စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အန္တရာယ် မသေးသော အသေးစား ငိုက်မျဉ်းခြင်း


 


ထိုင်နေရင်း ဆတ်ခနဲ ခေါင်းငိုက် ကျသွားတာမျိုး လူတိုင်း ကြုံဖူးလိမ့် မည်။ အိပ်ရေး ပျက်သူများ အများဆုံး ဖြစ်ကြသည်။ ဆတ်ခနဲ ငိုက်ကျ သွားပြီးလျှင် လူက ဗြုန်းဆို သတိပြန်ဝင် လာသည်။ သို့သော် သိပ်မကြာ ထိုသို့ ဆတ်ခနဲ ငိုက်ကျ ပြန်သည်။ မိမိ အလွန် အိပ်ချင် နေပြီဖြစ် ကြောင်း ခန္ဓာကိုယ်က အချက်ပြ ခြင်းဖြစ်သည်။ ထိုသို့ ဆတ်ခနဲ့ ဆတ်ခနဲ ငိုက်ကျ သွားခြင်းကို အသေးစား ငိုက်မျဉ်းခြင်း (Micro-sleep) ဟု ခေါ်သည်။ အသေးစား ငိုက်မျဉ်းခြင်း ဟု ခေါ်တွင် သော်လည်း ၄င်းက ပေးမည့် အန္တရာယ်ကား မသေးလှ။

ဗြိတိန် နိုင်ငံ ယာဉ် လမ်းကြော လုံခြုံ ဘေးကင်းရေး အဖွဲ့က ကောက်ယူ ထားသော စာရင်းအရ ကားမောင်းသူ အမျိုးသား များ၏ ထက်ဝက် နီးပါး ကားမောင်းနေရင်း အသေးစား ငိုက်မျဉ်း မိကြကြောင်း သိရသည်။ မသေး သော အန္တရာယ်ဖြစ်သည်။ ဗြိတိန် နိုင်ငံ ယာဉ်လမ်းကြော လုံခြုံ ဘေးကင်းရေး အဖွဲ့သည် ကားမောင်းသူ ၁၀၀၀ ကို တွေ့ဆုံ မေးမြန်းခဲ့သည်။ အမျိုးသား ၄၅ ရာခိုင်နှုန်းက ယာဉ်မောင်း နေစဉ် ဆတ်ခနဲ ဆတ်ခနဲ ငိုက်မျဉ်းသွား တတ်ကြောင်း ၀န်ခံ ထားကြသည်။ အမျိုးသမီး ၂၂ ရာခိုင်နှုန်း ကလည်း အလားတူ ၀န်ခံထား ကြသည်။

အသေးစား ငိုက်မျဉ်းခြင်း ဟူသည် ငါးစက္ကန့်မှ ဆယ်စက္ကန့်ခန့် ဦးနှောက်သည် အိပ်ပျော် သည့် အခြေ အနေကို ရောက်ရှိ သွားခြင်းကို ခေါ်သည်။ အလွန် အမင်း အိပ်ရေးပျက် ထားသည့်အခါ ဦးနှောက် သည် အလိုလို နေရင်း အသေးစား ငိုက်မျဉ်းခြင်း အခြေအနေ သို့ ရောက်သွား တတ်သည်။ အထူးသဖြင့် ဦးနှောက် အလုပ် များစွာ လုပ်ရန် မလိုသော အခြေအနေ များတွင် ထိုသို့ ပိုဖြစ်တတ် သည်။

ဖြောင့်ဖြူး နေသော အဝေးပြေး လမ်းမကြီးများ တွင် ကားမောင်း ရခြင်းသည် လည်း ကြာလာ လျှင် ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းလာသော ကြောင့် အိပ်ရေး ၀မထား သူများသည် ထိုသို့သော အခြေအနေ တွင် ခဏ ခဏ ဆိုသလို ဆတ်ခနဲ ဆတ်ခနဲ ငိုက်သွား တတ်ကြသည်။ မသေးသော အန္တရာယ်ကို မြင်နိုင်သည်။ ထိုသို့ ဆတ်ခနဲ ငိုက်သွားပြီး လျှင် ဗြုန်းဆို ပြန်နိုးလာပြီး လူက တစ်ချက် လန်းခနဲ ဖြစ်သွား သည်။ ထိုသို့ ဖြစ်အောင် ဦးနှောက်က ဆွပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ခဏနေလျှင် ပြန်ပြီး ဆတ်ခနဲ ငိုက်ကျ ပြန်သည်။

““မျက်ခွံတွေ လေးလာမယ်၊ ဗြုန်းဆို လောကကြီးနဲ့ အဆက်ပြတ် သွားမယ်””ဟု လောင်းဘာရော့ တက္ကသိုလ် အိပ်စက်ခြင်း ဆိုင်ရာ သုတေသန စင်တာမှ ပါမောက္ခ ဂျင်မ်ဟွန်း က ပြောသည်။ ““အဲဒီလို နဲ့ လေး၊ ငါးစက္ကန့် လောက် အိပ်ပျော် သွားမယ်။ ပြီးရင် ဗြုန်းဆို လူကလန်း ပြီး ပြန်နိုး လာမယ်””ဟု ရှင်းပြသည်။

အိပ်ပျော်သွားမှန်းပင် မသိလိုက်ဘဲ အိပ်ပျော်သွား ခြင်းဖြစ်သည်။ ထိုသို့ အသေးစား အိပ်ပျော်သွားခြင်းကို ဦးနှောက်ကလည်း အိပ်ပျော်သွားမှန်း ထောက်လှမ်းနိုင် ခြင်းမရှိ။ ငိုက်ခနဲ ခေါင်းပြုတ်ကျမှ ဦးနှောက်က ထောက် လှမ်းမိပြီး ဗြုန်းဆို လူကနိုးသွားခြင်းဖြစ်သည်။


http://www.searchmyanmar.com/link/frame/cid/41295

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...