စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထိပ်ပြောင်၊နောက်ပြောင်လို့စိတ်ညစ်နေသလား ?


               
ကျမ ၁၄-၁၅ နှစ်အရွယ်။ကျမရဲ့မောင်ဝမ်းကွဲတစ်ယောက် ၈-၉ နှစ်မှာဆံပင်ညှပ်ဆိုင်က အနာစက်ခေါ်တဲ့ပြည်တည်နာကူးလာပါတယ်။ (အဲ့ဒီအချိန်က တစ်ခါသုံး ဒါးတွေမပေါ်သေးပဲ သင်တုံးဒါး တစ်ချောင်း ထဲနဲ့အားလုံးကိုဆံပင်ညှပ်ပါတယ်)။ သူ့ခေါင်းတစ်ခုလုံးပြည်တည်နာတွေနဲ့ပြည့်နေလို့ရန်ကုန်ဆေးရုံကြီးအရေပြားဌာနကိုသွားပြတော့ ဦးခေါင်းအရည်ခွံခွါရမယ်လို့ပြောလိုက်တယ်လို့သိရ ပါတယ်။ တကယ်ပြောတာလား၊စလိုက်တာလားတော့မသိပါဘူး။ သူလည်းကြောက်လန့်ပြီး ဆေးရုံ မသွားတော့ပဲသူတို့မိသားစုကုနေကျ မြန်မာဆေးဆရာနဲ့ပြပါတယ်။ အဲ့ဒီဆေးဆရာရဲ့နံမည်တော့ မမှတ်မိ တော့ပါဘူး။ ဒါပေမဲ့သူ့ရဲ့ညာဘက်လက်သန်းရဲ့လက်သဲကရှည်နေတာမို့ကျမတို့က ဆရာလက်သဲလို့ အမည်ဝှက်ပေးထားပါတယ်။ (ဆရာဇီဝက အကြောင်းတွေဖတ်ရတော့မှ လက်သဲအရှည် ထားခြင်း ရဲ့ အဓိပ္ပါယ်ကိုသဘောပေါက်လာပါတယ်)။

မြန်မာဆေးဆရာဆိုပေမဲ့အနောက်တိုင်းဆေးဖိုးထက်ပိုဈေးကြီးပါတယ်။ ဆေးဖေါ်ဖို့ ကျပ် ၅၀၀ ပေးရ ပါတယ် (ရွှေဈေးနှစ်ထောင် ကျပ်၊ဆေးထိုးခ ၅ ကျပ်)။ သူက ဆေးအတွက်ကိုယ်တိုင်တောထဲသွားပြီး ဆေးမြစ်တွေရှာပြီးမှ ကိုယ်တိုင်ဆေးဖေါ်တယ်လို့သိရပါတယ်။ အတိုချုံပြောရရင်သူ့ဆေးနဲ့ မောင်ဝမ်း ကွဲရဲ့ခေါင်းပေါ်က အနာစက်တွေ အားလုံးပျောက်သွားပါတယ်။ ဒါပေမဲ့အနာတွေရဲ့နေရာမှာ အနာရွတ်တွေ ဖြစ်ပြီး တစ်ခေါင်းလုံး ဆံပင် တစ်ပင်မှမရှိပဲပြောင်လက်နေပါတယ်။ အဲ့ဒါနဲသူ့ကိုပြောပြတော့ ကြက်သွန်နီ ကို ထက်ခြမ်းခြမ်းပြီး ခေါင်းကိုပွတ်ခိုင်းပါတယ်။ အံသြလောက်အောင် မကြာခင်မှာ ဆံပင်တွေ ပေါက် လာ တာ သူ့အရင်က ဆံပင်ထက်ပိုများတာကိုတွေ့ရပါတယ်။ အဲ့ဒီအကြောင်းတွေကိုယခုတိုင်မှတ်မိနေပါတယ်။ ဒါကြောင့် ထိပ်ပြောင်၊နောက်ပြောင်သူ၊ဆံပင်နည်းသူ၊ပါးသူတွေတွေ့ရင် အရမ်းပြောပြချင်ပါတယ်။ ဒါပေမဲ့
ကျမမောင်ဝမ်းကွဲရဲ့အနာရောဂါအခြေအနေကြောင့်လား။ သူများအခြေအနေနဲ့မတူမှာ စိုးပြီး မပြောဖြစ်ခဲ့ ပါဘူး။ အခု ကြက်သွန်နီအကြောင်းရှာဖတ်တော့ လက်တွေ့စမ်းသပ်မှုတစ်ခုအရ ကြက်သွန်နီအရည် နဲ့ဦးရည်ကို တစ်ပတ်နှစ်ကြိမ် ပွတ်ပေးရာ နှစ်လတွင် ဆံပင်များပေါက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။
ကြက်သွန်နီရဲ့အခြားသောကျန်းမာရေးအကျိုးပြုအစွမ်းသတ္တိများကိုလည်းဖေါ်ပြလိုက်ပါတယ်။

