စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သစ်သီး အစားသင့်ဆုံး အချိန်

          
သစ်သီးဝလံတွေ အစားသင့်ဆုံးအချိန်များကတော
(က)နံက်အိပ်ယာထ ရေသောက်ပြီးတဲ့ အချိန်
(ခ) ထမင်းမစားခင် ၁-နာရီ ခန့် အလို
(ဂ) ထမင်းစားပြီးနောက် နှစ်နာရီအကြာ …စတဲ့ အချိန်ေ တွဖြစ်ပါတယ်။ ဆက်လက်၍ သစ်သီးတမျိုးစီနဲ့  ပတ်သက်လို့  အောက်ပါအတိုင်း ထပ်လောင်း အကြံပြု လိုပါတယ်။

(ကီဝီသီး)
ပိုတက်စီယမ်၊ မဂနီစီယမ်၊ ဗီတာမင်အီး၊ အမျှင်ဓာတ်တို့ ပါရှိလို့  ကျန်းမာရေးကိုဘက်စုံေ ကာင်းစေ ပါတယ်။ ဒါ့ပြင် ကီဝီသီးထဲမှာပါတဲ့ ဗီတာမင်စီက လိမ္မော်သီးထက် ၂-ဆပိုပါတယ်။

(ပန်းသီး)
ပန်းသီးထဲမှာ ဗီတာမင်စီ ပါဝင်မှုမများပေမယ့်၊ ကျန်းမာရေးအတွက်မရှိမဖြစ် ဓာတ်တိုးဆန့် ကျင် ပစ္စည်း များနဲ့  ဖလေဗို နွိုက်ဓာတ်ပေါင်းစုတို့ ပါရှိလို့  အူမကြီးကင်ဆာ၊ နှလုံးရောဂါ နဲ့  လေဖြတ်ြ ခင်း စသည့်ရောဂါများ ဖြစ်လာနိုင်ချေ အလားအလာကို လျော့ပါးသက်သာစေပါတယ်။

(စတော်ဘယ်ရီ)
ဓာတ်တိုးဆန့် ကျင်ပစ္စည်းမြင့်မားတဲ့ အသီးဖြစ်၍၊ ကင်ဆာရောဂါများကို ကာကွယ်ပေးပါတယ်။ မလိုလားအပ် တဲ့ free radicals များကိုတိုက်ထုတ်ပေးပြီး သွေးကြောများပိတ်ဆို့ ခြင်းမဖြစ်ေ စတော့ပါဘူး။

(လိမ္မော်သီး)
တနေ့ ကို လိမ္မော်သီး ၃-လုံး ပုံမှန်စားပေးခြင်းဖြင့် အအေးမိခြင်း(လုံးဝ)မဖြစ်စေနိုင်ပါဘူး။ လိမ္မော်သီးမှာ အက်ဆစ် ဓာတ်ကြွယ်ဝပေမယ့် ခန္ဒာကိုယ်အတွက် အယ်လ်ကာလီမျှတစေတြာေ ကာင့် ကိုလက်စ ထရောကျစေခြင်း၊ ဆီးကျောက်ကျေ စေခြင်း၊ အူမကြီးကင်ဆာဖြစ်နိုင်ချေအ လား အလာကို လျော့ချပေးခြင်း စတဲ့ကောင်းကျိုးတွေပေးပါတယ်

(ဖရဲသီး)
ဖရဲသီးမှာ ခွန်အားပြည့် glutathione ဓာတ်တွေ အမြောက်အများပါရှိတဲ့အပြင်၊ ကင်ဆာများ ကို တိုက်ထုတ်ပေးတဲ့ lycopene ဓာတ်ရရှိရာ အရင်းအမြစ်လဲ ဖြစ်ပါတယ်။ ဒါ့ပြင် ရေဓာတ် ၉၂ရာခိုင်နှုန်းနဲ့ ဖွဲ့ စည်းထားတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။

(မာလကာသီး နဲ့ သင်္ဘောသီး)
ထိုအသီး ၂-မျိုးစလုံးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါရှိပါတယ်။
မာလာကာသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါရှိလို့ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ သင်္ဘောသီးထဲမှာပါရှိတဲ့ ကယ်ရိုတင်း ဓာတ်က မျက်လုံးအားကောင်းစေ ပါတယ်။
http://www.lyhealthcare.com/archives/2018
Credit: Pauk Pauk


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...