စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နယူးဒေလီက ထောင်သားများ ချက်ပြုတ်ရောင်းချသည့် စားသောက်ဆိုင်


tihar_storysize_650_072414025143

တောင်အာရှရဲ့ အကြီးဆုံးထောင်ဖြစ်တဲ့ တီဟာထောင်က အာဏာပိုင်တွေဟာ သူရဲ့ ထောင်သားတွေ ဘ၀ပြန်လည်တည်ထောင်ရေးအတွက် ထောင်သားတွေ ချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင်ကို အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရဲ့ အနောက်ပိုင်းမှာ ဖွင့်လှစ်လိုက်ပါတယ်။

ဆိုင်မှာတော့ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ ထောင်သားတွေက စားသုံးသူတွေကို နွေးထွေးတဲ့ ကြိုဆိုမှုနဲ့ အစားအသောက်တွေကို ပြင်ဆင် တည်ခင်းပေးကြပါတယ်။

ဇူလိုင်လ ပထမပတ်က စတင်ဖွင့်တဲ့ ပြန်လည် တည်ထောင်ရေးအား ထုတ်မှုဟာ ထောင် သားတွေ တရားဝင် ပြစ်ဒဏ်ရှင်း လင်းမှု ထောက်ခံချက်ရ ဖို့ စောင့်နေစဉ် လက်တွေ့အခြေပြု စမ်းသပ်မှု လည်း ဖြစ်ပါတယ်။

ထောင်သားတွေကိုယ်တိုင် ပြင်ဆင်မွမ်းမံထားတဲ့ လူအယောက် ၅၀ ဆန့် စားသောက်ဆိုင်ဟာ ထောင်သားတွေရဲ့အဆောင်ကနေ မိုင်ဝက်လောက်ပဲ ဝေးတာပါ။
သူတို့ကို ဟိုတယ်စီမံခန့်ခွဲမှုကျောင်းကနေ သင်တန်းပေးထားလို့ စားသောက်ဆိုင် ၀န်ထမ်းဖြစ်တဲ့ ထောင်သားတွေဟာ ယဉ်ကျေးတဲ့ အမူအရာအတွက် ချီးကျူးမှုတွေ ရနေပါတယ်။

ထောင်ရဲ့ ပြောခွင့်ရ ဆွန်နီးလ် ဂုပ္ပတားက ထောင်သားတွေ ပြန်လွှတ်ပေးပြီးရင် လူ့အဖွဲ့အစည်းထဲမှာ ပြန်ဝင်ဆံ့ဖို့ ပြင်ဆင်ပေးရေး ရည်မှန်းတာလို့ ပြောပါတယ်။

“နေ့တိုင်းဖောက်သည် အယောက် ၅၀ လောက် လာပြီး ထောင်သားဝန်ထမ်းတွေ ၁ ရက် လုပ်အားခ အမေရိကန်ဒေါ်လာ ၁.၂ ဒေါ်လာရတယ်။ ဖောက်သည်တွေက ထပ်ခါထပ်ခါ လာတဲ့ စားသုံးသူတွေ ဖြစ်တယ်” လို့ ဆိုပါတယ်။

ထောင်က ထွက်ပြီး စားသောက်ဆိုင်မှာ လုပ်နိုင်ဖို့ ထောင်သားဟာ ထောင်ဒဏ်အနည်းဆုံး ၁၂ နှစ်အတွင်း ပြစ်မှုမှတ်တမ်း ကင်းရှင်းသူ ဖြစ်ရပြီး အထက်တန်းအောင်သူလည်း ဖြစ်ရပါတယ်။
ဒါ့အပြင် ထွက်ပြေးချင်စိတ် နည်းပါးဖို့ ၂ နှစ်အတွင်း ထောင်က လွတ်မယ့်သူတွေကို ရွေးချယ်ထားပါတယ်။
စားသုံးသူတွေရဲ့ ရည်ရွယ်ချက်နဲ့ မှတ်ချက်တွေကလည်း ထောင်သားတွေကို အားပေးခဲ့ပါတယ်။

စိတ်ပညာရှင် ချတ်တနာ ဘတ်နဂါကလည်း ဒီစားသောက်ဆိုင်ဟာ ထောင်သားတွေရဲ့ ငုပ်လျှိုးနေတဲ့ပါရမီကို ဖော်ထုတ်ပြီး သူတို့ ဖြစ်ချင်တာ ဘာလဲဆိုတာ ဖော်ထုတ်ခွင့်ပေးတဲ့ အခွင့်အလမ်းပဲလို့ ပြောပါတယ်။

ထောင်သားချင်း အလွဲသုံးစားလုပ်မှု၊ မူးယစ်ဆေးနဲ့ အဂတိလိုက်စားမှုတွေအတွက် တချိန်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တီဟာထောင်ဟာ ခုတော့ ပြုပြင်ပြောင်းလဲရေး အတော်များများ လုပ်နေပြီး သက်မွေးသင်တန်းတွေအပါအ၀င် ပြန်လည်ပျိုးထောင်ရေး အစီအစဉ်တွေကို ထောင်သားအယောက် ၁ သောင်း ၃ ထောင်ကျော်ကို ကမ်းလှမ်းထားပါတယ်။
dvb burmese

http://www.searchmyanmar.com/link/frame/cid/39946

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...