စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စာဘူးတောင်း အကြံကောင်းသဖြင့် အိမ်ကောင်းရာကောင်း နေရသည်





စာဘူးတောင်း ငှက်လေးတွေကို မြင်ဖူးကြမှာပါ။ အဲဒီ ငှက်ငယ်လေး တွေဟာ သူတို့တွေ နေထိုင်ဖို့ အတွက် အသိုက်အအုံ ကောင်းကောင်းလေးတွေ လုပ်ပြီး နေထိုင် တတ်ကြပါတယ်။

ဒီလိုပါပဲ လူ့လောကမှာ ရှိရှိသမျှ လူတွေ အားလုံးထဲမှ ဥာဏ်နှင့် ဝီရိယ စိုက်ထုတ် လုပ်ကိုင်သော သူတွေဟာ သာမန်သူတွေထက် ပိုမိုမြင့်မားသော တိုးတက် အောင်မြင်မူ တွေကို ရရှိနိုင် ပါတယ်။ အသက်ကြီးလို့ ငယ်လို့ မဟုတ်လဲ လုံလ ဝီရိယနဲ့ စိုက်ထုတ်လုပ်ကိုင် သင့်ကြောင်းကို "စာဘူးတောင်း အကြံကောင်း သဖြင့် အိမ်ကောင်း ရာကောင်း နေရသည် " ဆိုတဲ့ စကားက သင်ခန်းစာ ရရှိစေမှာပါ။

ဒါကြောင့် ဥာဏ်နှင့် ဝီရိယ နှစ်ခု ဒွန်တွဲ၍ လုပ်ကိုင်သင့်ပါကြောင်း အကြံပြု ရေးသားလိုက် ရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...