စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







(ဝါခေါင်လပြည့် ) မေတ္တာအခါတော်နေ့ အထုပ္ပတ္တိ


                       
ဝါခေါင်လပြည့် ကြုံတွေ့ဤခါ

မေတ္တာခါနေ့ သတ်မှတ်၍သာ
ခါသဘင်ပွဲ ဆင်နွှဲပျော်စွာ
အတ္ထုပ္ပတ် ရက်မြတ်ဤသို့သာ။

ဘုန်းတော်မြတ်ဘုရား ထင်ရှားရှိစဉ်
သာဝတ္ထိကျောင်း ကိန်းအေါင်းပျော်ရွှင်

ဝေနေယျများ တရားရေစင်
ဓမ္မဆေး တိုက်ကျွေးနေ့စဉ်ပင်။

တစ်နေ့သေါကါလ သမယတွင်
ရဟန်းတော်များ ဘုရားထံဝင်
တရားဓမ္မ ယူကြကာပင်

တောမြိုင်ရပ် ချဉ်းကပ်ပါလို့ဝင်။
 

ကျေါက်ဂူကျေါက်ကြါး သစ်ဝါးရိပ်တွင်
နေရာဌာန ခွဲကြလျက်ပင်
တရားရှုမှု ရှေ့ရှုအစဉ်

မြိုင်ရပ်တွင်း သီတင်းသုံးကြလျှင်။
 

တောမြိုင်အတွင်း မှီတင်းယက္ခာ
ရုက္ခာဘုမ္မ များစွဒေဝါ
ွှရဟန်းတော်များ ရောက်ငြားရှိန်ဝါ
အနေခက် ယောက်ယက်ခတ်ရရှာ။

သားငယ်သမီး ပွေ့ပြီးဆွဲကာ
ရဟန်းတော်နဲ့ လွတ်တဲ့နေရာ

ရွှေ့ကြပြောင်းကြ နေကြရရှာ
စိတ်မအေး နေရေးတွက်ကြောင့်သာ။

တရားကျင့်နည်း ပြီးဆုံးလေလျှင်
ရဟန်းတော်များ ပြန်သွားမည်ထင်
မပြန်နိုင်က ဒေါပွ၍ပင်
ရုပ်သွင်ပြ လှန့်ကြမျိုးစုံလင်။

ရဟန်းတော်တို့ ခက်လို့နေပြီ
ရုပ်သွင်မျိုးမျိုး နံ့ဆိုးလီလီ
အသံဝဝ ကြားရစုံညီ
ထိတ်လန့်ကြ ဒုက္ခရောက်ရပြီ။

ရဟန်းတော်များ ဘုရားထံဝင်
ဒုက္ခအပေါင်း ဖြစ်ကြောင်းကုန်စင်

လျှောက်ထါးတေါ့မှ ဗုဒ္ဓရှင်ပင် 
မေတ္တသုတ် ဖေါ်ထုတ်ညွှန်ပြသင်။

ဒီမေတ္တသုတ် နှုတ်တက်ဆောင်ကာ
ရဟန်းတော်များ ရွတ်ပွား၍သာ
ထိုတောမြိုင်တွင်း ချဉ်းနင်းဝင်လာ

ဒေဝါတို့ ဆီးလို့ဦးတင်ရှာ။

သင်္ကန်းသပိတ် ပရိက္ခရာ

ပြာပြာသလဲ ဆွဲကူ၍သာ
နေရာထိုင်ခင်း ရှင်းလင်းပေးကာ
စားသောက်မှု ပြုစုလှူကြရှာ။
 

မေတ္တသုတ်ကျိုး ခိုးအစုံ
စားမှုနေမှု သုခဖုံဖုံ
အန္တရာယ်ကင်း ကောင်းခြင်းကုံလုံ
ယုံကြည်မှု ပြု၍ရွတ်ကြကုန်။
စလင်း အရှင်ဇဝန ၏
အခါတော်နေ့ဆိုင်ရာမျါးမှ
အါးလုံးကျန်းမါချမ်းသါကြပါစေ.


https://www.facebook.com/photo.php?fbid=1459610370973481&set=a.137637887596329

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...