စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ထိုင်ငေး ဆွေးမနေပါနဲ့၊ မြန်မြန်ပြန်ထလိုက်ပါ။”




••••••••••••••••••••••••••••••••••••••••••••••••••••••••
“လဲကျတာ ရှက်စရာမဟုတ်ပြန်မထတာကသာ ရှက်စရာ” ဆိုတဲ့
စကားလေးတခွန်း ကြားခဲ့ဖူးပါတယ်။လူတိုင်း လဲကျခဲ့ဖူးပါတယ်၊ မှားခဲ့ဖူးကြပါတယ်။

ယနေ့ ထင်ပေါ်ကျော်ကြားပါတယ်ဆိုတဲ့ သူတွေ၊ယနေ့ အောင်မြင်နေပါတယ်ဆိုတဲ့ သူတွေလည်းပဲ
အမှားများကို ခလုပ်တိုက်ရင်း လဲကျခဲ့ဖူးကြတယ်။ရှုံးနိမ့်ခဲ့ဖူးကြတယ်။အကြိမ်ကြိမ်အခါခါ၊ ခလုပ်တိုက်
လဲကျရင်း ရှုံးနိမ့်ခဲ့ဖူးပါလိမ့်မယ်။ဒါပေမဲ့ သူတို့တတွေက လဲကျတဲ့နေရာမှာတင် နောင်တတွေ တစ်ပုံတပင်နဲ့ ထိုင်ငေးမနေကြဘူး။အကြိမ်ကြိမ်လဲကျ အကြိမ်ကြိမ်ပြန်ထရင်း၊နောင်တတွေကို အနိုင်ယူလိုက်ကြတယ်
အဲဒါ့ကြောင့်သာ အောင်မြင် ကျော်ကြားတဲ့ဘဝကို ရရှိပိုင်ဆိုင်ကြတယ်။

ပြန်ပြင်လို့မရနိုင်တော့တဲ့ အမှားမျိုးဆိုရင်တော့လည်း တစ်မျိုးပေါ့ ။

တစ်ချို့အမှားတွေက တစ်ဘဝအတွက်သာမက၊သံသရာအတွက်ပါ မကောင်းနိုင်တဲ့
အမှားမျိုးတွေရှိတယ် ။အဲဒီအမှားမျိုးမဟုတ်တဲ့ သာမန်အမှားမျိုး၊ လူတိုင်းမှားတတ်တဲ့
အမှားမျိုးဆိုရင်တော့ မှားလို့ လဲကျတဲ့ နေရာမှာပြန်ထရင်း ၊ “အမှားနောင်တ” တွေကို အနိုင်ယူရမှာပေါ့။

ဒါကြောင့် အမှားများကို ခလုပ်တိုက်မိလို့ လဲကျသွားတဲ့အခါ နောင်တတွေပေါ်မှာ
ထိုင်ငေး ဆွေးမနေပါနဲ့၊ မြန်မြန်ပြန်ထလိုက်ပါ။ပြန်မထနိုင်တာကမှ တကယ့်ကို ရှက်စရာ။

-【အရှင်သုဝီရ @ U Thu Mukha - မဟာဂန္ဓာရုံ】
Posted by
www.facebook.com/youngbuddhistassociation.mm
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...