စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှားလေကြောင်းလိုင်းမှ လေကြောင်းဆိုင်ရာ ကြော်ငြာချက် ထုတ်ပြန်


မလေးရှား လေကြောင်းလိုင်းမှ ဆက်လက် ခရီးထွက်ခွာစီးနင်းမည့်သူများသည် ယခုဖြစ်ပေါ်ခဲ့သော MH17 အဖြစ်အပျက်ကြောင့် လေယာဉ်စီးနင်းရန် စိုးရိမ်သူများ ၇ှိမည်ဆိုပါက အဆိုပါခရီးသည်များအတွက် ရက်ချိန်းလျှင်ဖြစ်စေ ၊ နေရာပြောင်းလဲပျံသန်းမည်ဆိုပါက ဖြစ်စေ ချိန်းခ ပြောင်းခ မယူပဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီက ကြော်ငြာချက်ထုတ်ပြန်ခဲ့သည် ။
ထပ်မံပြီး ခရီးမထွက်ချင်တော့ ခြင်း ၊ ရွေ့ဆိုင်းခြင်းများ ၊ MAS အားမစီးနင်းတော့ခြင်းများ ရှိပါကလည်း ငွေပြန်မအမ်းသည့် လက်မှတ်ဖြစ်စေကာမူ ငွေပြန်အမ်းပေးမည်ဖြစ်ကြောင်း ယနေ့ကြော်ငြာသွားခဲ့သည် ။

အလားတူ MAS ၏ ပင်တိုင်စီးနင်းသူ ENRICH ကဒ် ကိုင်ဆောင်ထားသော ခရီးသည်များအနေဖြင့် ENRICH ကဒ်မှ ရရှိသော REDEMPTION လက်မှတ်ဖြစ်စေကာမူ အခကြေးငွေပေးစရာမလိုပဲ ယခုကြော်ငြာချက်တွင် အကြုံးဝင်မည်ဖြစ်ကြောင်း ကြော်ငြာသွားသည် ။
ကွယ်လွန်သွားသောခရီးသည် ၂၉၈ ဦး အား လေးစားသောအားဖြင့် ယခုလို ဆောင်ရွက်ရကြောင်းကိုလည်းထည့်သွင်းကြော်ငြာခဲ့သည် ။
၁၈.၇.၂၀၁၄ မှ ၃၁.၁၂.၂၀၁၄ ကြားဝယ်ယူထားသော မည်သည့်နေရာမဆိုသွားမည့် လက်မှတ်မဆို ခရီးစဉ်ပြောင်းလဲလိုက ပြောင်းလဲနိုင်ကြောင်း နှင့် အစောဆုံး ၂၄.၇.၂၀၁၄ သို့ ပြောင်းလဲနိုင်ကြောင်းသိရသည် ။
 
ပြောင်းလဲလိုသူများသည် နီးစပ်ရာ မလေးရှားလေကြောင်းရုံးများသို့ဖြစ်စေ ၊ မလေးရှားနိုင်ငံတွင်းဆိုပါက ဖုန်း 1300 88 3000 သို့ခေါ်ဆို၍ဖြစ်စေ ဆောင်ရွက်နိုင်မည်ဖြစ်သည် ။
မလေးရှားလေကြောင်းလိုင်းမှ ဆုံးရှုံးသွားသော MH17 အတွက် အထူးကြေကွဲဝမ်းနည်းကြောင်း နှင့် ဆက်လက်အားပေးမည့် မလေးရှား လေကြောင်းလိုင်း၏ ခရီးသည်များကို မူ အထူးကျေးဇူးတင်ရှိ ပါကြောင်းကိုလည်းကြော်ငြာချက်တွင်ရေးသားထားခဲ့သည် ။
ယခု လက်ရှိ ပစ်ချခံခဲ့ရသော MH17 သည် ကူကရိန်းအရှေ့ပိုင်း ရှိ ရှရှားခွဲထွက်ရေးသမားများ လက်ချက်ဖြစ်သည်ဟု မီဒီယာများက ရေးသားနေကြပြီး အမှန်ကန်ဆုံး နှင့် တာဝန်ရှိသူများ အပြည့်တာဝန်ယူရန် နိုင်ငံတကာ ခေါင်းဆောင်များက အဆိုပါ ခွဲထွက်ရေးသမားများကို ဖိအားပေးထားသည် ။

ဆက်လက်ထူးခြားမှုများရှိပါက တင်ဆက်ပေးမည် ။
ရွှေလူငယ် ခရီးသွားဝန်ဆောင်မှုကုမ္မဏီ(မလေးရှား)
www.facebook.com/shwelungal

https://www.facebook.com/photo.php?fbid=328213677337438&set=pcb.3282

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...