စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်တာဗျူးဖြေခါနီးတိုင်း ရင်ခုန်နေသူများ ဖတ်ပေးကြနော်

                    

အင်တာဗျူးဖြေခါနီးတိုင်းရင်ခုန်နေသူများ ဒီPostလေးဖတ်ပေးကြနော်။
ဒီအချက်တွေအတိုင်းလိုက်နာနိုင်မယ်ဆိုရင်တော့ အင်တာဗျူးအောင်ဖို့
၉၀%လောက်သေချာသွားပါပြီ။

။တကယ်တော့ အင်တာဗျူးဖြေခါနီးတိုင်း လူတော်တော်များများ စိတ်လှုပ်ရှားကြပါတယ်။ အဓိကအကြောင်းအရင်းကတော့ လူတော်တော်များများကအင်တာဗျူးဖြေနည်းကိုမသိကြတာပါ။ ဒီလိုပြောလိုက်လို့ အင်တာဗျူးဖြေနည်းဆိုပီးပုံသေနည်းရှိလို့လားလို့မေးလာစရာရှိပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဘယ်အင်တာဗျူးမဆိုပုံသေအချက် အလက်လေးတွေရှိပါတယ်။အင်တာဗျူးတစ်ခုကိုဘယ်လိုဖြေရမလဲဆိုတာသိသွားရင်တော့အင်တာဗျူးဆိုတာကြောက်စရာကိုမရှိတော့ပါဘူး။ကဲဒီတော့အင်တာဗျူး မတိုင်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ အင်တာဗျူးအခန်းထဲသို့ဝင်ရောက်ခြင်း၊
အင်တာဗျူးအခန်းထဲတွင် ဆောင်ရန်ရှောင်ရန်များနဲ့ အင်တာဗျူးတွင် မေးလေ့ရှိသောမေးခွန်းများဆိုပီးလေးပိုင်းခွဲပြောပါမယ်။

အင်တာဗျူးမဖြေခင်ဘာတွေကြိုတင်ပြင်ဆင်သင့်သလဲ?

(၁) မိမိအကြောင်းကောင်းကောင်းပြောနိုင်အောင်ပြင်ဆင်သွားပါ။ အင်တာဗျူးတွေမှာအရင်ဆုံးမေးတဲ့မေးခွန်းကတော့။ Tell me something about yourself? ပါပဲ။ သင်ဟာဒီမေးခွန်းအတွက်အရှည်
ကြီးဖြေဖို့မလိုပါဘူး။ သူတကယ်သိချင်တာကပထမအချက်ကသင့်ရဲ့ Englishစာအရည်အသွေးပါပဲ။ဒုတိယအချက်ကတော့ သင့်ရဲ့စိတ်ဝင်စားမှုတွေ သင့်ရဲ့ဝါသနာတွေဟာ သူ့ရဲ့အလုပ်နဲ့ပက်သက်နေမှုရှိသလား။
တတိယအချက်ကသင့်ဟာရည်မှန်းချက်ကြီးတဲ့သူတစ်ယောက်ဆိုလားဆိုတာသိချင်တာပါ။ သင့်အကြောင်းကိုသင့်CVကြည့်ချင်းအားဖြင့် အကြမ်းဖြင်းသူသိပီးပါပီ။
-နာမည်၊ အသက်၊ မိဘနာမည်၊ ပညာအရည်အချင်း၊ စိတ်ဝင်စားမှု၊ ၀ါသနာ၊ ရည်မှန်းချက် စသဖြင့် ၀ါကျ ၉ကြောင်း၁၀ကြောင်းဆိုလုံလောက်ပါပီ။ စိတ်ဝင်စားမှုနဲ့ပက်သက်လို့ သင်ဟာဘာသာစကားလေ့လာမှု၊ကွန်ပျူတာတာနဲ့
တာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့သူက သူ့အလုပ်အတွက် သင်ဟာတစ်နည်းတစ်ဖုံအသုံးဝင်နိုင်တယ်လို့တွက်နိုင်ပါတယ်။ ၀ါသနာအနေနဲ့ စာဖတ်ခြင်းကိုကြိုက်တယ်ဆိုရင်တော့ သင့်ကိုဗဟုသုတကောင်းကောင်းရှိမဲ့သူ
တစ်ယောက်လို့ထင်မြင်နိုင်ပါတယ်။ရေကူးတာကိုဝါသနာပါတယ်လို့သင်ပြောရင် သင်ဟာကျန်းမာရေးကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်လို့ သူထင်မြင်နိုင်ပါတယ်။ ၀ါသနာတွေစိတ်ဝင်စားတာတွေကို ကြည့်ပီးသင့်ရဲ့ပုံစံကိုသူကအကြမ်းဖျင်းခန့်မှန်းမှာပါ။

