စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြတ်စွာဘုရား၏ ဆိတ်ဆိတ်နေခြင်း။ (The Buddha’s Silence)




မြတ်စွာဘုရားကိုမေးခွန်းမြောက်မြားစွာမေးမြန်းမြန်းခဲ့ကြသည်။ သို့ ရာတွင်မြတ်စွာဘုရားသည် သူ့ အား သူ့  တပြည့်များမေးမြန်းသောမေးခွန်းတိုင်းကိုဖြေဆိုခြင်းမပြုချေ။ အကယ်၍မေးခွန်းများသည် မဆီမဆိုင်သော မေး ခွန်းများဖြစ်လျှင် တစ်နည်း မွေးဖွားခြင်းနှင့် သေခြင်းတို့ အဖန်ဖန်ဖြစ်ရသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက် မှုသို့ အထောက်အကူမပြုလျှင် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏။

ဥပမာအားဖြင့် တစ်ချိန်က မာလုကျပုတ္တ အမည်ရသောလူငယ်တစ်ယောက်သည် လောကသည်မြဲ၏ ဟူ၍ လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည်အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောက သည်အဆုံးမရှိဟူ၍လည်းကောင်း စသည်ဖြင့်စိတ်ကူးအကြံများစွာရှိ၏။ ထိုသို့ သူမေးသောမေးခွန်းများကို မြတ်စွာဘုရားသည် ဤသို့ ဖြေကြားတော်မူ၏- 

‘မာလုကျပုတ္တ…. လောကသည် မြဲ၏ဟုအယူရှိလတ်သော် မြတ်သောအကျင့်ကိုကျင့်ခြင်းသည် ဖြစ်နိုင်ရာသလော။ ဤသို့ အယူရှိသောမဖြစ်နိုင်။ မာလုကျပုတ္တ၊ လောက သည်မမြဲဟုအယူရှိလတ်သော် မြတ်သောအကျင့်ကို ကျင့်ခြင်းသည်ဖြစ်နိုင်ရာသလော။ ဤသို့ အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တ… လောကသည်မြဲ၏ဟုအယူရှိလျှင်သော်လည်းကောင်း၊ လောကသည်မမြဲဟုအယူရှိ လျှင်သော်လည်းကောင်း၊ ပဋိသန္ဓေနေရခြင်းသည် ရှိသည်သာတည်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲ ခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပင်ပန်းခြင်းတို့ သည်ရှိကြကုန်သည်သာတည်း။ ယင်းတရားတို့ ကိုမျက်မှောက် သော ကိုယ်၏အဖြစ်နှင့်ပင် ပျက်စီးရမည်ဟုငါပညတ်၏။’

‘မာလုကျပုတ္တ…လောကသည်မြဲ၏ဟုငါမဟောကြား၊ လောကသည်မမြဲဟု ငါမဟောကြား၊ လောကသည် အဆုံး ရှိ၏ဟု ငါမဟောကြား၊ လောကသည်အဆုံးမရှိဟု ငါမဟောကြား၊ အဘယ့်ကြောင့် ငါမဟောကြားသနည်း၊ မာလုကျပုတ္တ…ထိုအကြောင်းသည် အကျိုးစီးပွားနှင့် မစပ်၊ မြတ်သောသာသနာတော်၏ အစအနမျှလည်းမဖြစ်၊ ၀ဋ်ဆင်းရဲကိုငြီးငွေ့ ခြင်းငှာမဖြစ်နိုင်၊ ရာဂကင်းခြင်းငှာမဖြစ်နိုင် ရာဂချုပ်ခြင်းငှာမဖြစ်နိုင်၊ ကိလေသာမီးငြိမ်းအေး ခြင်းငှာမဖြစ်နိုင်၊ ထူးသောဉာဏ်ဖြင့်သိခြင်းငှာမဖြစ်နိုင်၊ သစ္စာလေးပါးကိုသိခြင်းငှာမဖြစ်နိုင်၊ သေခြင်းကင်းရာ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှာမဖြစ်နိုင်၊ ထို့ ကြောင့်ထိုအကြောင်းအရာကိုငါမဟောကြား။
(မဇ္ဈိမ နိကာယ-စူဠမာလုကျပုတ္တသုတ်၊ နံပါတ် ၆၃)

The Buddha’s Silence
Many were the questions asked of the Buddha. But He did not answer every question put to Him by His fllowers. If questions were irrelevant and not conducive to deliverance from bondage, that is to say, the recurring cycles of birth and death He observed Silence.
For instance, there was once a young man named Malunkyaputta who had various speculations on whether the world was eternal or not eternal, whether the world was finite or infinite, and to this question, the Buddha made reply:-

‘If it be the belief, Malunkyaputta, that the world is eternal, will there be the observance of the Holy Life? In such a case-No. If it be the belief, Malunkyaputta, that the world (i.e. Sorrow) is not eternal, will there be the observance of the Holy Life? In that case also-No. But, Malunkyaputta, whether the belief be that the world is eternal or that it is not eternal, undoubtedly, there is birth, there is old age, there is death… the extinction of which in this life itself I make known.’

‘Malunkyaputta, I have not revealed whether the world is eternal or not eternal; whether the world is finite or infinite. Why have I not revealed these? Because these are not profitable, do not concern the bases of holiness, are not conducive to aversion, to passionlessness, to cessation, to tranquility, to intuitive wisdom, to enlightenment, or to Nibbãna (i.e. the Deathless state). Therefore I have not revealed these.’
(Majjhima Nikãya- -Cula- -Mãluňkyaputta Sutta, No63).
 
ဒေါက်တာမင်းတင်မွန်ဘာသာပြန်ဆိုထားသော Egerton C. Baptist ရေးသားသော ‘The Supreme Science of The Buddha’ “သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ”စာအုပ်မှ ကူးယူ ပူဇော်ဖေါ်ပြပါသည်။ (Egerton C. Baptist မှာ ခရစ်ယန်တရားဟောဆရာမှ ဗုဒ္ဓဘာသာ သို့ ပြောင်းလည်းလာသူတစ်ဦးဖြစ်ပါသည်။)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...