ကြက်သွန်နီရဲ့ကျန်းမာရေးအကျိုးပြုအစွမ်းသတ္တိတွေဟာအလွန်များလှပါတယ်။ သူ့မှာအစွမ်းထက်တဲ့ ပိုးသတ်တဲ့ဂုဏ်သတ္တိ (anti-bacterial) နဲ့ အစွမ်းထက်တဲ့ ပိုးသန့်ရှင်းစေတဲ့သတ္တိ (anti-septic) တွေရှိ တဲ့အတွက် ကြက်သွန်နီကို အသီးအနှံတို့ရဲ့ဘုရင်လို့ခေါ်ပါတယ်။

ကြက်သွန်နီနဲ့ကြက်သွန်ဖြူတို့ဟာနီးစပ်တဲ့မျိုးများဖြစ်ပါတယ်။ ကြက်သွန်နီရဲ့ အရောင်ဟာ အဖြူ၊အနီ၊အ၀ါ၊နဲ့အစိမ်းရယ်လို့ အရောင်အမျိုးမျိုးရှိပါတယ်။ အရောင်တွေကွဲပြားသလို၊အရွယ်အစားနဲ့အရသာလည်း အမျိုးမျိုးကွဲပြားပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ ဆာဖါ (organic sulpha) များကြောင့် ၎င်းတို့ကိုလှီးရင် မျက်စိစပ်စေပါတယ်။ အမျိုးအစား၊လတ်ဆပ်မှု၊ရင့်မှည့်မှုအခြေအနေ (maturity) ပေါ်မူတည်ပြီး၎င်းတို့ တွင်ပါဝင်သော အာဟာရ ဓါတ်အနည်းအများကွဲပြားပါတယ်

ကြက်သွန်နီမှာ ဗီတာမင် အေ၊ဘီ၊စီ၊ folic acid, calcium, phosphorus, magnesium, chromium, iron နှင့် fiber တွေများစွာပါဝင်ပါတယ်။

ခရစ်မပေါ်မှီ နှစ် လေးထောင်ကထဲက ကြက်သွန်နီကိုရောဂါအမျိုးမျိုးကုသရာတွင်အသုံးပြုခဲ့တဲ့ မှတ်တမ်းများရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းကဒါဏ်ရာရသော စစ်သားများရဲ့အနာ သက်သာ ရန်နှင့်အနာကျက်ရန်အတွက် ကြက်သွန်နီအနှစ် (onion paste) ကိုအသုံးပြုခဲ့ကြပါတယ်။

ကြက်သွန်နီအသုံးပြုနိုင်သောရောဂါများ။

၁။ သွေးအားနည်းခြင်း (Anemia)- ကြက်သွန်နီမှာပါဝင်တဲ့ သံဓါတ်နဲ့ folic acid တို့ကြောင့် သွေးအားနည်းခြင်းရောဂါကိုသက်သာစေပါတယ်။

၂။ အဆီကျခြင်း (Anti-cholesterol) တစ်နေ့လျှင် အရွယ်တော်ကြက်သွန်နီ တစ်ခြမ်း စားပေး ခြင်းဖြင့် အဆီကျစေပြီး အဆီပိတ်နှလုံးရောဂါကိုကာကွယ်နိုင်ပါတယ်။

၃။ အရောင်သက်သာခြင်းသတ္တိ (anti-inflammmatory effect) ကြောင့် အဆစ်အမြစ် ရောင် ရောဂါ (arthritis) နဲ့ ဂေါက်ရောဂါ (gout) များတွင်အသုံးပြုနိုင်ပါတယ်

၎။ ပိုးသတ်ခြင်း (anti-bacterial) ကြက်သွန်နီဟာ ရောဂါဖြစ်စေသောပိုးများ၊အထူးသဖြင့် ဆီးလမ်း ကြောင်းမှာ ရောဂါဖြစ်စေသော (E.coli) ပိုး၊ ၀မ်းလျော်၊စမ်းကိုက်ရောဂါပိုး (Salmonella) နဲ့ တီဘီပိုး (TB) တို့ကိုသတ်နိုင်စွမ်းရှိပါတယ်။