(၂) လူမှာအ၀တ် တောင်းမှာအကွပ် ဆိုတဲ့စကားပုံအတိုင်းပေါ့ အ၀တ်အစားအရမ်းအရေးကြီးပါတယ်

သင့်ကိုအင်တာဗျူးမေးမဲ့သူကသင့်ရဲ့ဝတ်စားဆင်ယင်ပုံကိုစကြည့်ကတည်းကအမှတ်ပေးနေပါပီ။စမတ်ကျကျနဲ့သပ်သပ်ရပ်ရပ်ဝတ်တတ်ဖို့အရမ်းအရေးကြီးပါတယ်။ အ၀တ်အစားဆိုလို့ ဈေးကြီးဖို့မလိုဘူးနော် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်ရှိဖို့ပဲလိုတာပါ။ အဲဒိတော့ သင့်တော်မယ့်အ၀တ်အစား
အင်တာဗျူးမတိုင်ခင်ညကတည်းကမီးပူတိုက်ပြင်ဆင်ထားပါ။

(၃) အချိန်ကိုလေးစားတယ် ဆိုတာကလူတော်တစ်ယောက် ရဲ့အမူအကျင့်ပါ။

သင်အင်တာဗျူးကိုသတ်မှတ်ထားတဲ့အချိန်ထက်နောက်ကျမှရောက်တယ် ဆိုရင်တော့အဲဒိအင်တာဗျူးကိုမအောင်ဖို့က ၉၀%လောက်
သေချာသွားပါပီ။ ဒီတော့အင်တာဗျူးဖြေရမယ့်အချိန်နဲ့နေရာကိုသေချာစုံစမ်းပါ။ အဲဒိကိုရောက်ဖို့ဘယ်လောက်ကြာမလဲစုံစမ်းပါ။ ရန်ကုန်မှာကကားကကျပ်တော့ ကြိုသွားသင့်ရင်သွားလို့ရတာပေါ့။ အင်တာဗျူးမတိုင်ခင်
၁၀မိနစ် ၁၅မိနစ်လောက်ကြိုပီးအင်တာဗျူးဖြေရမဲ့နေရာကိုရောက်အောင်သွားပါ။ အရမ်းကြီးလဲစောဖို့မလိုပါဘူး။အရမ်းကြီးစောရောက်ရင် သင်ဟာအရမ်းကိုစိတ်လှုပ်ရှားပီးစိုးရိမ်စိတ်လွန်ကဲတဲ့သူတစ်ယောက်လို့
အမြင်ခံရပါလိမ့်မယ်။တကယ်လို့မလွှဲမရှောင်သာအခြေအနေမျိုးကြောင့် နောက်ကျနေတယ်ဆိုရင်တော့ကုမ္ပဏီကိုဖုန်းဆက်ပီးသင်နောက်ကျကြောင်းကို အကြောင်းကြားပါ။ (ဒါပေမဲ့အဲလိုအခြေအနေမျိုးကဖြစ်ကိုမဖြစ်သင့်တာပါ)

(၄) အမွှေးနံ့သာ၊ရေမွှေးတွေအလွန်အကျွံမသုံးစွဲပါနဲ့။

သင့်ကိုအင်တာဗျူးမဲ့သူကိုစိတ်အနှောက်အယှက်ဖြစ်စေနိုင်လို့ပါ။

(၅) ယောင်္ကျားလေးတွေအနေနဲ့ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖီးပါ။

