စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဆုတ်ကင်ဆာရောဂါနှစ် ၂ဝကြာ တိမ်မြုပ်နေနိုင်ကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ရှိ


ဝါရှင်တန်၊ အောက်တိုဘာ ၂ဝ

အဆုတ်ကင်ဆာရောဂါ၏ အ ဆိုးရွားဆုံးပုံစံသို့ ရုတ်တရက်မပြောင်း လဲမီ နှစ်၂ဝကျော်ကြာ တိမ်မြုပ်နေ နိုင်ကြောင်း လေ့လာမှုတစ်ခုအရသိ ရသည်။

ထိုလေ့လာမှုကို အင်္ဂလန်နိုင်ငံ ရှိ ကင်ဆာသုတေသနအဖွဲ့မှ လေ့ လာသူများက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းကဆေးလိပ်သောက်သူ ဆေးလိပ်သောက်ခဲ့သူနှင့် ဆေးလိပ် မသောက်သူများပါဝင်သော အဆုတ် ကင်ဆာရောဂါဖြစ်ပွားနေသူ ခုနစ်ဦး ကိုအခြေခံကာ ပြုလုပ်ခဲ့သည်။

ထို လေ့လာမှု၌ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားစေသည့် ပထမအဆင့်မျိုးရိုး ဗီဇ မှားယွင်းပြီးနောက် ယင်းကတိုး ပွားလာသည့် ရောဂါ၏နောက်တစ် ကြိမ်မျိုးရိုးဗီဇ မှားယွင်းမှုမပေါ်ပေါက် ခင်အထိ သတိပြုနိုင်သောအခြေအ နေ၌ တည်ရှိနေနိုင်သည်ကို တွေ့ရှိ ခဲ့ရသည်။

ထိုတွေ့ရှိမှုက အဆုတ်ကင် ဆာရောဂါ၏ အစောပိုင်းအခြေအနေ များကို သတိပြုမိစေရန်ကြိုးပမ်းခြင်း ကို အထောက်အကူပြုစေရန်လည်း လေ့လာသူများက မျှော်လင့်နေကြ သည်။

လက်ရှိအချိန်၌ အဆုတ်ကင် ဆာဖြစ်ပွားနေသူများ၏ သုံးပုံနှစ်ပုံ ခန့်သည် ရောဂါ၏အဆိုးရွားဆုံးပုံ စံဖြင့် ကုသမှုခံယူနေရပြီး ကုသမှုများ သည်လည်း အောင်မြင်ရန်လွန်စွာ အခြေအနေနည်းပါးသည်။

''လက်ရှိအသုံးပြုသော ကုထုံး များက အဆုတ်ကင်ဆာရောဂါအပေါ် အကန့်အသတ်ဖြင့်သာ သက်ရောက် မှုရှိစေသောကြောင့် အဆုတ်ကင်ဆာ ရောဂါမှ အသက်ရှင်လွတ်မြောက် လာနိုင်ခြေ အနည်းငယ်သာရှိသည်''ဟု အင်္ဂလန်ကင်ဆာသုတေသနဌာ နမှ ပါမောက္ခတစ်ဦးက ပြောသည် ထို့အပြင် ၄င်းတို့၏လေ့လာမှုက အ ဆုတ်ကင်ဆာရောဂါဖြစ်စေသည့် အ စောပိုင်းမျိုးရိုးဗီဇ မှားယွင်းမှုအများ စုသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်ဟုဖော်ပြကာ အဆုတ်ကင် ဆာရောဂါဆိုးရွားလာခြင်းတွင် ဆေး လိပ်သောက်ခြင်း၏ ပါဝင်မှုကိုလည်း ထောက်ပြထားသည်။

အဆုတ်ကင် ဆာရောဂါဖြစ်ပွားနေသူများ၌ ကြီး မားသည့်မျိုးရိုးဗီဇ မှားယွင်းမှုများစွာ တွေ့ရနေခြင်းကလည်း ထိုရောဂါကို ကုသနေသည့် ကုထုံးများ၏အောင် မြင်မှု အကန့်အသတ်ရှိရခြင်း၏ အ ကြောင်းရင်းတစ်ခု ဖြစ်သည်ဟုလည်း ထိုလေ့လာမှုက ဆိုသည်။

နှစ်စဉ် အဆုတ်ကင်ဆာရော ဂါဖြစ်ပွားနေသူ ၄ဝဝဝဝ ကျော်ရှိပြီး အဆုတ်ကင်ဆာရောဂါအတွက် ထိ ရောက်သော ကုထုံးအချို့ရှိသော်လည်း ထိုရောဂါသည် ကင်ဆာရောဂါလေ့ လာရေးလုပ်ငန်းစဉ်တိုင်းအတွက် ကြီး မားသော စိန်ခေါ်မှုများမှတစ်ခုအဖြစ် ရပ်တည်နေနိုင်ဆဲဖြစ်သည်။

အဆုတ် ကင်ဆာရောဂါဖြစ်ပွားသူ အရေအ တွက် တဖြည်းဖြည်းမြင့်တတ်လာပြီး ထိုရောဂါဖြစ်ပွားနေသည်ဟု သိရှိပြီး အနည်းဆုံးငါးနှစ်ကြာပြီးနောက် အ သက်ရှင်ကျန်ရစ်သူပမာဏမှာ ၁ဝ ရာခိုင်နှုန်းအောက်တွင်သာရှိသည်ဟု သိရသည်။

ယခုလေ့လာမှုက ကင် ဆာရောဂါပြင်းထန်သော အခြေအနေ သို့ မပြောင်းလဲမီ ရောဂါ၏ပထမ အဆင့်၌ပင် ရောဂါဖြစ်ပွားနေသည် ကို သတိပြုမိစေမည့် ပိုမိုကောင်းမွန် သောနည်းလမ်းများ လိုအပ်နေပြီဆို ခြင်းကိုလည်း မီးမောင်းထိုးပြနေသည် ဟု လေ့လာမှုတွင်ပါဝင်ခဲ့သူတစ်ဦး က ဆိုသည်။

Ref: BBC



https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.33411

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...