စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သီတဂူဆရာတော် ပါကစ္စတန်ရေဘေးတွက် ဒေါ်လာ တစ်သောင်းအလှူ

 
 
Kyaw Swar Myint added 6 new photos.
 
လူသားချင်းစာနာမှုအပြည့်ရှိတဲ့ ဆရာတော်ကြီးရဲ.မြင့်မြတ်တဲ့စိတ်ဓါတ်
===========================================

(Sitagu Donation to Pakistan)
Sitagu Missionary Association has been established by Most. Ven.
Dr. Ashin Nyanissara with the aim of giving a hand to the needy who are
really in need, regardless of religion, race, color and caste. So far, much
assistance has been reached out to those who are in need far and near
and to those whatever religion they belong to.
Today is a remarkable day which we learn with great pleasure that Sitagu
Sayadaw, Most. Ven. Dr. Ashin Nyanissara has donated 10000 USD
through Pakistani Embassy to some areas of Pakistan which are badly
and severely affected by the heavy flood.
It is a good example that it is a must for everyone whatever religion they
profess in to help those who are in need.
English version by Ashin Visuta

သီတဂူဆရာတော် ပါကစ္စတန်ရေဘေးတွက် ဒေါ်လာ တစ်သောင်းအလှူ
---------------------------------------
သီတဂူဆရာတော်ကြီးသည် ပါကစ္စတန်နိုင်ငံ၊ ရေးဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကို မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး၊ ပါကစ္စတန်
သံအမတ်ကြီးထံသို့ ၁၆-၉-၂၀၁၄ နေ့၊ နေ့လည်ပိုင်းက သွားရောက်လှူဒါန်းသည်။
ဆရာတော်ကြီးက ထိုလှူဒါန်းပွဲမှာ လှူဒါန်းရခြင်း၏အကြောင်းကို ပါကစ္စတန်
သံအမတ်ကြီးနှင့် သံရုံဝန်ထမ်းများ၊ သတင်းထောက်များအား အောက်ပါအတိုင်း
မိန့်ကြားသည်။
ချစ်ခြင်းအပေါ်မှာ လက်တွဲခြင်း
---------------------------------------
ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာတို့ဆိုပြီး နိုင်ငံတွေနဲ့ လူမျိုးတွေ၊ ကိုးကွယ်သည့်ဘာသာ
တွေ မတူကြသော်လည်းဘဲ Problem ပြသာနာဆိုတာ ဖြစ်ရင်၊ ဥပမာ ရေနစ်နေရင်၊
မြန်မာပြည်မှာလည်း ရေကြီးတာတွေ၊ရေနစ်တာတွေ အများကြီးပဲ၊ မြန်မာဗုဒ္ဓဘာသာ
မှာ ဖြစ်သလို ခရစ်ယာန်၊ အစ္စလာန်၊ ပါကစ္စတန်မှာလည်း ဖြစ်တာပဲ။

အစ္စလာန်နှင့်ဗုဒ္ဓဘာသာ၊ ပါကစ္စတန်နှင့် မြန်မာဆိုတဲ့ အပေါ်က နာမည်လေးတွေကို ခဏဖယ်ထားလိုက်၊ ရေနစ်ခံရတဲ့ဒုက္ခ၊ ရေမြုတ်ခံရတဲ့ဒုက္ခဟာ ဘုံဆိုင်ပြသာနာ
(Common Problem)ပဲ၊ အားလုံးနဲ့ဆိုင်နေတယ်။ အဲဒီတော့ အများနှင့်ဆိုင်နေတဲ့
ဒီပြသာနာကိုဝိုင်းဝန်းပြီးတော့ ဖြေရှင်းပေးရမည်။ ဒါဟာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ
ရှိသည့် တာဝန်ပဲ။မတူတာလေးတွေကို ကြည့်ပြီးတော့ တူညီတဲ့အပေါ်မှာ လက်မတွဲ
နိုင်ကြရင် ကမ္ဘာကြီးက ပြသာနာတွေဟာ ရှင်းလို့ရမှာ မဟုတ်တော့ဘူး။ အဲဒီရဲ့ အမှတ်လက္ခဏာကို ပြဖို့ ဒီကနေ့ ဒို့လာလှူခြင်းဖြစ်သည်။
တူညီသည့်ပြသာနာ နှင့် တူညီတဲ့ စိတ်ထား
------------------------------------------------

ရေမြုပ်ခြင်း၊ မီးလောင်ခြင်း၊ မိုးခေါင်းခြင်းဆိုတဲ့ ပြသာနာတွေဟာ တိုင်းပြည်နှင့်လူမျိုး၊ ကိုးကွယ်သည့်ဘာသာ မတူပေမဲ့ ဒီပြသာနာတွေ အားလုံးက တူနေတယ်။ ပြသာနာ
တွေ တူနေတယ်ဆိုရင် Common Problem လို့ ခေါ်တယ်။အဲဒီတူညီတဲ့ ပြသာနာကို
တူညီတဲ့ စိတ်ဓာတ်တစ်ခုရှာပြီးတော့ အားလုံး ၀ိုင်းဖြေရှင်းရမည်။ ဒါဟာ ဘုန်းကြီး
စိတ်ထဲမှာ အမြဲတမ်းရှိတယ်။ အဲဒီတော့ ပရဟိတအသင်းအဖွဲ့အားလုံးကို ဘုန်းကြီး
ဒီအတိုင်းပဲပြောတယ်။အဲဒီတော့ တူညီသော ပြသာနာ အားလုံးကို တူညီသော
စိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းဖြေရှင်းဖို့ဆိုရာမှာ အခုလို ရေမြုပ်ခြင်းတို့၊ မီးလောင်ခြင်းတို့၊
တောင်ပြိုခြင်းတို့၊ မိုးခေါင်းခြင်းတို့၊ ငတ်မွတ်ခြင်းတို့ ဒုက္ခတွေကို ဖယ်ရှားတဲ့နေရာမှာ
ကရုဏာတရားအပေါ်မှာ အားလုံးလက်တွဲရမည့် Common Platformပဲ။ ဒီနေ့
ဘုန်းကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ အဲဒီ တူညီတဲ့ လမ်းပေါ်မှာ လက်တွဲ
ပြီးတော့ ပါကစ္စတန်ရေဘေးအတွက် လှူတာပဲ။

ကရုဏာဆိုတာ သူတပါးဒုက္ခရောက်တဲ့အပေါ်မှာ ခံစားတဲ့ စိတ်။ ခံစားနေရုံနဲ့မပြီး
သေးဘဲ သူတပါးရဲ့ ဒုက္ခကို ဖယ်ရှားပေးလိုတဲ့ စိတ်ဟာ ကရုဏာပဲ။ အဲဒီကရုဏာ
စိတ်ထားမျိုးဟာ လူမျိုးတိုင်း၊ ဘယ်ဘာသာကိုးကွယ်တဲ့ ဘာသာဝင်တိုင်းမှာမဆို ရှိအပ်တဲ့ နှစ်လုံးသားရဲ့ အရည်အချင်းပါပဲဆိုတာ အဲဒါလေးနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။
ပါကစ္စတန်ရေဘေးမှာ အသက်ဆုံးရှူံးသွားသူ ၃၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်သူ နှစ်သိန်း
ကျော် ရှိသူဟု ပါကစ္စတန်သံအမတ်ကြီးက ဆရာတော်ကြီးအား လျှောက်ထားပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သတင်းဓါတ်ပုံ - သီတဂူစတား

https://www.facebook.com/kokyaw.thu.3/posts/580538092069271 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...