စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့် အလုပ်လျှောက်လွှာက သင့်အရည်အချင်းကို အပြည့်အဝ မဖော်ပြပေးနိုင်



အလုပ်လျှောက် CV နဲ့ Resume တွေဟာ လုပ်သား တစ်ယောက်ရဲ့ အရည်အချင်း အားလုံးကို မဖော်ပြနိုင်ဘူး ဆိုတာကို အလုပ်လျှောက်သမားများ သိရမှာ ဖြစ်သလို။ လုပ်သားရှာဖွေထဲ့ ကုမ္ပဏီမှလည်း သိထားရန် လိုအပ် ပါတယ်။ မိမိတို့ အတွေ့အကြုံအရ CV အင်မတန် ကောင်းမွန်ပေမယ့် တကယ် လက်တွေ့ကျ အလုပ်မတွင်သူများ တွေ့ဖူးသလို၊ CV က သိပ်မကောင်းပေမယ့် လုပ်ငန်းခွင်မှာကျ တကယ် စွမ်းဆောင်နိုင်သူများ ရှိနေတာကို တွေ့ရပါတယ်။

ဒါကြောင့်မို့ CV/ Resume တို့ဟာ လုပ်သားတစ်ယောက်ရဲ့ အရည်အချင်း အပြည့်အစုံကို ဖော်ပြပေးနိုင်စွမ်း ရှိပါတယ်။ မိမိဟာ မိမိရဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုအပ် ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းတို့ဟာ ၃ လ အစမ်းခန့်ကာလ ဆိုတာကို ထားကြည့်လို့ စောင့်ကြည့်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် CV/ Resume တို့မှာ ပြည့်စုံရမယ့် အခြေခံ အချက်များကိုတော့ ပြည့်စုံစေရန် လိုအပ်ပါတယ်။ Simple outline အနေနဲ့ www.cvmkr.com ကနေလည်း ဝင်ရောက်လို့ ပြုလုပ် ဖန်တီးလို့ ရပါတယ်။ အကယ်၍ မိမိမှာ www.linkedin.com ထဲ account ဖွင့်ထားလို့ အချက်အလက် အပြည့်အစုံ ထည့်ထားမယ့်ဆိုရင် LinkedIn ကနေ CV ကို ပြန်လည် ထုတ်ယူပေးတဲ့ ဝဘ်ဆိုဒ်နဲ့ tool တွေကိုလည်း အသုံးပြု နိုင်ပါသေးတယ်။

ဒါကြောင့်မို့ အလုပ်လျှောက်သူများဟာ မိမိတို့ရဲ့ အလုပ်လျှောက်လွှာကို အခြေခံလိုအပ်ချက်များကိုတော့ ပြည့်အောင် ဖြည့်ပြီး အပြည့်စုံဆုံး ဖန်တီးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။
.
 

အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/10/blog-post_15.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...