စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်မှု


 
လူတိုင်း အောင်မြင်ချင်ကြပြီး လူတိုင်းမအောင်မြင်တဲ့ အချက်က ဘာဖြစ်မလဲဆိုရင် အခက်အခဲကို မကျော်လွှားနိုင်ခြင်းသာ ဖြစ်ပါတယ်။


အခက်အခဲနဲ့ တွေ့ကြုံရပြီဆိုရင် ဒါဟာ အခက်အခဲကြီးပါလားလို့ သိမ်ငယ်အားနွဲ့စိတ်နဲ့ ရှုမြင်ကြတာက များပါတယ်။ ဒီလိုရှုမြင် သုံးသတ်ပုံဟာ ဘယ်တော့မှ အခက်အခဲကို ကျော်လွှားနိုင်တော့မှာ မဟုတ်တော့သလို ဘယ်တော့……ဘယ်တော့မှလည်း အောင်မြင်တော့မှာ မဟုတ်ပါဘူး။


တကယ်တော့ ….. အခက်အခဲဆိုတာ ဘာမှမဖြစ်နိုင်တော့ဘူးဆိုပြီး လက်မြှောက်အရှုံးပေးရမယ့် အရာမဟုတ်ပါဘူး။ အခက်အခဲကို ဖြေးရှင်းရမယ့် အရာတစ်ခုအဖြစ်သာ ရှု့မြင်ပြီး ကြိုးစားကျော်လွှားရမှာ ဖြစ်ပါတယ်။ ဘဝမှာ အခက်အခဲ ကြုံလာပြီဆိုရင် ငါဟာ ပိုပိုပြီကြိုးစားဖို့ လိုပြီလို့ နားလည်လိုက်ပါ။


သူငယ်ချင်းတို့ရေ……..

အခက်အခဲတွေများလို့ ကျရှုံးသွားမှာ ကြောက်စရာ မဟုတ်ပါဘူး။ ပြန်ထပြီး ရင်မဆိုင်တာကမှ တကယ့်ကြောက်စရာ အကောင်းဆုံး အရာပါပဲ။ လဲကျတိုင်း ပြန်ထရမှာ မိမိရဲ့ အခွင့်အရေးဆိုတာ မမေ့ပါနဲ့။ ဘယ်ကိစ္စမှာမဆို အောင်မြင်မှုရရှိဖို့က ရာနှုန်းပြည့် ကြိုးစားမှ ဖြစ်မှာမဟုတ်လား။ ဒါတောင် မိမိက အစွမ်းကုန်ကြိုးစားပါလျှက် အောင်မြင်မှုနဲ့ ဝေးနေခဲ့တာတွေ၊ ကြိုးစားသလောက် ပြန်မရတာတွေတောင် ကြုံတတ်ကြသေးတယ်။ ဒါကြောင့် အောင်မြင်မှုကို လိုချင်တယ်ဆိုရင်….

၁။ စိတ်ကူးပါ။
၂။ ကြံစည်ပါ။
၃။ စမ်းသပ်စစ်ဆေးကြည့်ပါ။
၎။ အကောင်းအထည်ဖေါ်ပါ။
၅။ စိတ်ဓာတ်တင်းပြီး ဆက်လုပ်ပါ။
၆။ မလျော့စတမ်းလုပ်ပါ။
၇။ မရပ်မနားကြိုးစားပါ။
သို့မှသာ အောင်မြင်မှုကို ရနိုင်ပါစေကြောင်းးးးးးးးးးးးးးးးးးးး

ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ……
လင်းမြတ်(ပန်းတောင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...