စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ

https://scontent-b-kul.xx.fbcdn.net/hphotos-xpf1/v/t1.0-9/10552630_754815287894744_8897930116174270083_n.jpg?oh=563f8e95fd2edf3820a6b31fce7c9692&oe=5467E453
ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြောင်းလဲကျင့်သုံးရန် ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည့် ပညာရေးဆိုင်ရာဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
လာမည့်ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရာတွင် အခြေခံပညာကျောင်းများမှ စဉ်ဆက်မပြတ်အကဲခတ်ကာ ဘက်စုံပညာအရည်အချင်းမှတ်တမ်းချုပ် (CPR, Compreh- ensive Personal Record)လုပ်ငန်းဆောင်ရွက်ခဲ့မှုများကိုပါ ကြည့်ရှု၍ ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရှိရသည်။ ကျောင်းသူ၊ကျောင်း သားတစ်ဦး၏ တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင်ရရှိခဲ့သော စုစုပေါင်းရမှတ်ကိုသာမက ကျောင်းတွင်း CPR မှတ်တမ်းသတ်မှတ် ချက်အဆင့်ကိုပါ ထည့်သွင်းစဉ်းစားမည့်စိစစ်ရွေးချယ်မှုဖြစ်သည်ဟုယူဆရပါသည်။

ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်သည် ယခုနှစ်အခြေခံပညာအထက် တန်းကျောင်းများတွင်တက္ကသိုလ် ဝင်တန်း (ခေါ်) ဒသမတန်းတွင် တက်ရောက်ပညာသင်ယူနေကြ သည့် ကျောင်းသူ၊ ကျောင်းသား များ ပထမဆုံးရင်ဆိုင်ကြုံတွေ့ရ မည့် တက္ကသိုလ်ဝင်ခွင့်ပုံစံသစ် ဖြစ်ပါသည်။ ယခင်ကကျင့်သုံးခဲ့ သော တက္ကသိုလ်ဝင်ခွင့်ပုံစံနှင့် ယခုပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်တို့၏ ခြားနားချက်မှာ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့ဝါသနာဆန္ဒနှင့်နီးစပ်သည့် တက္ကသိုလ်နှင့်ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်ခွင့်ရရှိလာခြင်းဖြစ်သည်ဟုဆိုနိုင်ပါသည်။

ယခင်စနစ်ဟောင်းတွင် စုစု ပေါင်းရမှတ်အနည်းအများအ လိုက် တန်းစီထားသဖြင့် အမှတ် အများဆုံးရသူများသာ ဆေးတက္က သိုလ်၊ နည်းပညာတက္ကသိုလ်များ သို့ဝင်ခွင့်ရရှိခဲ့ပါသည်။ ယခုကဲ့ သို့စနစ်သစ်ဖြင့်တက္ကသိုလ်ဝင်ခွင့် ပုံစံကိုပြောင်းလဲသတ်မှတ်လိုက် ခြင်းဖြင့် စုစုပေါင်းရမှတ်အဓိက မကျတော့ဘဲ ကျောင်းသူ၊ ကျောင်းသားတစ်ဦး၏ CPR မှတ်တမ်း အခြေအနေ၊ သူ၏ဆန္ဒနှင့်ဝါ သနာတို့ကို ဦးစားပေးရွေးချယ် လာနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျောင်းသူ၊ ကျောင်းသားများအ နေဖြင့် မိမိဝါသနာနှင့်နှီးနွှယ် သော အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တက်ရောက် နိုင်ရန် အခွင့်အရေးပိုမိုရရှိလာ သည်ဟုဆိုနိုင်ပါသည်။

