စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပင်လည်ဘူးနယ်က ဆားတွင်း

                 

                                 b
                 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ပင်လည်ဘူးမြို့နယ်နဲ့ မိုင်(၃၀)ကျော်ဝေးတဲ့ မော်လင်ကျေးရွာမှာ ဆားရေတွင်းတစ်တွင်းရှိပါတယ်၊ မော်လင်ရွာရဲ့ အလယ် နတ်ကြီးစင်ဘေးမှာ ရှိတဲ့
အဲဒီဆားရေတွင်းဟာ တစ်ရက်ကို ဆားအချိန် (၁၀၀)ကျော်ထွက်အောင် ချက်ယူလို့ ရကြပါတယ်၊

ဒါကြောင့်လည်း ဒီဆားတွင်းဟာ
ကျေးရွာသူ ကျေးရွာသားတွေအတွက် ဆားဖူးလုံစေရုံတင်မကပါဘူး ရွာနီးစပ်ချုပ်တွေကို ရောင်းရတဲ့အတွက် နေ့စဉ် ၀င်ငွေ ရရှိနေကြပါတယ်၊တစ်နှစ်လုံး ရေမခန်းတဲ့အတွက် ရာသီမရွေးဆားထုတ်လို့ ရပေမယ့် ဆားဈေးကို ဈေးတင်ရောင်းရင်ဖြစ်ဖြစ် ဆားတွင်းဘောင်ပေါ်ကို ဖိနပ်နဲ့ တက်ရင်ဖြစ်ဖြစ် (ရာသီမရွေး)လအတော်ကြာကြာ ဆားတွင်း ကန်းသွားလေ့ရှိတယ်လို့
သက်ကြီးကျေးရွာသားတစ်ဦးကပြောပါတယ်၊ အဲဒီအယူအဆ မှန် မမှန် ကျေးရွာလူထုကလည်း အငြင်းပွားပြီး မစမ်းသပ်ကြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့တစ်နယ်လုံးမှာ အဲဒီဆားတွင်း တစ်တွင်းပဲ ရှိနေလို့ပါပဲ။
.(ဟာဂျူလီ-ကသာ)

https://www.facebook.com/kokyaw.thu.3/posts/562135697242844

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...