စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသားအရေအတွက် ဒါမျိုးတွေ လုံးဝမလုပ်သင့်ပါ


 

အသားအရေလှပဖို့ဆိုတာ ဂရုစိုက်တတ်မှလည်း ဖြစ်တာပါ။ မျက်နှာမှာ အဖုအပိန့်တွေထွက်တာမျိုး၊ အသားခြောက်တာမျိုး၊ အဆီအရမ်းပြန်တာမျိုးတွေ မဖြစ်စေဖို့အတွက် သင့်အနေနဲ့ ကိုယ်လုပ်နေကျ အရာတွေထဲက ဒီအချက်တွေကို ရှောင်သင့်ပါတယ်။

၁။အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးမျိုးတွေ ရှောင်သုံးပါ။

ကိုယ့်မျက်နှာက ၀က်ခြံအရမ်းထွက်လို့ဆိုပြီး အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးမျိုးတွေ သုံးလိုက်မယ်ဆိုရင် မျက်နှာအသားအရေဟာ တစ်ပတ်၊ နှစ်ပတ်အတွင်း နီမြန်းခြင်း၊ အဆီပြန်ခြင်းနဲ့ အခြား အရေပြားနဲ့ ပတ်သက်တဲ့ ပြသနာတွေ ဖြစ်ပွားလာဖွယ်ရာ ရှိပါတယ်။

၂။ပုလင်းတွေဘာတွေနဲ့ ထုတ်လုပ်ထားတဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ အလှကုန်တွေ မသုံးပါနဲ့။

အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ အလှကုန်တွေမှာ အန်တီအောက်ဆီးဒန့်စ်တွေ ပါဝင်နေတာကြောင့် လေတွေ၊ နေတွေနဲ့ ခဏခဏ ထိတွေ့နေမယ်ဆိုရင် ဘာအကျိုးကျေးဇူးမှ မရှိနိုင်တော့ပါဘူး။ ဒ့ါကြောင့် သင့်အနေနဲ့ ပုလင်းထဲ ထည့်ပြီးသုံးမယ်ဆိုရင် တစ်ခါသုံးတိုင်း၊ တစ်ခါဖွင့်ရမှာဆိုတော့ နောက်ပိုင်း အဲ့ဒီအလှကုန်ရဲ့ အကျိုးကျေးဇူးတွေ ဘာမှရှိမှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် tube လေးတွေနဲ့လာတဲ့ဟာတွေကိုသာ သုံးသင့်ပါတယ်။

၃။ညဘက်တွေ အိပ်ရေးဝအောင် မအိပ်စက်ခြင်းမျိုးကိုလည်း ရှောင်ပါ။

ညဘက်တွေ အိပ်ရေးဝအောင် အိပ်စက်ခြင်းဟာ အသားအရေအတွက် အထူးကောင်းမွန်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ စိတ်အခြေအနေအရလည်း ကြည်လင်မှုရှိတတ်တာကြောင့် ညဘက်ကို နောက်ကျမှ အိပ်ယာဝင်မယ်၊ ပုံမှန်အိပ်ချိန်မရှိတဲ့သူတွေဟာ မျက်ကွင်းညိုတာမျိုး၊ မျက်နှာအသားအရေ ဖြူဖတ်ဖြူလျော် ဖြစ်တာမျိုးတွေ ကြုံရပါလိမ့်မယ်။

၎။ချည်သားဖက်လုံးတွေကို မျက်နှာနဲ့ဖိကပ်အိပ်ခြင်းကလည်း ဆိုးရွားတဲ့ အကျင့်တစ်ခုပါပဲ။

အိပ်စက်တဲ့အခါ ဖက်လုံးနဲ့ မျက်နှာကို အတင်းဖိကပ်အိပ်တတ်တဲ့သူတွေ အနေနဲ့ အချိန်ကြာမြင့်စွာ ဖိကပ်အိပ်လေလေ၊ မျက်နှာအသားအရေအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေလေလေပါပဲ။ ဘက်တီးရီးယားပိုးကြောင့် ၀က်ခြံဖြစ်ဖို့လည်း လွယ်ပါတယ်။ အဲ့ဒီလိုအိပ်မှ အိပ်ပျော်တယ်ဆိုရင်တော့ ဖက်လုံးစွပ်ကို တစ်ပတ်တစ်ခါ လျှော်ပေးဖို့ လိုပါတယ်။