၅။ သွေးတိုးရောဂါ (Hypertension) ကြက်သွန်နီအစိမ်း(၀ါ) အကျက်စားခြင်းဖြင့် သွေးတိုး ကျစေပါတယ်။ သွေးကြဲစေပါတယ်။ သွေးကြောထဲမှသွေးခဲမှုများကိုလည်းအရည်ပျော်စေပါတယ်။

၆။ အူမကြီးကင်ဆာ (Cancer of colon) ကြက်သွန်နီသည် အူမကြီးရှိ ကျန်းမာရေး အထောက် အကူပြုပိုးမွှားများအားတိုးပွါးစေခြင်းဖြင့် အူမကြီးကင်ဆာကိုကာကွယ်နိုင်ပါသည်။

၇။ ၀မ်းချုပ်ခြင်း။ ဟင်းများတွင် ကြက်သွန်နီများစွာထည့်ချက်ခြင်းဖြင့် ၀မ်းချုပ်ခြင်းနှင့် လေလည်ခြင်း ကိုသက်သာစေပါတယ်။

၈။ ဆီချိုရောဂါ ( Diabetes) ကြက်သွန်နီတွင်ပါဝင်သော chromium က အင်ဆူလင် ဓါတ် ထုတ်လုပ်မှုကောင်းစေခြင်းဖြင့် ဆီချိုရောဂါ ကိုသက်သာစေပါတယ်။

၉။ နားအူခြင်း၊နားတွင်းအသံမြည်နေခြင်း။ ကြက်သွန်နီရည်ဆွပ်ထားသော ၀ါဂွမ်းကိုနားတွင်ထည့်ခြင်းဖြင့် နားအူခြင်း၊နားတွင်းအသံမြည်နေခြင်းတို့ ကိုသက်သာစေပါတယ်။

၁၀။ ဆံပင်ပေါက်ခြင်း။ ကြက်သွန်နီအရည်(၀ါ) ကြက်သွန်နီဖြင့်ဦးရည်ကို တစ်ပတ်နှစ်ကြိမ် ပွတ်ပေးပါက နှစ်လတွင် ဆံပင်ပေါက်စေတယ်လို့ဆိုပါတယ်။

၁၁။ အရိုးပါးရောဂါ (osteoporosis) ကြက်သွန်နီသည် အရိုးပါးရောဂါကိုလည်း သက်သာ စေပါတယ်။

၁၂။ အအေးမိခြင်း၊ချွဲကပ်ခြင်း။ ကြက်သွန်နီသည်ခုခံအားကိုလည်းကောင်းမွန်စေပါတယ်။ ကြက်သွန်နီရည်နှင့်ပျားရည်ဆတူရောပြီးတစ်နေ့လျှင် လ္ဘက်ရည်ဇွန်းဖြင့် ၃-၄ကြိမ်သောက် ပါက ချွဲများအရည်ပျော်စေပြီး အအေးမိချောင်းဆိုးခြင်း ကိုပျောက်ကင်းစေပါတယ်။

၁၃။ ကြက်သွန်နီကိုရေဖြင့် ရေထက်ဝက်ခမ်းသည်အထိပြုပ်ပြီးနောက် ၎င်းပြုပ်ရည်သောက်ပေး ပါက ဆီပူခြင်းကိုပျောက်ကင်းစေပါတယ်။

၁၄။ ကာမအားသန်စွမ်းခြင်း။ ကြက်သွန်နီအဖြူမျိုးသည်အခြားမျိုးများထက် ကာမအား သန်စွမ်း ခြင်း သတ္တိပိုကောင်းပါတယ်။

သတိထားရန်အချက်များ။

ကြက်သွန်နီကိုလေသလပ်သည့် အခန်းအပူချိန်၊နေရောင်တိုက်ရိုက်မရသောနေရာတွင် သိမ်းဆည်း နိုင် ပါတယ်။ အာလူးများနဲ့အတူတူထားပါကအာလူးမှအဆိုဓါတ်နဲ့ ethylene ဓါတ်ကြောင့်ကြက်သွန် နီများ ပုပ်လွယ်ပါတယ်။ လှီးထားသောကြက်သွန်နီများအားလေလုံသောနေရာတွင် ၁-၂ ရက်ခန့်သိမ်ထား နိုင် ပါတယ်။ ကြက်သွန်နီလှီးစဉ်မျက်စီမစပ်အောင်ကြက်သွန်နီများကိုမလှီးခင်တစ်နာရီအအေးခံထားခြင်း(၀ါ) ရေတွင် စိမ်ပြီးအခွံနွှာခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။

ကျမ်းကိုး။
http://juicing-for-health.com/…/health-benefits-of-onion.ht

မြတ်ပန်းရဂုံ

https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...