စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်သော အင်တာဗျူးတစ်ခု ဖြစ်ဖို့အတွက် အကောင်းဆုံး သော့ချက်များ




အင်တာဗျူးတစ်ခု သွားရတော့မယ် ဆိုရင် မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်လေးများကို ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားပေး လိုက်ရ ပါတယ်။ ဒီအချက် ကလေးများဟာ သင့်အတွက် အင်တာဗျူးနေစဉ်မှာ များစွာပင် အထောက် အပံဖြစ်စေတာကြောင့်
လိုက်နာကျင့်ကြံ့ဖို့ မမေ့နဲ့နော်။

တစ်အချက် - ပြုံးပါ

မိမိမှာ ဘယ်လိုအခက်အခဲတွေ ရှိနေပါစေ အင်တာဗျူးနေစဉ်မှာ ချိုသာသော အပြုံးများဖြင့် ပြောဆိုဆက်ဆံခြင်းဟာ တကယ် ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုဖြစ် ပါတယ်။

နှစ်အချက် - ကိုယ့်အကြောင်းတွေကို အမှန်အတိုင်းပြောပြပါ

ရိုးသာမူဟာ တစ်ခါတစ်ရံ ရှုံးနိမ်းတတ်ပေမယ့် တစ်ဘဝလုံးစာ အတွက်တော့ ကောင်းမွန်စေ ပါတယ်။ သင်နဲ့ ပက်သက်တဲ့ အကြောင်းတွေကို တစ်ဖက် လူကြီးမှ မေးမြန်းတဲ့ အခါ ရိုးသားစွာဖြင့် အမှန်အတိုင်း ဖွင့်ဟ ပြောဆို လိုက်ပါ။

သုံးအချက် - မိမိတ်တတ်သည့် အတတ်ပညာ အကြောင်းပြောပြပါ

မိမိတတ်သည့် အတတ်ပညာ သို့နည်းမဟုတ် အတန်းပညာ အကြောင်းများကို အမှန်အတိုင်း ပြောပြပေးပါ။ သို့မှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်သည့် အခါ အဆင်ပြေ လျောမွေ့မည် ဖြစ်ပါတယ်။

လေးအချက် - ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါ

ကိုယ်လုပ်နိုင်တဲ့ အပိုင်း တာဝန်ယူနိုင်တဲ့ လုပ်ငန်း စတဲ့ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ခြင်းဟာ လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါ ဒါမှမဟုတ် အလုပ်ခန့်သည့် အခါတွင် နှစ်ဦးနှစ်ဖက်လုံး ကောင်းမွန်စေမှာ မလွဲပါ။

ငါးအချက် - နားမလည်ရင် ရှင်းအောင်မေးပါ

အင်တာဗျူး လုပ်တဲ့ အခါမှာ မိမိလိုချင်တဲ့ အလုပ် သူတို့ပေးမယ့် လစာ စတာတွေကို
တစ်ဖက်လူကြီး ရှင်းပြလို့ နားမလည်ဘူးဆိုရင် ရှင်းရှင်းလင်းလင်း ဖြစ်အောင် မေးပါ။
အဲဒီအချက် ကတော့ သင့်အတွက် ရေရှည်မှာ ကောင်းမွန်စေပါ လိမ့်မယ်။
 
ခြောက်အချက် - ဟန်ဆောင်မူကင်းစွာ နုတ်ဆက်ပါ

အင်တာဗျူး အစီအစဉ် ပြီးဆုံးသွားသည့် အခါ တစ်ဖက်လူကြီးကို ဟန်ဆောင်မူ ကင်းစွာ ပြုံးပြနုတ်ဆက်ပြီးမှသာ သင် အလိုရှိတဲ့ နေရာကို သွားပါ။ ဒီအချက် ကတော့ ဆက်ဆံရေးကောင်းမွန်ကြောင်း သက်သေတစ်ခု ဆိုရင်လည်းမှားမယ် မထင်ပါဘူး။

Ref - enhancegeneralknowledge
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...