတဲ့ သူစာသင်ခဲ့တဲ့ကျောင်းမှာ အထိမ်းအမှတ်ပုံတောင် မချိတ်ရဲ ခဲ့တဲ့ အခြေအနေကနေ ပြတိုက် အဖြစ် အသက်ဝင်လာပြီဖြစ်တဲ့ ဦးသန့်နေအိမ်ထဲမှာ လူငယ်၊ လူ ရွယ်နဲ့ လူကြီးတွေအတွက် တိမ် မြုပ်နေတဲ့ သမိုင်းမှတ်တမ်းတွေ၊ လေ့လာစရာတွေက အသင့်စောင့်ကြိုနေပါတယ်။

သွားရောက်လေ့လာလိုသူ များအတွက် နေ့စဉ်နေ့တိုင်း ဖွင့် လှစ်ပေးထားပြီး ဝင်ကြေးကိုတော့ အခုချိန်မှာ သတ်မှတ်ထားတာ မရှိသေးပါဘူး။         ။

 http://www.7daydaily.com/story/14905#.U7lXfLHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...