နားကပ်တွေတပ်ထားရင် ဖြုတ်သွားပါ။ ရှုတ်ရှုတ်ရှက်ရှက်
တွေမ၀တ်မိပါစေနဲ့။

(၆) အမျိုးတွေ၊သူငယ်ချင်းတွေ၊ကလေးတွေ

ဘယ်တော့မှအင်တာဗျူးကိုမခေါ်သွားမိပါစေနဲ့။ ကိုယ့်ကိုကိုယုံကြည်မှုမရှိတဲ့
သူတစ်ယောက်လို့အထင်အမြင်ခံရနိုင်ပါတယ်။

(၇) သင်အလုပ်လျှောက်ထားတဲ့

ကုမ္ပဏီအကြောင်းကိုတတ်နိုင်သလောက်စုံစမ်းထားပါ။အင်တာနက်မှာလဲရှာဖွေလို့ရပါတယ်။အခုခေတ်မှာကုမ္ပဏီတော်တော်များများဟာကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေရှိလာကြပါပီ။သင့်ရဲ့လေ့လာစုံစမ်းမှုဟာသင့်ကိုအင်တာဗျူးအခန်းထဲမှာအများကြီးအကူအညီပေးပါလိမ့်မယ်။

(၈) အင်တာဗျူးအခန်းထဲမှာအင်တာဗျူးပီးခါနီးလို့ သင့်ကိုအင်တာဗျူးသူက Any Question? လို့မေးတဲ့အချိန်မှာပြန်မေးနိုင်မဲ့သင့်တော်တဲ့မေးခွန်းမျိုးတွေ စဉ်းစားထားပါ။ မေးခွန်းမေးခြင်းက သင်ဟာအလုပ်ပေါ်မှာစိတ်ဝင်စားကြောင်း
ကိုပြသနိုင်မဲ့ အခွင့်အရေးပါ။

(၉)သင့်ကိုအင်တာဗျူးမဲ့သူရဲ့နာမည်ကိုအသံထွက်မှန်မှန်နဲ့ပြောနိုင်အောင် လေ့လာထားပါ။ တကယ်လို့မသိရင်ကုမ္ပဏီကreceptionistကိုမေးနိုင်ပါတယ်။

(၁၀) သင့်ရဲ့လက်ကိုင်ဖုန်းကိုအင်တာဗျူးအခန်းထဲမ၀င်ခင်မှာ silent mode သို့မဟုတ် ပိတ်ထားပါ။

အင်တာဗျူးအခန်းထဲကိုဝင်ရောက်နည်း

(၁) အင်တာဗျူးအခန်းထဲမ၀င်ခင် အမြဲတမ်းဝင်ခွင့်တောင်းပါ။ အခန်းတံခါးကစေ့ထားတယ်ဆိုရင် သို့မဟုတ်
ဖွင့်ထားရင်တောင် ညင်ညင်သာသာနဲ့ ၂ကြိမ် ၃ကြိမ်ခန့်ခေါက်ပီး May I come in?ဆိုတာကိုပြောသင့်ပါတယ်။အခြေအနေပေါ်တော့မူတည်တာပေါ့ ခေါက်စရာတံခါးမရှိတဲ့အခါမျိုးဆိုရင်တော့ May I come in?ဆိုရင်လုံလောက်ပါပီ။
သူ့ဆီကနေနှုတ်နဲ့ဖြင့်ဖြင့် အမူအရာနဲ့ဖြင့်ဖြင့်ဝင်ခွင့်ပြုကြောင်းပြောမှသာ အခန်းထဲကိုဝင်ပါ။

(၂)အင်တာဗျူးအခန်းထဲဝင်တဲ့အချိန်မှာသင့်ရဲ့စတိုင်ဘောင်းဘီကိုဆွဲတင်တာ ဖြစ်ဖြစ် သင့်ရဲ့နက်ခ်တိုင်ကို ပြင်တာဖြစ်ဖြစ်မလုပ်သင့်ပါ။ သင်အခန်းထဲမ၀င်ခင်ကတည်းကသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ထားပါ။ အင်တာဗျူးအခန်းထဲသို့ယုံကြည်မှုရှိရှိ၊ တည်တည်ငြိမ်ငြိမ်ဖြင့်ဝင်သွားပါ။ သင်ဟာထိုအင်တာဗျူးအခန်းထဲကိုရောက်လာဖို့ အရည်အချင်းတွေနဲ့
ပြည့်စုံသူဖြစ်လို့သာရောက်လာတာပါ။
ဘာမှအားငယ်စရာကြောက်စရာမလိုပါဘူး။