သို့ရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ တက်ရောက်လိုသည့်အသက်မွေး ၀မ်းကျောင်းတက္ကသိုလ်၏အရည်အချင်းသတ်မှတ်ချက်များကိုတော့ အဆင့်မီရရှိအောင်ကြိုးပမ်းထားနိုင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဆေးတက္ကသိုလ်သို့တက် ရောက်လိုသူများသည် ဆေး တက္ကသိုလ်ဝင်ခွင့်အတွက် သတ် မှတ်ထားသောအင်္ဂလိပ်စာနှင့် ဇီဝဗေဒ (Biology)ဘာသာရပ် များတွင် သတ်မှတ်အမှတ်ပြည့်မီ ရန်လိုအပ်သကဲ့သို့ နည်းပညာ တက္ကသိုလ်သို့ တက်ရောက်လို သောကျောင်းသူ၊ ကျောင်းသား များအတွက်လည်း နည်းပညာ တက္ကသိုလ်၏ ဝင်ခွင့်သတ်မှတ် ထားသည့် အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒဘာသာရပ်တို့တွင် သတ် မှတ်ချက်အမှတ်ကိုရရှိထားရန်လို အပ်မည်ဖြစ်ပါသည်။ သက်ဆိုင် ရာအသက်မွေးဝမ်းကျောင်းတက္က သိုလ်များ၏ ဦးစားပေးဘာသာရပ် များတွင် အမှတ်ပြည့်မီပြီး သတ် မှတ်ထားသည့် စုစုပေါင်းရမှတ် အရေအတွက်နှင့်ကိုက်ညီလျှင် အဆိုပါအသက်မွေးဝမ်းကျောင်း တက္ကသိုလ်သို့ ဝင်ခွင့်လျှောက် ထားနိုင်မည်ဖြစ်ပါသည်။

‘‘ဒီနှစ်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနကပဲ ရွေးချယ်ပေးတာပါ။ ရှေ့နှစ်က စပြီးတော့ တက္ကသိုလ်အလိုက် ရွေးချယ်တဲ့စနစ်ကို ပြောင်းနိုင်ပါ တယ်။ ဖြစ်နိုင်တာက ဆေးတက္က သိုလ်က အင်္ဂလိပ်နဲ့ဘိုင်အိုနဲ့ရွေး မယ်ဆိုရင် ဆရာတို့ကတော့ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒသုံးဘာ သာမှာ ဘယ်လောက်ရရင်တော့ ဝင်ခွင့်ကိုလျှောက်ထားခွင့်ပြုမယ် ဆိုတာမျိုးတော့ စဉ်းစားထားပါ တယ်။ ဆွေးနွေးပြီးတော့ ပြည်သူ တွေကိုကြေညာမှာပါ။ အနည်း ဆုံး ၁၀ လလောက်စောပြီး ကြေ ညာပေးသွားမှာပါ’’ဟု ရန်ကုန် နည်းပညာတက္ကသိုလ်ပါမောက္ခ ချုပ်ဒေါက်တာအေးမြင့်ကပြော ကြောင်းသိရှိရပါသည်။

လာမည့်ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်နှင့်စပ်လျဉ်း၍ အဝေးသင်တက္ကသိုလ်ကတော့ ဘာသာရပ် ၁၁ ခုတွင် ဝင်ခွင့် အမှတ် ကန့်သတ်လိုက်ကြောင်း တွေ့ရသည်။ အဝေးသင်တက္က သိုလ်လျှောက်ထားလိုသူများအ နေဖြင့် အင်္ဂလိပ်စာအထူးပြုနှင့် ဥပဒေပညာအထူးပြုဘာသာရပ် များအတွက် အင်္ဂလိပ်စာရမှတ် ၅၀ နှင့် စုစုပေါင်းရမှတ်အနည်း ဆုံး ၃၀၀ မှတ်ရရှိရန်လိုမည်ဖြစ် သည်။

