စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သိုင်းသမားကြီး MPT


 
အော်ရီဒူးဘဲသုံးသုံး
တယ်လီနောဘဲသုံးသုံး
MPT ဘဲသုံးသုံး

သိုင်းလောကထဲတွင် သိုင်းသမားကြီး MPT သည် နာမည်အကြီးဆုံးဖြစ်သည်
သူဆီသို့ အူရီဒူး နှင့် တယ်လီနော ဆိုသောသိုင်းသမားနှစ်ဦး ယှဉ်ပြိုင်မည်ဟုကြွေးကြော်ကာ ရောက်လာခဲ့သည်။


MPT သည်ပြုံးပြုံးကြီနှင့်လက်ခံလိုက်သည်သူသည်ခေသူတော့မဟုတ်ပေ။
တစ်ခေတ် တခါက သိုင်းလောကတွင် ၁၅ သိန်းသိုင်းဖြင့် နာမည်ကြီးခဲ့ဖူးသည်။

နောက် ၅ သိန်းသိုင်း ၂သိန်းသိုင်းတို့ ဖြင့်အောင်မြင်ခဲ့ပြီးယခု ၁၅၀၀သိုင်းဆိုသည့်နာမည်တစ်လုံးဖြင့်ရပ်တည်နေခဲ့သူဖြစ်သည်။
 

သကောင့်သားနှစ်ဦးကတော့အင်တာနက်မြန်နှုန်းမြင့်သိုင်း videocallဝန်ဆောင်မှု့
အကောင်း ဆုံးပေး သိုင်းကွက်ကိုတတ်မြောက်ထားပြီး MPT ကိုယှဉ်ပြိုင်ခြင်းဖြစ်သည်။

လက်ရှိ MPT ၏နာမည်အကြီးဆုံး အဝိုင်းလည် သိုင်းကို အနိုင်ယူမည်ဟု
ကြွေးကြော်ထားသည်။ ယခုချိန်ထိ MPT သိုင်းသမားကြီး တုတ်တုတ်မလှူပ်သေးပေ ဒါလည်းအကြောင်းရှိသည်။သူသည် ဂျပန်သိုင်းသမားကြီးနှင့် သွေးသောက်ညီအကို
ဖွဲထားသည်။ အားလုံးကိုကျော်ဖြတ်မည့်အဆင့်မြင့်သိုင်းပညာကို တိတ်တိတ်လေးသင်ယူလျက်ရှိသည်။
အူရီဒူးကသူ၏ အင်တာနက်မြန်နှုန်းမြင့်သိုင်းကိုမကြာသေးမီကမှ ကစားပြထားသည်

သို့ သော် MPT၏ အဝိုင်းလည်သိုင်းကို မကျော်နိင်သေးပေ။
နိင်ငံရေးစကားဖြင့်ပြောရသော်MPTသိုင်းသမားသည် လူထု ထောက်ခံမှုကို
နှစ်ပေါင်းများစွာ ခံယူထားသုဖြစ်၍ဖြစ်သည်။


သိုင်းလောကသားများကြားတွင်တော့သူ့ လူကိုယ်ဘက်သားကိုယ်လူသူဘက်သား
များပေါ်ထွန်းနေခဲ့ပြီဖြစ်သည်။တချို့ကတော့ အူရဒူး၏ အင်တာနက်မြန်နှုန်းမြင့်
သိုင်းကို ကြိတ်သဘောကျနေကြသည်။MPT ကတော့ ဒီသိုင်းကိုသူတတ်မြောက်
ထားတာကြာပီဖြစ်သော်လည်း ထုတ်မံပြသေးကြောင်း
အထောက်တော်များ မှတဆင့်သိခဲ့ရသည်။


တယ်လီနောကတော့ဂူအောင်းသိုင်းကျင့်နေသဖြင်ထွက်မလာသေးပေ သူတို့ သုံးဦးသား၏ယှဉ်ပြိုင်မှုကိုစောင့်ကြည့်နေသူတစ်ဦးကိုတော့သူုတို့ 
သတိမပြုမိပေ သူကား MEC ပင်ဖြစ်သည်ဓနအင်းအာတောင့်တင်းခိုင်မာသော သိုင်းသမားတစ်ဦးလည်းဖြစ်သည်။ ၁၅၀၀ သိုင်းကို စတင်တီထွင်ခဲပြီး ယခု လက်ရှိ ငါခေါ်သူမကြား သူခေါ်ငါမကြား သိုင်းဖြင့်နာမည်ကြီးသူဖြစ်သည်။

သိုင်းလောကတွင်တော့ ထို လေးဦး၏ ယှဉ်ပြိုင်မှုကို မြေစာပင်အဖြစ်ခံ၍ကြည့်ရမည့်
အနေအထားရှိသည်။သိုင်းလောကစိန်ခေါ်ပွဲကြီးနီကပ်လာပြီမည်သူကအနိုင်ရမည်
ဆိုသည်ကိုတော့ပရိတ်သတ်ကဆုံးဖြတ်ပေးလိမ့်မည်။

Original writter

မောင်(စွယ်စုံကျမ်း)

Credit to =►Golden Triangle◄=►Thank◄=


https://www.facebook.com/photo.php?fbid=311936662299644&set=a.113862758773703.21098.100004499381496&type=1&theater 

1 comment:

  1. ရေးထားတာ အရမ်းအရမ်းအရမ်းကို
    ကောင်းပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...