စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်ခ်ျအိုင်ဗီ ပိုးရှိသူများ ဆေးမြီးတို မသုံးရန် ထပ်မံသတိပေး




------------------------------------------------------------------
HIV ပိုးကူးစက်ခံရသူများသည် ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများကိုသာ မှီဝဲသင့်ပြီး စနစ်တကျသုတေသန ပြုထားခြင်း မရှိသော ဆေးဖက်ဝင် အပ င်များ၊ ဆေးမြီးတိုများကို မသုံးစွဲသင့်ဟု အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်ရောဂါ သီးသန့်ကုသပေးနေသော မင်္ဂလာဒုံအထူးကု ဆေးရုံ၊ အထူးကုဆရာဝန် ဒေါက်တာဦး အောင်စန်းကသတိပေးလိုက်သည်။

အထူးသဖြင့် ART ဆေးနှင့် ဆေးမြီးတို တွဲဖက်သုံးစွဲမှုများ လုံးဝမလုပ်သင့်ဟုလည်း တိုက်တွန်းသည်။“ဆေးပညာအမြင်ကနေ ကြည့်ရင်အန္တရာယ်များ တယ်။ မလိုအပ်တဲ့အစိတ်အပိုင်းတွေကိုသွားပြီး ဆေးက အကျိုးသက်ရောက်နေရင် လူနာအတွက်မကောင်းဘူး။ အခုထက်ထိ ကမ္ဘာမှာ HIV လူနာတွေရဲ့ အသက် ကိုဆွဲဆန့်နိုင်တဲ့ဆေးဆိုလို့ ART ဆေးပဲရှိပါတယ်။ HIV ပိုးပျောက်နိုင်တဲ့ တိုင်းရင်းဆေး၊ ဆေးမြီးတို လုံးဝ မရှိပါဘူး”ဟုလည်း ပြောသည်။

မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗီဖြင့် နေထိုင်သူများအသင်းဥက္ကဋ္ဌ ဦးမျိုးသန့်အောင်ကလည်း ရိုးရာဆေးဝါးများ သည် တိတိကျကျ စမ်းသပ်စစ်ဆေးထားခြင်း မရှိသောကြောင့် ART သောက်သုံးနေသောHIV ပိုး ကူးစက် ခံရသူများ မသုံးသင့်ဟုလည်း ပြောသည်။

“အပြင်က ဆေးဘက်ဝင်အပင်တွေနဲ့ HIV ပိုး ပျောက်သွားတဲ့သူတစ်ယောက်မှ မရှိသလို ကောင်းသွား တယ်ဆိုတဲ့ သက်သေပြစရာလည်း မရှိပါဘူး”ဟု ပြောသည်။
ယခင်ကဘီးစပ်ရွက်ကို သောက်ပါကပျောက်သည်ဟု ပြောစကားထွက်ပေါ်ခဲ့သဖြင့် ရောဂါပိုးရှိသူများ သောက်ခဲ့ကြရာ နောက်ပိုင်းတွင်ဝမ်းသွားသည့်ဝေဒနာ သိသိသာသာဖြစ်လာသည်ကို တွေ့ရှိရသည်ဟု ဦးမျိုးသန့်အောင်က ပြောသည်။

HIV ရှိသူများအား ကူညီထောက်ပံ့ပေးနေသည့် ရတနာမေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြင့်ဆွေ က HIV ပိုးရှိသူများသည် ဆေးမြီးတိုများမှီဝဲ၍ အကျိုးတစ်စုံတစ်ရာ ထင်ထင်ရှားရှား မတွေ့ရသောကြောင့် ART ဆေးကိုသာ အချိန်မှန်စွာသောက်သုံးခြင်းက ပို၍အကျိုးရှိမည်ဟု မဇ္ဈိမကို ပြောသည်။
http://www.searchmyanmar.com/link/frame/cid/40263/
Mizzima

http://www.searchmyanmar.com/link/frame/cid/40263/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...