စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒုတိယမိ မလေးရှားလေကြောင်း MH17 ပျက်ကျမှု တားမြစ်နယ်မြေတွင်ပျံသန်းခြင်းဟုဆို



 

 
ယူကရိန်း စံတော်ချိန် ၁၄ : ၁၅ ခန့်မှာ ဥရောပ ရဲ့ အကြီးဆုံး Transit လေဆိပ်ဖြစ်တဲ့ Amsterdam မှ ကွာလာလမ်ပူ သို့ ပျံသန်းလာသော မလေးရှား အဲလိုင်း MH 17 သည် ယူကရိန်း - ရှရှား နယ်စပ် အနီး ကီလို မီတာ ၅၀ အကွာ ယူကရိန်း နယ်မြေထဲသို့ ပျက်ကျခဲ့ကြောင်း နိုင်ငံတကာသတင်းများမှ ကြော်ငြာသွားခဲ့သည် ။

ပျက်ကျသည့် ကာလ ကနဦးတွင် မည်သည့်အတွက်ကြောင့် ပျက်ကျသည်ကို အမြန်စုံစမ်းရန် မလေးရှား ဝန်ကြီးချုပ် NAJIB မှ TWEETER တွင် ရေးသားထားခဲ့ပြီး အထူး စုံစမ်းမှုများပြုလုပ်ရန် ညွှန်ကြားထားခဲ့သည် ။

ယခု အချိန်တွင်တော့ ယူကရိန်း ကာကွယ်ရေး အစိုးရ ဘက်မှပြောကြားချက်အရ ရှရှားလုပ် BUK လေယာဉ်ပစ် အမြှောက်ဖြင့် ပစ်ချခံခဲ့ရကြောင်း မလေးရှား လေကြောင်းလိုင်းမှ တရားဝင် ထုတ်ပြန်ခဲ့သည် ။

ပျက်ကျခဲ့သည့် ယခု MH17 သည်လည်း BOEING 777 အမျိုးအစားပင်ဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါစီနင်းသွားသည့် ခရီးသည်များ စာရင်းမှာ

နယ်သာလန် နိုင်ငံသား 154 ဦး
မလေးရှား နိုင်ငံသား 43 (လေယာဉ်ဝန်ထမ်း 15 ဦး နှင့် ခလေးငယ် 2 ဦး)
သြစတေးလျှ နိုင်ငံသား 27 ဦး
အင်ဒိုနီးရှားနိုင်ငံသား 12 ဦး (ခလေးငယ် 1ဦး)
ဗြိတိန်နိုင်ငံသား 9 ဦး
ဂျာမနီနိုင်ငံသား 4 ဦး
ဘယ်လဂျီယံနိုင်ငံသား 4 ဦး
ဖိလစ်ပိုင်နိုင်ငံသား 3 ဦး
ကနေဒါ နိုင်ငံသား 1 ဦး နှင့်
အတည်မပြုရသေးသော သူ 41 ဦးတို့

ဖြစ်ကြောင်း သိရသည် ။ ကနဦး ကြော်ငြာချက်အရ ၂၉၅ ဦးမကပဲ ၂၉၈ ဦးဖြစ်ကြောင်း မလေရှားလေကြောင်းမှ သေဆုံးသူစာရင်းအားထုတ်ပြန်သည် ။

အမေရိကန် နှင့် ဗြိတိန် နိုင်ငံတို့မှ လေကြောင်းလုံခြံရေး အေဂျင်စီများကမူ လွန်ခဲ့သော ဧပရယ် ၂၃ မှ လာမည့် ၂၀၁၅ ဧပရယ် ၂၃ ကြားတစ်နှစ်လုံးအတွင် ယူကရိန်း လေပိုင်နက်သည် လုံခြုံမှုမရှိသော လေပိုင်နက်ဖြစ်ကြောင်း နှင့် ပျံသန်းမှုမပြုရန် တရားဝင် တားမြစ်ထားသော ဧရိယာ ဖြစ်ကြောင်း နှင့် လေယာဉ်လိုင်းများ ၊ လေယာဉ်မောင်းများကို သတိပေးထားပြီးဖြစ်ကြောင်း ယနေ့ STATEMENT တွင် ထပ်မံဖော်ပြထားသည်ကိုတွေ့ရသည် ။

အဆိုပါ ကြော်ငြာချက်အရ Ukraine, Kiev, Lvov, Dnepropetrovsk and Odessa လေပိုင်နက်အတွင်းသို့ ပျံသန်းခြင်းမပြုကြရန် နှင့် ပျံသန်းပါက အထူး အန္တရယ်များမည့်အကြောင်းကိုလည်း တရားဝင် ထုတ်ပြန်ထားကြောင်း နိုင်ငံတကာ လေကြောင်း လုံခြုံရေး အဖွဲ့မှ ယနေ့ ထုတ်ပြန်သည်ကိုတွေ့ရသည် ။

အဆိုပါ ကြော်ငြာချက်များအရ မလေးရှားလေကြောင်း MH17 သည်အဆို လေပိုင်နက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ယခု mH17 ပျက်ကျအပြီး လေပိုင်နက်အား လုံးဝ မပျံသန်းရ ဇုန်အဖြစ် သတ်မှတ်လိုက်ကြောင်းသိရသည် ။

မည်သည့်အတွက်ကြောင့် ပင်ပျက်ကျသည်ဖြစ်စေ ယခု ပျက်ကျမှုအပြီး မလေးရှားလေကြောင်းလိုင်းအနေဖြင့် ရာစုနှစ်တစ်ခုအတွက် အဆိုးဝါးဆုံး လေယာဉ်ပျက်ကျမှု ၂ ခုကို တစ်နှစ်အတွင်း ရင်ဆိုင်ရခြင်းဖြစ်ပြီး
MH370 နှင့် MH17 2 စီးပေါင်း လူ ၅၀၀ ကျော်သေဆုံးကာ အမျိုးအစားတူ လေယာဉ် ၂ စီး ဖြစ်သည့် BOEING 777 ၂ စင်းဆုံးလည်း ဆုံးရှုံးပြီဖြစ်သည် ။

ဆက်လက် ဆက်စပ်သတင်းများကို တင်ဆက်ပေးပါမည် ။
မလေးရှားရောက်မြန်မာများ
www.facebook.com/mmrinmy
ရွှေလူငယ် ခရီးသွားဝန်ဆောင်မှုကုမ္မဏီ
www.facebook.com/shwelungal

 https://www.facebook.com/photo.php?fbid=327901404035332&set=pcb.327901660701973&type=1&theater

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...