စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်မှာနေရင်အလွယ်တကူလုပ်လို့ရတဲ့ ၅-၄-၃-၂-၁ဆိုတဲ့ လေ့ကျင့်ခန်းသင်ခန်းစာ

 
 
 
 
 

 
 
 

 
မိတ်ဆွေများ ကျန်းမာသန်စွမ်းပြီးအဆီကျလှပစေနိုင်ဖို့ အချိန်မကုန်ပဲ အိမ်မှာနေရင်အလွယ်တကူလုပ်လို့ရတဲ့ ၅-၄-၃-၂-၁ဆိုတဲ့ လေ့ကျင့်ခန်းသင်ခန်းစာ တစ်ခုကို ပုံများနှင့်တကွ တင်ပြပေးလိုက်ပါတယ်။
-------------------------------
၅မိနစ်
-------
-ပြေးခြင်း၊လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်းစသည့်ကြိုက်နှစ်သက်တဲ့လေ့ကျင့်ခန်း များကို ၅မိနစ်လုပ်ပါ။
-အိမ်ထဲမှာဖြစ်ပါက
- ၁ မိနစ် High Knee
- ၁ မိနစ် Jumping Jack
- ၁ မိနစ် Front Kick
- ၁ မိနစ် Jumping Jack
- ၁ မိနစ် Run in Place တို့ကို ၁မိနစ်စီပြုလုပ်ပေးပါ
High Knee ဆိုတာကတော့ ပုံတွင်ဖော်ပြထားသည့်အတိုင်းရပ်ပြီး ဒူးနှစ်ဖက်အား တဖက်စီ အပေါ်သို့တက်နိုင်သမျှမြင့်အောင် မတင်သောလေ့ကျင့်ခန်းဖြစ်ပါသည်။
Jumping Jack ဆိုတာကတော့ ပုံတွင်ဖော်ပြထားသည့်အတိုင်းရပ်ပြီး တစ်ချိန်ထဲ ခုန်နေရင်း လက်နှစ်ဖက်ကိုအပေါ်သို့မြောက်တင်ပြီး ခြေနှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ခြင်းဖြစ်ပါတယ်။
Front Kicksဆိုတာကတော့ ပုံတွင်ဖော်ပြထားသည့်အတိုင်းရပ်ပြီး ခြေထောက်တစ်ချောင်းခြင်းစီ ရှေ့သို့ကန်ထုတ်သောလေ့ကျင့်ခန်းဖြစ်ပါသည်။ ဖြစ်နိုင်ရင်တော့ လက်ကို ရှေ့သို့ဆန့်ထုတ်ပြီးထိအောင်ကန်နိုင်ရင်တော့ပိုကောင်းပါတယ်။
Run in Place ဆိုတာကတော့လွယ်ပါတယ်။ အိမ်ထဲမှာနေရာမရွှေ့ အောင်ပြေးနေခြင်းပါပဲ။
၎မိနစ်
------
- ၁ မိနစ် Walking Lunge
- ၁ မိနစ် Mountain Climber
- ၁ မိနစ် Walking Lunge
- ၁ မိနစ် Mountain Climber
Walking Lunge ဆိုတာကတော့ ပုံတွင်ဖော်ပြထားသည့်အတိုင်း ရပ်နေပြီး ခြေတစ်ဖက်အား နောက်သို့ဆန့်ထုတ်ပါ။ နောက်ခြေတစ်ဖက်အားအရှေ့သို့ ကွေးညွှတ်ပါ။ ပြီးရင်ပြန်ရပ်ပါ။ နောက်တစ်ဖက်စီပြန်ပြောင်းလုပ်ပေးပါ။
Mountain Climber ဆိုတာကတော့ ပုံတွင်ဖော်ပြထားသည့်အတိုင်း လက်နှစ်ဖက်ကို ကြမ်းတွင်ထောက်ထားပါ။ ပြီးမှ ခြေတစ်ဖက်စီ အရှေ့သို့တွန်းထုတ်ခြင်းဖြစ်ပါတယ်။မတ်စောက်တဲ့ တောင်တက်သလိုပေါ့။
၃မိနစ်
--------
- ၁၀ ကြိမ် Pushup
- ၁၅ ကြိမ် Tricep Dip
၃မိနစ် ပြည့်တဲ့အထိ ပြန်လုပ်ပေးပါ။
Pushup ဆိုတာကတော့ ဒိုက်ထို့းခြင်းပါပဲ။
Tricep Dip ဆိုတာကတော့ ပုံတွင်ပြထားသလို့ခုံတစ်လုံးနှင့်ပြုလုပ်နိုင်သလို ကြမ်းပြင်ပေါတွင်လည်း ပြုလုပ်လို့ရပါတယ်။ ကြမ်းပြင်ပေါ်နောက်ကြောဖက်ဖြင့် အိပ်လိုက်ပါ။ထို့နောက် လက်ကို ကြမ်းပေါ်သို့ပြောင်းပြန်ထာက်လိုက်ပါ။ ပြီးမှ လက်အားခါးအားဖြင့် ကိုယ် ခန္ဓာကို မတင်ပါ။ ပြန်အိပ်ပါ။ ပြန်ထပါ။
၂မိနစ်
------
- စက္ကန့် ၃၀ Regular Squat
- စက္ကန့် ၃၀ Jump Squat
- စက္ကန့် ၃၀ Regular Squat
- စက္ကန့် ၃၀ Jump Squat
Regular Squat ဆိုကတော့ ထိုင်ထလုပ်တာပါပဲ။ လက်ကို ဦးခေါင်းနောက်တွင်ထားရင်တော့ပိုထိရောက်ပါတယ်
Jump Squat ဆိုတာကတော့ ထိုင်ထလုပ်ရုံမဟုတ်ပဲ ထတဲ့အချိန်မှာ တစ်ခါထဲလေထဲရောက်အောင် ခုံခြင်းအထိပါ ပြုလုပ်တဲ့လေ့ကျင့်ခန်းပါ။
၁မိနစ်
-----
- ၁မိနစ် Plank
Plank ဆိုတာကတော့ ကြမ်းပြင်ပေါမှာလက်မောင်း ၂ဖက်ဖြင့်ထောက်ပါ။ အောက်ဖက်ပိုင်းကိုလည်းဖြေဖျားများဖြင့်သာထောက်ထားပြီးကိုယ် ခန္ဓာ၏အလေးချိန်ကို မတင်တောင့်ခံထားပေးပါ။ ပိုမိုထိရောက်ခြင်ပါက ခြေ တစ်ဖက်တည်းထောက်ပြီးပုံတွင်ပြထားသည့်အတိုင်း ခြေတစ်ဖက်အားမြှောက်ထားပြီးလည်းပြုလုပ်နိုင်ပါတယ်။
ထိုအထက်ပါလေ့ကျင့်ခန်းများကို အားလုံးပြီးသွားပါကလည်း အစမှ ထပ်မံပြုလုပ်နိုင်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချင်သူများအနေနဲ့ကတော့ အိမ်မှာနေရင်းမနက်၂ကြိမ် ညနေ ၂ကြိမ်ပြုလုပ်နိုင်ပါတယ်။
------------------------

 မူရင်း=https://www.facebook.com/ashinsilakkhandha/posts/67119832963763

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...