စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Android ဖုန်းမှာ ဘတ္တရီ သက်တမ်း အချိန် ကြာကြာ သုံးခံစေဖို


Android ဖုန်းတွေဟာ ဘတ္တရီ သက်တမ်း တိုတောင်းတယ်လို့ ဆိုကြ ပါတယ်။ ဒါပေမဲ့ Setting အနည်း
ငယ်လောက် ကို ပြုလုပ် လိုက်တာနဲ့ ဘတ္တရီ သက်တမ်းကို ပိုပြီး တိုးမြှင့်နိုင်မှာပါ။ ဘတ္တရီ အားကို ပိုမို
ကောင်းကောင်းနဲ့ အသုံးခံစေဖို့ အောက်မှာ အချက်တွေ အနည်းငယ်ကို ဖော်ပြလိုက်ပါတယ်။

ဖုန်းမှာ GPS ဖွင့်ထားခြင်း

GPS ဟာ ဖုန်း ဘတ္တရီအား စားစေတဲ့ အဓိက အချက်ဖြစ်ပါတယ်။ ဖုန်းထဲမှာ ရှိတဲ့ GPS ချိပ်စ်ပြားကနေတ
ဆင့် တည်နေရာ အချက်အလက်တွေကို သိစေပြီး ဖုန်းတာဝါတိုင်တွေ၊ ၀ိုင်ဖိုင် Hptspots တွေကနေတစ်
ဆင့် သင့်ရဲ့နေရာတွေကို ရှာဖွေ နိုင်ပါတယ်။ ဖုန်း စစ်တမ်းတွေမှာ ဖုန်း တွေက သင့်ကို ရှာလေလေ သင့်
မှာရှိတဲ့ ဘတ္တရီအားက ကုန်လေလေပါပဲ။ ဒီတော့ ဖုန်းထဲက Settings > Location > Google Location
Reporting ကိုသွားပြီး ပိတ်လိုက်ပါ။

Wi-Fi scanning

ဒါဟာလည်း ဖုန်း ဘတ္တရီ အားအကုန် မြန်ရခြင်းရဲ့ အကြောင်း အရင်း တစ်ခု ဖြစ်ပါတယ်။ Android ပေါ်တွင်
ဝိုင်ဖိုင်ကို disabled လုပ်ထား ခဲ့ရင်တောင် ဖုန်းဟာ နက်ဝပ်ကို ရှာနေတုန်းပါပဲ။ ဒီလိုမဖြစ်ဖို့ Wi-Fi settings
> Advanced ထဲသွားပြီး Wi-Fi scanning ကို Uncheck လုပ်ပါ။

Battery tool ကို သုံးပါ။

သင့်ရဲ့ ဘတ္တရီဟာ အရမ်း မြန်မြန် ကြီး အားကုန် နေပြီလို့ ယူဆရင် Battery tool တွေကို သုံးနိုင် ပါတယ်။
Google play နဲ့ အခြား One Mobile Store တွေမှာ ဒေါင်းယူ နိုင်ပြီး ထို Tool တွေက ဘယ် app တွေဟာ
အား အရမ်းသုံး နေသလဲ ဆိုတာကို ပြပေး နိုင်ပါတယ်။

By Aung Hein Oo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...