(၃) သင့်ကိုအင်တာဗျူးမဲ့သူရဲ့နာမည်ရဲ့ နာမည်ကိုသေချာသိရင် ( Mr, Mrs, Miss,Ms,Dr)စသည်ဖြင့်ခေါင်းစဉ်တပ်ပီးlastnameနဲ့တွဲခေါ်လို့ရပါတယ်။ အချိန်အခါပေါ်လိုက်ပီးGoodMorning,Afternoon,Eveningစသည်ဖြင့် နှုတ်ဆက်ပါ။နာမည်ခေါ်နည်းအကြောင်းမသိသေးတဲ့သူတွေအတွက် နည်းနည်းလောက်ထပ်ရှင်းပြချင်ပါတယ်။Mr(Mister /ˈmɪs.tə / )ကိုတော့ ယောင်္ကျားလေးကိုနာမည်တပ်ရာမှာသုံးပါတယ်။
Mrs(/ˈmɪs.ɪz/ )ကိုတော့အိမ်ထောင်ရှိတဲ့အမျိုးသမီးအတွက်သုံးပါတယ်။ Miss(/mɪs/ )ကိုတော့အပျိုမိန်းကလေးအတွက်သုံးပါတယ်။ Ms(/mɪz/ )ကိုတော့ အိမ်ထောင်ရှိလားမရှိလားမသေချာတဲ့အခါမှာသုံးပါတယ်။
ထိုနာမည်တွေအားလုံးကိုlastnameနဲ့သာတွဲခေါ်ရပါမယ်။ ဥပမာ David Beckhamဆိုပါတော့။ Mr Beckhamလို့ပဲခေါ်ရပါမယ်။ သူကDavidလိုခေါ်ပါလို့မပြောမချင်းDavidလို့မခေါ်ရပါ။ အကယ်၍ အင်တာဗျူးမဲ့သူရဲ့နာမည်မသိဘူးဆိုရင်တော့ ယောင်္ကျားလေးဆိုရင် Sir ၊ မိန်းကလေးဆိုရင် Ma’am ဆိုပီးယဉ်ယဉ်ကျေးကျေးသုံးနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့နာမည်ခေါ်နည်းအကြောင်းကိုအကြမ်းဖျင်းသိသွားလောက်ပါပီ။

(၄) ပြုံးဖို့မမေ့ပါနဲ့ ။

(၅) ထိုင်ခုံထိုင်ဖို့ခွင့်မပြုသေးပဲနဲ့မထိုင်ပါနဲ့။

ခွင့်ပြုချက်ရမှသာထိုင်ပါ။ Sit down,pleaseလို့သူကပြောရင် Thank You
ပြောဖို့မမေ့ပါနဲ့။တစ်ခါတစ်လေသင်ဝင်လာတာကိုသူတို့သတိမပြုမိပဲ ရှိတတ်ပါတယ် ။ထိုအခါမှာနှုတ်ဆက်ခြင်းဖြင်
သူတို့attentionရအောင်ယူလို့ရပါတယ်။

အင်တာဗျူးအခန်းထဲမှာဆောင်ရန်ရှောင်ရန်များ

(၁) ခါးမတ်မတ်ထိုင်ပါ။ တောင့်တောင့်ကြီးတော့မဟုတ်ဖူးပေါ့။ သက်တောင့်သက်တာရှိရုံမတ်ပေါ့။သင့်ကိုအင်တာဗျူးမဲ့သူနဲ့ eye contact ရှိပါစေ။ အကြာကြီးတော့စိုက်မကြည့်နဲ့ပေါ့။အခန်းထဲမှာရှိတဲ့
အခြားအရာတွေကိုတောင်ကြည့်မြောက်ကြည့် မလုပ်မိပါစေနဲ့။ သင့်ကိုအာရုံစူးစိုက်မှုအားနည်းတဲ့သူတစ်ယောက်အဖြစ်မြင်သွားနိုင်ပါတယ်။