၅။ဖုန်းနဲ့ မျက်နှာကို ကပ်ပြောခြင်းကလည်း ရှောင်သင့်တဲ့ အရာပါပဲ။

လက်ကိုင်ဖုန်းနဲ့ဖြစ်ဖြစ်၊ အိမ်အထိုင်ဖုန်းတွေနဲ့ပဲဖြစ်ဖြစ် ဖုန်းပြောတဲ့ခါ မျက်နှာနဲ့ဖုန်းကို ကပ်ပြီး ပြောတာမျိုးတွေက သင့်မျက်နှာအသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် ဖုန်းပြောမယ်ဆိုရင် စပီကာဖွင့်ပြောရင်ပြော၊ အဲ့ဒီလိုမှ မဟုတ်ရင်တော့ နားကြပ်နဲ့ hand free သာ ပြောလိုက်ပါတော့။

၆။မိတ်ကပ်တွေ မဖျက်ပဲ အိပ်ယာဝင်ခြင်းကလည်း ၀က်ခြံဖြစ်စေတဲ့ အဓိက အချက်ပါပဲ။

ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ အိပ်ယာဝင်ခါနီး မိတ်ကပ်တွေ ဖျက်၊ မျက်နှာသစ်ပြီးမှသာ အိပ်ယာဝင်ရမှာပါ။ အဲ့ဒီလို မဟုတ်ဘူးဆိုရင်တော့ အဲ့ဒီမိတ်ကပ်တွေက အသားရဲ့ ချွေးပေါက်တွေမှာ ဆို့သွားပြီး ၀က်ခြံဖြစ်လာပါလိမ့်မယ်။

၇။သုံးသင့်တဲ့ အလှကုန်ထက် ပိုပြီး သုံးခြင်းကလည်း သင့်မျက်နှာအသားအရေကို ဒုက္ခပေးတာပါပဲ။

အရင်တုန်းက sensitive မဖြစ်စဖူး ခု မျက်နှာအသားအရေ နီတယ်၊ စပ်တယ် ဆိုတာမျိုးတွေ ခံစားလာရပြီဆိုရင်တော့ သင်သုံးနေတဲ့ အလှကုန်တွေကို တစ်ချက်ပြန်ကြည့်ဖို့ လိုအပ်ပြီပေါ့။ တစ်ခါတစ်လေ သုံးနေကျ အလှန်ကုန်တွေထက် ပိုသုံးမိခြင်းကလည်း ၀က်ခြံတွေ ဖြစ်စေဖို့ တွန်းအားပေးတာပါပဲ။

၈။မျက်နှာကို ကိုင်ခြင်း၊ အဖုအပိန့်တွေကို ဖဲ့ခြင်းတွေက သင့်အသားအရေမှာ အမာရွတ်တွေ ဖြစ်စေပါတယ်။

မျက်နှာအသားအရေမှာလည်း ဘက်တီးရီးယားတွေရှိနေတာပါပဲ။ အထူးသဖြင့် သင့်မျက်နှာကို ကိုင်မယ့်လက်တွေကလည်း သန့်ရှင်းမှုမရှိနိုင်ပါဘူး။ ဒါ့ကြောင့် မျက်နှာပေါ်က အဖုသေးသေးလေးတွေကို လက်တွေနဲ့ဖဲ့မယ်၊ ညှစ်မယ်ဆိုရင် အမာရွတ်တွေ ကျန်ခဲ့နိုင်သလို ၀က်ခြံလည်း ပိုထွက်လာပါလိမ့်မယ်။
http://www.lyhealthcare.com/topics/အလှအပ
Ref:goodhousekeeping.com
Trend Myanmar


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...