စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်ပြတင်းပေါက်များကို လျှပ်စစ်ဓာတ်အားထုတ်စေနိုင်မယ့် မှန်


 

ပုံမှာ မြင်နေရတဲ့ မှန်ပြားက နယ်နယ်ရရတော့ မဟုတ်ပါဘူး။ နေရောင်ခြည်ကို ဆုပ်ယူပြီး လျှပ်စစ်ဓာတ်အားအဖြစ် ပြန်လည် ထုတ်ပေးမယ့် ဆိုလာပြား တစ်မျိုးပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက Michigan State University မှ သုတေသန ပညာရှင်တို့ တီထွင်ဖန်တီးနိုင်ခဲ့တဲ့ ပစ္စည်း ဖြစ်ပါ တယ်။

တစ်ဖက်နဲ့ တစ်ဖက် ဖောက်ထွက်မြင်နေရတဲ့ ယင်း transparent solar concentrator အမျိုးအစား ဖြစ်ပါတယ်။ နေရောင်ခြည် အလင်း (Photons) တွေ ကို Electron အဖြစ် ပြောင်းလဲပြီး Electric ထုတ်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိ တီထွင်ဖန်တီးမှုအတွက် ကတော့ ကုန်ကျစရိတ် များစွာ ရှိပေမ့ယ် သာမန် မှန်တစ်ချက် ထုတ်တာလောက်သာ ကုန်ကျစရိတ်ရှိအောင် ကြိုးစားဖန်တီးနေခြင်း ဖြစ်ပါတယ်။ အကယ်၍ ဈေးပါ သက်သာ သွားပြီ ဆိုရင် လက်ရှိ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မှန်တပ် အဆောက်အအုံ အားလုံးကို အစားထိုး နိုင်ပြီး လျှပ်စစ် ဓာတ်အားကို လွယ်တကူ ထုတ်လုပ်နိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လို့ အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်ပြီး ကုန်ကျစရိတ် လည်း သက်သာ လာစေမှာ ဖြစ်ပါတယ်။

သာမန် ဖန်နဲ့ ပလပ်စတစ် ရောတဲ့ မှန်တစ်ချပ် အလား အမြင်အားဖြင့် တူအောင် ဖန်တီးနိုင်ခဲ့ပြီးပါပြီ။ အရေအတွက် များများနဲ့ ဈေးသက်သက်သာသာ ဖြင့် ထုတ်လုပ်နိုင်အောင် ကြိုးပမ်းလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: dailymail

အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/photo.php?fbid=688050591283793&set=a.11015734573979

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...