(၂) ခုံပေါ်မှာငြိမ်ငြိမ်ထိုင်ပါ

ပျင်းတိပျင်းရွဲထိုင်ခြင်း၊ ခိုင်ခုံနောက်ကိုမှီပီးထိုင်ခြင်း၊ ဒူးလှုပ်ခြင်း၊ လက်ချောင်းများဖြင့်ခုံပေါ်မှာတဒေါက်ဒေါက်ခေါက်ခြင်း၊ တစ်ခုခုကိုကုတ်ခြစ်နေခြင်းကဲ့သို့သောအမူအရာများကိုရှောင်ပါ။
ထိုအမူအရာများကသင့်ကိုမိနစ်အနည်းလေးကိုတောင် အာရုံမစူးအစိုက်နိုင်တဲ့သူတစ်ယောက်အဖြစ်အထင်အမြင်ခံရစေနိုင်ပါတယ်။

(၃) မေးခွန်းတစ်ခုဖြေခါနီးတိုင်းနှာခေါင်းပွတ်ခြင်း၊ခေါင်းကုတ်ခြင်းများမလုပ်မိပါစေနဲ့။ သင်ဟာမရိုးသားတဲ့မမှန်ကန်တဲ့အဖြေကိုဖြေတော့မယ်လို့ အထင်အမြင်ခံရနိုင်ပါတယ်။

(၄)သင့်မှာအလုပ်နဲ့ပက်သက်တဲ့စာရွက်စာတမ်းတွေ၊ certificateတွေပါတဲ့အိတ်မျိုးပါလာရင် စားပွဲပေါ်ဘယ်တော့မှ
မတင်ပါနဲ့။ သင့်ပေါင်ပေါ်မှာသာထားပါ။

(၅)ပီကေ(သို့မဟုတ်)တစ်ခုခုဝါးခြင်း၊အစားအစာစားခြင်းအင်တာဗျူးအခန်းထဲမှာ မလုပ်မိပါစေနဲ့။ အရက်၊ဆေးလိပ်အင်တာဗျူး မလာခင်ရှောင်ပါ။ အနံ့အသက်မထွက်ပါစေနဲ့။

(၆) မပွင့်တပွင့်၊ပျော့တိပျော့ရဲအသံဖြင့် စကားမပြောပါနဲ့။ ယုံကြည်မှုရှိစွာ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားပြောပါ။

(၇) အင်တာဗျူးမေးတဲ့သူမေးတဲ့မေးခွန်းကို Yes or No ပဲတုံးတိကြီးမဖြေပါနဲ့။ ဖြစ်နိုင်ရင်အကြောင်းပြချက်ရှင်းပြပါ။

(၈) မေးခွန်းကိုနားမလည်ရင် ယဉ်ကျေးစွာပြန်မေးဖို့မရှက်ပါနဲ့။ နားမလည်ပဲရမ်းမဖြေပါနဲ့။
Could you please say it again,Sir? Or Would you mind telling me again,Sir? စသဖြင့်ယဉ်ကျေးစွာမေးပါ။

(၉)သူမေးတဲ့မေးခွန်းကိုမသိဘူးဆိုရင် I don’t know လို့တုံးတိတိမဖြေပါနဲ့။
I’m sorry,I have no idea,Sir. ဆိုပီးယဉ်ယဉ်ကျေးကျေးဖြေတာကပိုသင့်တော်ပါတယ်။

(၁၀) Slangတွေ informalစာလုံးတွေ၊ ရိုင်းတဲ့စာလုံးတွေမသုံးမိပါစေနဲ့။ အတတ်နိုင်ဆုံးယဉ်ကျေးစွာပြောပါ။
ဥပမာ“I want to……”အစား“I would like to……”ကပိုယဉ်ကျေးပါတယ်။
Yep,Yeah,Ya,Nopeတို့အစား Yes or No ပဲသုံးပါ။
Broken English or Pidgin English မသုံးမိပါစေနဲ့။

