စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှားမှ မြန်မာပြည်သို့ ဖုန်းခေါ်လျှင် သက်သာအောင်သုံးသော code များ



အထုးဆောင်းပါ
မလေးရှား (၁.၉.၂၀၁၄)

မလေးရှားရောက်မြန်မာများ အဖို့ မလေးရှားကနေ မြန်မာပြည်ကို လူတိုင်း မဖြစ်မနေ ဖုန်းခေါ်လေ့ရှိကြပါတယ် .. အဲ့လိုခေါ်တဲ့နေရာမှာ သိတဲ့သူတော်တော်များများက သက်သာတဲ့ IDD ကုဒ်တွေကို ရှေ့က ခံပြီး ခေါ်တတ်ရင်တော့ သတ်မှတ်ထားတဲ့ ခေါ်ဆိုခထက် ၃၀ ရာခိုင်းနှုန်းခန့်အထိ သက်သာစေတာကို သိစေချင်တာပါ ။ သိကြတယ်လို့ယူဆထားလို့ ကျွန်တော်တို့ အနေနဲ့ ဒီဆောင်းပါးကို မရေးဖြစ်ခဲ့တာပါ ။

ဥပမာ ပုံမှန်အတိုင်း မြန်မာပြည်က ဖုန်းနံပတ် 0922222222 (ဥပမာ) ကိုခေါ်မယ်ဆိုပါစို့ ... ပုံမှန်အတိုင်း 0095092222222 လို့ခေါ်မယ်ဆို တစ်မိနစ် တစ်ကျပ် ကုန်တယ်ဆိုပါစို့ .. အရှေ့က IDD ပရိုမိုးရှင်း ကုတ် ကိုထည့်ခေါ်ပါက ခေါ်ဆိုခမှာတစ်မိနစ်ကို ပြား 20 ခန့် ထပ်မံသက်သာစေပါတယ် ။ အဲ့လိုခေါ်တာကို Special Rate IDD Code နဲ့ ခေါ်တယ်လို့ ခေါ်ပါတယ် ။

ခေါ်ဆိုရမယ့် ပုံစံက (IDD CODE + 0095 + 0922222222 ) ဖြစ်ပါတယ် ။
 

  ရောက်ပြီးသား အတွေ့အကြုံရှိတဲ့ သိတဲ့ သူတွေအတွက် ကျွန်တော်တို့ ရေးစရာမလိုတော့ဘူးလို့ ထင်ခဲ့ပေမယ့် ယနေ့ မလေးရှားရောက် မြန်မာများထဲမှာ မသိသေးတဲ့သူတွေများနေတာတွေ့ရလို့ ကျွန်တော်တို့ သက်ဆိုင်ရာ ဖုန်း လိုင်းများကို လေ့လာပြီး သေသေချာချာ နောက်တစ်ခေါက်ပြန်လည်ရေးသားပေးပါတယ်ခင်ဗျာ ။

1.MAXIS / HOTLINK (IDD CODE 132)
------------------------
MAXIS နဲ့ HOTLINK ကတူတူပါ 1995 မှာပဲ မလေးရှားမှာ DIGI နဲ့အတူ စတင်ဝန်ဆောင်ပေးခဲ့တဲ့ လိုင်းတစ်လိုင်းဖြစ်ပါတယ် ။ မြန်မာပြည်ကို ပုံမှန်ခေါ်ဆိုပါက တစ်မိနစ်ကို 1.00 RM သင့်ပါတယ် ။ IDD CODE (132) ကိုရှေ့ကခံပြီး ခေါ်မယ်ဆိုပါက 0.88 ပြားပဲကျသင့်ပါတယ် ။ ည ၁၂ နာရီနောက်ပိုင်းခေါ်ဆိုပါက တစ်မိနစ်ကို 80 ပြားပဲကျသင့်ပါလိမ့်မယ် ခင်ဗျာ ။ ယနေ့အထိတော့ မလေးရှားကနေ မြန်မာပြည်ကို ခေါ်ဆိုနိုင်တဲ့ ဒုတိယ အသက်သာဆုံး နှုန်းထားအနေနဲ့ ရပ်တည်ထားပါတယ် ။
ခေါ်ဆိုရမယ့် ပုံစံက (132+0095+0922222222 ) ဖြစ်ပါတယ် ။

2. DIGI (IDD CODE 133)
--------
DIGI ကုမ္မဏီက နော်ဝေး ကုမ္မဏီပါ မြန်မာပြည်မှာ စတင်ရောင်းချမယ့် TELENOR နဲ့ ကုမ္မဏီ တူပါတယ် 24 May 1995 မှာ မလေးရှားမှာ စတင်လုပ်ကိုင်ခွင့်ရခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ မြန်မာပြည်ကို ပုံမှန်ခေါ်ဆိုပါက ပုံမှန်တစ်မိနစ်ကို 1.28 RM ကျသင့်ပါတယ် ။ IDD CODE (133) ကိုရှေ့ကခံပြီး ခေါ်မယ်ဆိုပါက 1.02 RM ပဲကျသင့်ပါတယ် ။
ခေါ်ဆိုရမယ့် ပုံစံက (133+0095+0922222222 ) ဖြစ်ပါတယ် ။

