စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲ မြန်မာဗိုလ်စွဲ


လက်ရွေးစင်အဆင့်တွင် ရှစ်နှစ်အတွင်း ပထမဆုံးဆုဖလားပြန်လည်ရရှိခြင်းဖြစ်
မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားနှင့်အတူ မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)
 
ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလား (PFF Peace Cup 2014) ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းက အိမ်ရှင် ဖိလစ်ပိုင် လက်ရွေးစင်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၀၆ ခုနှစ်နောက်ပိုင်း လက်ရွေးစင် အဆင့်တွင် ပထမဆုံးဆုဖလား အဖြစ် ပြန်လည်ရယူနိုင်ခဲ့သည်။
စက်တင်ဘာ ၆ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် ဗိုလ်လုပွဲ၌ မြန်မာ အသင်းသည် အရပ်အမောင်းနှင့် ကြံ့ခိုင်မှု ပိုကောင်းသည့် ဖိလစ်ပိုင်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး အချိန်ပိုတွင် စိုးမင်းဦး၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။



မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)

မြန်မာအသင်းအတွက် ဦး ဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်တွင် ကျော်ကိုကိုက အဝေးမှ လှပစွာသွင်းယူ ပေးခဲ့ပြီး ပထမပိုင်းတွင် ဦး ဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်း တွင် ဖိလစ်ပိုင်အသင်းက ပြန် လည်ဖိအားပေးကာ ပွဲချိန် ၅၀ မိနစ်နှင့် ၆၉ မိနစ်(ပင်နယ်တီ)တို့တွင် ချေပဂိုးနှင့် ဦးဆောင်ဂိုးပြန်လည် ရယူခဲ့သည်။ မြန်မာအသင်းအတွက် အ ဖိုးတန်ချေပဂိုးကို ပွဲချိန် ၉၀ မိနစ် တွင် ကျော်ဇေယျာဝင်းအစား ၀င်လာသော မင်းမင်းသူက ခေါင်းတိုက် သွင်းယူကာ အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ အချိန်ပို ပထမပိုင်း ၁၀ မိနစ်တွင် မြန်မာအသင်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို လူစားဝင်ကစားသမား စိုးမင်းဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားပြိုင်ပွဲ ပြီးခဲ့ သည့် နှစ်ကြိမ် ဆက်တိုက်တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းက ဗိုလ် စွဲထားပြီး ယခုနှစ်ပြိုင်ပွဲ၌ မြန်မာ အသင်းအနေဖြင့် ပထမဆုံးအ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
 
မြန်မာ့လက်ရွေးစင်အသင်း သည် ဖိလစ်ပိုင်အသင်းကို ပြီးခဲ့ သည့် ၂၀၁၂ ဆူဇူကီးဖလားအုပ် စုအဆင့်တွင် တွေ့ဆုံစဉ်က (၀-၂) ဂိုး ၂၀၁၃ နှစ်ဆန်းပိုင်းက ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့ သည့် ခြေစမ်းပွဲစဉ်၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့ရာ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲတွင် ပြန်လည်အနိုင်ယူကာ ရှုံးကြွေးဆပ်နိုင်ခဲ့သည်။



မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)

မြန်မာ့လက်ရွေးစင် ဘော လုံးအသင်းအနေဖြင့် ၂၀၀၆ မာ ဒေးကားဖလား ပြိုင်ပွဲ၌ ဗိုလ်စွဲ ပြီးနောက် ရှစ်နှစ်အကြာ နိုင်ငံတကာပြိုင်ပွဲဆုဖလားတစ်ခုအား  ပြန်လည်ရယူနိုင်ခဲ့သည်။ ထို့အပြင် ယခုဆုဖလားသည် ၂၀၁၄နှစ်ဆန်းပိုင်းက မြန် မာအသင်းကို စတင်ကိုင်တွယ်ခဲ့သည့် နည်းပြချုပ် အေဗရာမိုဗစ်ရယူပေးသော ပထမဆုံး ဆုဖလားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဖိလစ်ပိုင်နည်းပြက ပွဲမတိုင်ခင် မြန်မာအသင်းနည်းပြ အေဗရာမိုဗစ်မှာ စင်ကာပူကိုင်တွယ်ခဲ့စဉ်က ၂၀၁၂ ဆူဇူကီးဖလားအကြိုဗိုလ်လုပွဲရှုံးကြွေးပြန်ဆပ်ရန် စိတ်ဓာတ်မြှင့်တင်မှုဖြစ်စေသည်ဟုဆိုခဲ့သည်။



မန်မာ−ဖိလစ်ပိုင် ဘောလုံးပွဲကို လက်ဖက်ရည်ဆိုင်တွင် ကြည့်ရှုနေသော ပရိသတ်များ (ဓာတ်ပုံ − နစ်ကီ)

သို့သော်ပွဲတွင် မြန်မာကစားသမားများက ခြေမသာသော်လည်း နိုင်လိုစိတ်ပိုပြင်းပြခဲ့သည်ကို တွေ့ရသည်။

 ဗိုလ်လုပွဲမတိုင်မီ ယှဉ်ပြိုင် ကစားခဲ့သည့် တတိယ နေရာလုပွဲတွင် ပါလက်စတိုင်းအသင်းက  တရုတ်(တိုင်ပေ) အသင်းကို(၇-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

http://www.7daydaily.com/story/20089#.VAxXOWOM-Sp

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...