စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျက်ကီချန်းက ဖြေတဲ့ သူ့အသက်မွေးဝမ်းကျေင်း ဆိုင်ရာ အင်တာဗျူး


                      
 

ဗြိတိန်နိုင်ငံ BFI (ဗြိတိန်ရုပ်ရှင်သိပ္ပံကျောင်း) မှ ကျင်းပတဲ့ BFI Talk ကို ရောက်ရှိတုန်း Metro မှာ သူ့ကို အင်တာဗျးခဲ့ပါတယ်။ ယင်း အင်တာဗျူးအရ ဂျက်ကီချန်းဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းမှု ပညာနဲ့ ပက်သက်လို့ အောက်ပါ အကြောင်းအရာ ကောင်းများကို ဖြေကြားခဲ့ ပါတယ်။

အက်ရှင်ရုပ်ရှင်ကိုသာ နှစ်သက်သူ

'ကျနော် ဒရာမာရုပ်ရှင်တွေ ရိုက်ရင် ပရိတ်သတ်တွေက ကျနော့ကို 'Wow သူ့အနမ်းပေးပုံက ကောင်းလိုက်တာ' လို့ ပြောကြမယ်လို့ မထင်ဘူး။ ဒါပေမယ့် အက်ရှင် အဆန်းတွေလုပ်တိုင်း ချီးကျူးထောပနာ ပြုကြတယ်။ ဒါကြောင့်မို့ ကျနော် အက်ရှင် ရုပ်ရှင်ကိုသာ နှစ်နှစ်သက်သက် ရိုက်ကူးခြင်းပါ။

ဂျက်ကီချန်း အနားမယူသေး

'လွန်ခဲ့တဲ့ နှစ်နှစ်က Cannes Film Festival မှာ my last big action movie လို့ပဲ ပြောခဲ့တာပါ။ my last movie လို့ မပြောခဲ့ ပါဘူး။ မီဒီယာတို့ နားလည်မှု လွဲမှားစွာ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ကျနော် ဘယ်အချိန် အနုပညာက အနားယူမယ်ဆိုတာ ကျနော်ကိုယ်တိုင်မေးရင်တောင် မထွက်နိုင်သေးတဲ့ အဖြေတစ်ခု ဖြစ်ပါတယ်။'

စစ်မလိုလား၊ ငြိမ်းချမ်းရေးကို လိုလားသူ

'အချစ်၊ ငြိမ်းချမ်းရေး တို့ကိုပဲ Promote လုပ်မှာပါ။ စစ်မဟုတ်ပါဘူး။ အရင်ကလို ရုပ်ရှင်ရိုက်တိုင်း အရက်သောက်မယ်။ တိုက်မယ်။ ရယ်စရာ အကွက်လေးတွေ ပြမယ် ဆိုတဲ့ခေတ် ကုန်ပါပြီ။ ဒီအချိန်မှာ ကျနော့အနေနဲ့ လူမှုပတ်ဝန်းကျင် ငြိမ်းချမ်းလာမှုကိုသာ လိုလားပါတယ်။'

အမေရိကန်မှာ အစပျိုးပေမယ့် တရုတ်မှာ အခြေချသူ

'ကျနော် ဟောလိဝုဒ်မှာ ၁၅ နှစ်တာ ရုပ်ရှင်ရိုက် ကြိုးစားခဲ့ပေမယ့် ရည်ရွယ်ချက် ဒီပညာတွေကို အာရှပြန်သယ်လာဖို့ ပါပဲ။ နောက်ထပ် ခြေလှမ်းကတော့ အာရှ အနုပညာကို အနောက်တိုင်းသို့ ပို့ဆောင်ခြင်း ဖြစ်ပါတယ်။ အခုဆိုရင် ဟောလိဝုဒ်က ရုပ်ရှင်ရိုက်ဖို့အတွက် ကျနော့ရဲ့ ဂျက်ကီချမ်းကျောင်းသား စတန့်တွေကို ခေါ်နေပြီ။ သူတို့ စတန့်မင်းသားတွေကို သင်ကြားပေးတဲ့သူတွေဟာလည်း ကျနော့ တပည့်တွေပါပဲ။'

ဘရုစ်စလီ ရုပ်ရှင်တွေမှာ စတန့်မင်းသား ဖြစ်ခဲ့ရသူ

'ဘရုစ်စလီက ကျနော့စီနီယာပါ။ သူမင်းသားဖြစ်ချိန်မှာ ကျနော်ဟာ စတန့်သမား တစ်ယောက် သာသာပါပဲ။ သူ့ရဲ့ ရိုက်နှက်၊ တိုက်ခိုက်မှုတိုင်းမှာ အမြဲရှုံးနိမ့်ပေးရသူ တစ်ယောက်ပေါ့။ ဒါရိုက်တာက 'Cut' လို့ခေါ်လိုက်တာနဲ့ 'မင်း အဆင်ပြေရဲ့လားလို့' သူ ကျနော့ကို အမြဲတမ်း မေးခဲ့ပါတယ်။'

ကိုယ်ခံပညာဆိုတာ လူသားတို့ကို ကူညီခြင်းဖြစ်

'ကျနော်ငယ်ငယ်တုန်းက ကိုယ်ခံပညာ သိုင်းပညာတွေတတ်ပြီးတော့ လူဆိုးတွေတွေကို တိုက်ခိုက်မယ်။ သတ်ပုတ်မယ်။ ယှဉ်ချင်တဲ့ သူနဲ့ fight မယ်လို့ စိတ်ထားခဲ့ဖူးတယ်။ အမှန်တော့ ဒီပညာကို လေ့လာလေလေ သိရှိလာလေက ကိုယ်ခံပညာဆိုတာ တစ်ဦးပေါ် တစ်ဦး လေးစားသမု ထားရှိခြင်း နဲ့ သူတစ်ပါးကို ကူညီခြင်းတို့အတွက် ရည်ရွယ်တဲ့ ပညာရပ် ဖြစ်ပါတယ်။'

Rush Hour 4 ရိုက်ရန် ရှိမရှိ

'ကျနော့ကို Rush Hour 4 ရိုက်မလားလို့ လာလာမေးကြတယ်။ သူတို့က ရုပ်ရှင်ဖြစ်ဖို့လိုချင်တာဆိုတော့ ဇာတ်ညွန်းအရင်ပြပါလို့ပဲ ပြောလိုက်တယ်။

Ref: Metro

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...