စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးအိမ်သင်သို့ လွမ်းခြင်း


တေးရေးမြင့်မိုးအောင်
‘‘သူက ကျွန်တော့်ကို ဂီတ လောကထဲခေါ်လာတဲ့သူပါ။ ဒါ ပေမဲ့ သူကစောပြီးထွက်သွား တော့ စိတ်မကောင်းဘူး။ သူ့ရဲ့ ဂီတသက်တမ်း ၁၈နှစ်လောက်အ တွင်းမှာတော့ တကယ့်ကိုအနုပ ညာရတနာတွေအများကြီးထားခဲ့ တယ်။ နောက်ထပ်နှစ်တွေအများ ကြီးနေခွင့်ရရင် ဒီထက်အများကြီး ချန်ထားနိုင်မှာပါ။ အဲဒီအတွက် လည်း စိတ်မကောင်းဘူး’’

တေးရေးရွှေဂျော်ဂျော်
‘‘ကိုထူးအိမ်သင်က အစ်ကိုတို့ရဲ့ ညီအစ်ကိုသူငယ်ချင်းဆိုတာထက် ဆရာသမားပိုဆန်ပါတယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်က ညီအစ်ကိုသူငယ်ချင်း ဆရာသမား တစ်ယောက်ဆုံးရှုံးရတယ်။ နိုင်ငံအတွက်လည်းအစား ထိုးမရတဲ့  အမျိုးသားရေးဆုံးရှုံးမှု တစ်ခု ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ်ဒီအခါအထိ သူ့လိုလူမျိုးပေါ်မလာတဲ့အတွက် သူသည် ဂီတမှာ ဘုရင်တစ်ပါးဖြစ်နေဆဲပါ’’

ဂျေမောင်မောင်
‘‘ကိုငှက်ကကောင်းသော ဘ၀၊ ကောင်းသောဘုံ၊ ကောင်း သောနေရာမှာ ရှိနေမှာပါ။ သူ့ရဲ့ သီချင်း၊ သူ့ရဲ့ အနုပညာတွေအား လုံး ကျွန်တော်တို့ ထိတွေ့ခံစား နေရဆဲပါ’’

စည်သူလွင်
  ‘‘ကျွန်တော်တို့အတွက် တော့ အခုချိန်ထိ မနေ့တစ်နေ့ကလိုပါပဲ။ ဘာမှမပြောင်းလဲသေးပါ ဘူး။ ကျွန်တော့်စိတ်ထဲမှာ ဒီနေ့ဒီ အချိန်အထိ ကိုငှက်ကိုအမှတ်တ ရ၊ သတိတရရှိနေဆဲပါ။ သူ့ရဲ့အ နုပညာတွေကလည်း ဒီနေ့ဒီအချိန် ထိ ပရိသတ်တွေကြားထဲမှာ အ ရင်လိုပါပဲ။ အဲဒီအတွက်လည်း ၀မ်းသာဂုဏ်ယူရပါတယ်။ နောက်ပြီး ဒီနေ့လိုနေ့မျိုးမှာ လွန် ခဲ့တဲ့ ဆယ်နှစ်လောက်ကဖြစ်ခဲ့တဲ့ ခံစားမှုမျိုးကို ခံစားပြီးဝမ်းနည်းရ ပါတယ်’’

Lလွန်းဝါ
‘‘ကျွန်တော်ကတော့ ဆယ် နှစ်ပြည့်တယ်လို့တောင်မထင်ပါ ဘူး။ အခုချိန်ထိ ကျွန်တော့်ဘေးနားမှာ သူရှိနေတုန်းပါပဲ’’


မူရင်း.....http://www.7daydaily.com/story/18322

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...