(၁၁) အခွင့်အခါသင့်တိုင်း Please တို့ Thank youတို့ကိုသုံးပေးပါ။

(၁၂) အင်တာဗျူးမေးသောသူနှင့် ဘယ်သောအခါမှအခြေအတင်မငြင်းပါနဲ့။

(၁၃) အင်တာဗျူးမေးသောသူတစ်ယောက်ထက်ပိုနေရင် သင့်ကိုမေးနေသောသူကိုအာရုံပိုစိုက်ပေးပါ။

အင်တာဗျူးတွင်မေးလေ့ရှိသောမေးခွန်းများ

(၁) Tell me something about yourself?သင့်အကြောင်းနည်းနည်းလောက်ပြောပြပါလား။
ဒီမေးခွန်းကတော့အင်တာဗျူးတိုင်းမှာအရင်ဆုံးမေးလေ့မေးထရှိတဲ့မေးခွန်းပါပဲ။ ဒီမေးခွန်းနဲ့ပက်သက်ပီးဒီဆောင်းပါးရဲ့ပထမဆုံးအပိုဒ်မှာရှင်းပြထားပါတယ်။

(၂) Why did you quit your last job?ဘာလို့အရင်အလုပ်ကထွက်ခဲ့တာလဲ?
ဒီမေးခွန်းကိုမေးရခြင်းရည်ရွယ်ချက်ကတော့သင်ဟာအဆိုးမြင်တတ်တဲ့သူ တစ်ယောက်လားအကောင်းမြင်တတ်တဲ့သူတစ်ယောက်လားဆိုတာကိုသိချင်တာပါ။အကယ်၍သင်ကအရင်အလုပ်မကောင်းကြောင်း
အရင်သူဌေးမကောင်းကြောင်းပြောမယ်ဆိုရင်တော့သင့်ကိုအတင်းပြောတတ်တဲ့သူ၊အဆိုးမြင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်။ဒီတော့ဒီမေးခွန်းအတွက်အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။
There’s isn’t room for growth with my current employer and I’m ready to move on to a new challenge to use my skills and experiences in a different capacity than I have in the past.
အခြားသင့်တော်တဲ့အဖြေတွေလဲရှိပါတယ်။ဥပမာအနေနဲ့ဖော်ပြပေးတာပါ။

(၃) Why do you want this job? Or why do you want to work at our company?
ဘာလို့ဒီအလုပ်ကိုလိုချင်တာလဲ? ဘာလို့ငါတို့ကုမ္ပဏီမှာအလုပ်လုပ်ချင်တာလဲ။
ဒီမေးခွန်းကတော့သင့်ရဲ့အလုပ်ပေါ်ခံယူတဲ့သဘောထား၊သူတို့ကုမ္ပဏီပေါ်မြင်တဲ့အမြင်ကိုသိချင်တာပါ။
ဥပမာအနေနဲ့ အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။
I well understand that this is a company on the way up and I want to be a part of this business .I think I can use my skills and experiences to improve this business and I want to
improve myself by working at this company.

(၄) What’s your expected salary?
ဒီမေးခွန်းအတွက်ကတော့ ပထမဆုံးအင်တာဗျူးမှာမဖြေတာအကောင်းဆုံးပါပဲ။ အလုပ်ကမ်းလှမ်းခြင်းခံရတဲ့အခါမှသာဆွေးနွေးတာအကောင်းဆုံးပါပဲ။မလွှဲသာမရှောင်သာအခြေအနေမျိုးကြောင့်ဖြေရမယ်ဆိုရင်လဲကိုယ်လုပ်မဲ့ရာထူး
ကဘယ်လောက်ရလေ့ရှိသလဲစုံစမ်းထားပါ။လစာကိုအရမ်းကြီးလဲနည်းပီး မတောင်းမိပါစေနဲ့ သင့်အရည်အချင်းကိုမယုံရာကျပါတယ်။ အများကြီးလဲမတောင်းမိပါစေနဲ့သူ့အတွက်သင့်ကိုအလုပ်ခန့်ဖို့ခက်သွားပါ လိမ့်မယ်။

