စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘဝအတွက် အတွေ့အကြုံ (Experience)

 
                      
အတွေ့အကြုံဆိုတာ မိမိကိုယ်တိုင် မြင်ခဲ့တာ၊ မိမိကိုယ်တိုင် ကြားခဲ့တာ ၊ မိမိကိုယ်တိုင် လုပ်ခဲ့တာ စတဲ့ အရာတွေ အပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ အရာ ဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ် လေးရဲ့ စိတ်ဟာ စာရွက်ဖြူ တစ်ရွက်နှင့် သဏ္ဍန်တူပါတယ်။ သူ့မှာ ဘာဆို ဘာမှ အတွေ့အကြုံ မရှိသေးတဲ့ အတွက် စဉ်းစားတတ်တဲ့ စိတ် ၊ ဆင်ခြင်နိုင်တဲ့ စိတ်နှင့် ဝေဖန်နိုင်တဲ့ စိတ်တွေ မရှိပါဘူး။

ဒါကြောင့် အတွေ့အကြုံရှိ သူများဟာ အတွေ့အကြုံမရှိသူ များထက် ပိုမို၍ စဉ်စားဆင်ခြင် ဆုံးဖြတ်နိုင်တဲ့ စိတ်တွေ ပိုရှိမယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အတွေ့အကြုံများများ ရှိသူတွေဟာ ပိုမိုပြီး လေးနက်ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ချနိုင်တာပေါ့။ ဒါကြောင့် လူတိုင်း လူတိုင်းဟာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရှိနေဖို့ လိုအပ်ပါတယ်။

အတွေ့အကြုံ မရှိသူတွေ အတွေ့အကြုံနည်းတဲ့ သူတွေဟာ အတွေ့အကြုံ များသူများထက် ကောင်းမွန်တဲ့ အတွေးအခေါ်တွေကို တွေးတောနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အတွေ့အကြုံသည် ဘဝ တည်ဆောက်သည့် နေရာမှာ လိုအပ်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ် လူတွေ အကြားမှာလည်း အတွေ့အကြုံ (Experience) ကို တွင်ကျယ်စွာ သုံးစွဲလာကြပါတယ်။
 

ဗြိတိသျှ အတွေးအခေါ်ပညာရှင်ကြီး ဂျွန်လော့ပြောတဲ့ အတွေ့အကြုံ အကြောင်းကို
မှီငြမ်းကား ရေးသားထားခြင်း ဖြစ်ပါတယ်။
 

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...