3. CELCOM / XPAX (IDD CODE 131)
------------------------
CELCOM က မလေးရှားမှာ ပထမဆုံး ဝန်ဆောင်ပေးခဲ့တဲ့ ကုမ္မဏီ ပဲဖြစ်ပါတယ်။ မလေးရှား TELECOM ကုမ္မဏီ ပိုင်ဆိုင်တဲ့ ကုမ္မဏီဖြစ်ပြီး မလေးရှားရဲ့ Mobile သမိုင်းမှာ ၀၁၉ ဆိုတဲ့ နံပတ်နဲ့ ပထမဆုံး စတင်ခဲ့တဲ့ ကုမ္မဏီပါ ။ သူရဲ့ ပုံမှန် မြန်မာပြည်ကို ခေါ်ဆိုရင် ကုန်ကျမယ့် ပုံမှန်နှုန်းထားက တစ်မိနစ်ကို 1.27 RM ကုန်ကျပါတယ် ။ IDD CODE (131)ခံပြီးခေါ်မယ်ဆိုပါကလည်း ဈေးတူပဲဖြစ်ပါတယ် ။ မြန်မာပြည်အတွက် အထုဈေးနှုန်းမသတ်မှတ်ထားကြောင်းတွေ့ရပါတယ် ။

4. U-Mobile (IDD CODE 1310)
--------------
U-Mobile က မလေးရှားမှာ March 2008 ကနေ စတင်ဝန်ဆောင် ပေးခဲ့တဲ့ ကုမ္မဏီ သစ်ဖြစ်ပါတယ် သူက CELECOM နဲ့ စပ်တူ ဝန်ဆောင်မှုပေးပြီး CELECOM လိုင်းကိုပဲ မှီထားပါတယ် ။ မြန်မာပြည်ကို ပုံမှန်ခေါ်ဆိုပါက ပုံမှန်တစ်မိနစ်ကို 1.19 RM ကျသင့်ပါတယ် ။ IDD CODE (1310) ကိုရှေ့ကခံပြီး ခေါ်မယ်ဆိုပါက 0.70 RM ပဲကျသင့်ပါတယ် ။ မြန်မာပြည်ကို တယ်လီဖုန်းခေါ်ဆိုနိုင်တဲ့ အသက်သာဆုံး ဖုန်းကဒ်လို့ ပြောနိုင်ပါတယ် လူသုံးတော့ နည်းပါသေးတယ် ။
ခေါ်ဆိုရမယ့် ပုံစံက (1310+0095+0922222222 ) ဖြစ်ပါတယ် ။

5. TUNETALK (NO IDD CODE REQUIRE)
------------------
TUNE TALK က မလေးရှားမှာ 19 August 2009 မှာတရားဝင်စတင်ခဲ့တဲ့ အဲအေးရှား လုပ်ငန်းစု ဖြစ်တဲ့ TUNE ကုမ္မဏီရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ် ။ CELECOM လိုင်းကိုပဲ မှီခို အသုံးပြုထားပြီး ကိုယ်ပိုင် နက်ဝေါ့ တည်ဆောက်ထားခြင်းမရှိသေးပါဘူး ။ သူရဲ့ မြန်မာပြည်ကို ခေါ်တဲ့ နှုန်းထားက တစ်မိနစ်ကို ၈၅ ပြား ဖြစ်ပါတယ် ။ ဘာ CODE မှ ခံခေါ်စရာမလိုပါဘူး ။
တိုက်ရိုက်ခေါ်ဆိုရုံပါပဲ ။

ဒီဆောင်းပါးဖြစ်ရန်ကျွန်တော်တို့ ဖုန်းလိုင်းတွေရဲ့ နှစ်အလိုက် IDD နှုန်းထားတွေ ၊ ဖုန်းလိုင်းတွေရဲ့ သမိုင်းနဲ့ ပရိုမိုးရှင်းတွေကို သေချာ တွက်ချက် ရေးသားတင်ဆက်ပေးထားခြင်းဖြစ်ပါတယ် ။

အင်တာနက်စာမျက်နှာ များ နဲ့ ကြော်ငြာတွေမှာတော့ ခေါ်ဆိုက နှုန်းထားတွေကို စက္ကန့် ၃၀ အတွက် စံထားပြီးကြော်ငြာတာတွေ့နိုင်ပါတယ် ။ ကျွန်တော်တိုခုရေးတဲ့ ဆောင်းပါးထဲက ဈေးနှုန်းတွေကတော့ တစ်မိနစ်စာ ဖြစ်ပါတယ် ။

ဒီဆောင်းပါကို မလေးရှားက သူငယ်ချင်းတွေသိအောင် ဆက်ပြီးလက်ဆင့်ကမ်း Share လိုက်ကြပါဦးခင်ဗျာ ။ ကျွန်တော်တို့ အားလုံးအတွက် ကြိုးစား တင်ဆက်ပေးထားတာပါ ။

ဘယ်ကုမ္မဏီရဲ့ ထောက်ပံ့မှုကိုမှ မယူထားပါဘူး ။ ဒါကြောင့် ကြော်ငြာမဟုတ်ကြောင်းကို တော့ သတိမူစေခြင်ပါတယ် ။

ဘာကြောင့်ပဲ မလေးရှားမှာနေနေ
မလေးရှားရောက်မြန်မာများ facebook
www.facebook.com/mmrinmy ဝိုင်းတော်သားများက
သင့်အတွက် အမြဲတမ်း ကြိုးစားတင်ဆက်ပေးနေပါ့မယ်

မူပိုင်
မလေးရှားရောက်မြန်မာများ official facebook စာမျက်နှာ
www.facebook.com/mmrinmy


https://www.facebook.com/shwelungal/photos/a.296175853874554.1073741829.2950347

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...