စီးပွားရေးပညာ၊ ပြည်သူ့ ရေးရာပညာ၊ အိမ်တွင်းစီးပွား ပညာ၊ စီးပွားစီမံပညာဘာသာရပ် များအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘောဂဗေဒဘာသာ ရပ်ပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်ထားသူများအတွက် ဘောဂဗေဒဘာသာရပ် ရမှတ် ၆၀ နှင့် စုစုပေါင်းရမှတ် ၃၀၀ ရရှိ ထားရမည်ဖြစ်ပြီး ဘောဂဗေဒ ဘာသာရပ်မပါဝင်သောဘာသာ တွဲများဖြင့် အောင်မြင်ထားသူများ အတွက် စုစုပေါင်းရမှတ် ၃၂၀ ရရှိထားရန်လိုအပ်ပါသည်။

ဓာတုဗေဒ၊ ရူပဗေဒနှင့် သင်္ချာဘာသာရပ်များအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သက်ဆိုင်ရာဘာသာရပ် ရမှတ်အနည်းဆုံး ၅၀ မှတ်နှင့် သတ္တဗေဒနှင့် ရုက္ခဗေဒဘာသာရပ်များ အတွက် ဇီဝဗေဒဘာသာရပ် ရမှတ်အနည်းဆုံး ၄၅ မှတ်ရရှိထားရန်လိုအပ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတက်ရောက်လိုသော တက္ကသိုလ်၊ မိမိသင်ကြားလိုသောဘာသာရပ် များတွင် သတ်မှတ်ထားသော အရည်အချင်းသတ်မှတ်ချက်များကို ပြည့်မီထားရန် လိုအပ်မည်ဖြစ် ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနသည် လာမည့်ပညာသင်နှစ် မှစတင်၍ နည်းပညာတက္ကသိုလ် များတွင် အင်ဂျင်နီယာဘွဲ့ (B.E) ကိုတိုက်ရိုက်ပေးအပ်သွားမည် ဖြစ်ပြီး နည်းပညာဘွဲ့ (B.Tech) ပေးအပ်သောစနစ်ကို ဖျက်သိမ်း လိုက်ကြောင်းသိရသည်။ ထို့ပြင် နည်းပညာတက္ကသိုလ်များသို့ဝင် ရောက်ခွင့်ပြုသည့်ကျောင်းသား ဦးရေကိုလည်း ရှစ်ထောင်ကျော် လျှော့ချသတ်မှတ်လိုက်သည်။

ထို့ပြင် ဆက်လက်တင်ပြလို သည်မှာ ပညာရေးပြုပြင်မှုနှင့်စပ် လျဉ်း၍ နေပြည်တော်၌ ဇူလိုင် ၃၀ ရက်ကကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီ ဟူသောအချက်ဖြစ်သည်။ အဆို ပါအမျိုးသားပညာရေး ဥပဒေ ကြမ်းတွင် ကျောင်းသားများ၏ အရည်အချင်းနှင့်ဆန္ဒပေါ်အခြေ ခံ၍ ရွေးချယ်နိုင်ခွင့်ရှိသော တက္က သိုလ်ဝင်ခွင့်စနစ်ကိုကျင့်သုံးနိုင် ရန် တင်ပြထားသောကြောင့် လာ မည့်ပညာသင်နှစ်တွင် ယင်းဥပ ဒေနှင့်အညီ လိုက်နာကျင့်သုံးရ တော့မည်ဖြစ်ပါသည်။

သို့ဖြစ်၍ ပညာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာတက္ကသိုလ် များက လာမည့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် စတင်ကျင့်သုံးတော့ မည့် တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကို ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ ရှင်းရှင်းလင်းလင်းသိရှိ နိုင်ရန် အချိန်မီကြေညာပေးခြင်း ဖြင့် ပြင်စရာတွေများလှသည့် ပညာရေးအခက်အခဲတစ်ရပ်ကို ဖြေရှင်းဆောင်ရွက်ပေးရန် အထူး လိုအပ်နေပြီဖြစ်ကြောင်း တိုက် တွန်းရေးသားအပ်ပါသည်။
http://www.searchmyanmar.com/click?lang=mm#content-40395

7day daily


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...