(၅) What are your strengths and weakness?
ဒီမေးခွန်းအတွက်ကတော့ အားသာချက်ကိုဖြေရတာကလွယ်ပါတယ်။ ဥပမာ
I’m detail oriented, hardworking, a team player, etc….ဆိုပီးဖြေလိုက်လို့ရပါတယ်။
အားနည်းချက်အတွက်ကတော့ဖြေတတ်ဖို့လိုပါတယ်။သင်မပြင်နိုင်သေးတဲ့သင့်ရဲ့တကယ့်အားနည်းချက်ကိုဘယ်တော့မှမပြောပါနဲ့။သင်ပြင်ပီးသားအတိတ်ကအားနည်းချက်တစ်ခုကိုပြောလို့ရပါတယ်။
ဥပမာအနေနဲ့ အောက်ပါအတိုင်းဖြေလို့ရပါတယ်။
“I used to come in late to work a lot but after my supervisor explained
why it was necessary for me to come in on time, I was never late again.”

(၆) နောက်ဆုံးတစ်ချက်ကတော့ အင်တာဗျူးပီးခါနီးမှာ Any Question?ဆိုပီးမေးလေ့ရှိပါတယ်။ အဲဒိအချိန်မှာ
သင်ကမေးခွန်းတစ်ခုမှ မမေးဘူးဆိုရင်တော့ သင်ဟာသူပြောခဲ့တာတွေကိုအလုံးစုံစိတ်မ၀င်စားခဲ့ဘူးလို့
ထင်နိုင်ပါတယ်။သင်အလုပ်မှာစိတ်ဝင်စားကြောင်းပြဖို့မေးခွန်းတစ်ခုခုတော့မေးပါ။ဥပမာအနေနဲ့အောက်ပါမေးခွန်းတွေကိုမေးနိုင်ပါတယ်။
When can I expect to hear from you?
What is the typical work week?
Is overtime expected?
If I am extended a job offer, how soon would you like me to start?

အထက်ပါမေးခွန်းများဟာအနည်းအကျဉ်းမျှသာဖြစ်ပါတယ်။အခြားအင်တာဗျူးနဲ့ပက်သက်ပီးမေးလေ့မေးထရှိတဲ့မေးခွန်းများကိုအင်တာနက်မှာရှာဖတ်ချင်ရင်တော့ www.jobsearch.about.comနဲ့ https://www.work.com.mm/en/helpful-resources.html မှာရှာဖတ်နိုင်ပါတယ်။
 

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့
- ကုမ္ပဏီကသင့်ကိုဘာတွေလုပ်ပေးနိုင်သလဲဆိုတာထက် သက်ကဘာတွေလုပ်ပေးနိုင်သလဲဆိုတာကိုဖော်ပြပါ။

- သင်ဟာအရည်အချင်းရှိလို့သာအင်တာဗျူးအခန်းထဲကိုရောက်နေတာပါ။ သူကသင့်ကိုအလုပ်မခန့်ရင် သူအတွက်အရည်အချင်းရှိတဲ့ သင့်ကိုဆုံးရှုံးမှာပါ။ သင်သာအရည်အချင်းရှိရင် သင့်အတွက်အလုပ်ဆိုတာမရှားပါဘူး။ ဒီတော့
အင်တာဗျူးအခန်းထဲမှာဘယ်တော့မှာမကြောက်ပါနဲ့။

- English စကားကိုအတတ်နိုင်ဆုံးပီပီသသနဲ့ ယုံကြည်မှုရှိစွာပြောနိုင်ပါစေ။

- ဒါ့အပြင် အပေါ်ကဆောင်ရန်ရှောင်ရန်လေးတွေကိုသာလိုက်နာမယ်ဆိုရင် သင်ဟာအလုပ်ရဖို့ ၉၀ရာခိုင်နှုန်းသေချာသွားပါပီ။

work.com.mmအသုံးပြုပြီး အင်တာဗျူးရတဲ့အခါ အသုံးချနိုင်ကြပါစေ။

မိုးရှင်း(I.M.T)
www.work.com.mm


 https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327695

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...