စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသည်းကွဲတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်မှာ ဒီလိုအချက်တွေ ဖြစ်ပေါ်ခံစားရလာ



 

ချစ်ရသူနဲ့ လမ်းခွဲတဲ့အခါ ဘယ်သူမဆို နာကျင်ကြရပါတယ်။ ရင်ထဲက ခံစားချက်ပေါင်းများစွာကြောင့် မအိပ်နိုင်၊ မစားနိုင် ဖြစ်ကြရပါတယ်။ တွဲခဲ့တဲ့ သက်တမ်းပိုကြာလေလေ ထိုသူကို မေ့နိုင်ဖို့အတွက် ကြိုးစားရတဲ့အချိန်က ပိုကြာလေလေဖြစ်တတ်ပါတယ်။ အသည်းကွဲတဲ့အခါ အဲ့ဒီခံစားချက်ကို မေ့ပစ်နိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ သောက်စားပြီး နေတတ်တဲ့သူတွေ ရှိသလို၊ တစ်ဦးတည်း၊ တစ်ယောက်တည်း ကျိတ်ခံစားတတ်တဲ့သူတွေလည်း အများကြီးပါ။ အဲ့ဒီလို အသည်းကွဲတဲ့အခါ သင့်စိတ်တွေ နာကျင်ရသလို သင့်ခန္ဓာကိုယ်မှာလည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး ချို့ယွင်းမှုတွေ ရှိလာပါတယ်။ အဲ့ဒါတွေကတော့

၁။နေထိုင်မှုပုံစံတွေ ပြောင်းလဲသွားတတ်ပါတယ်။

အသည်းကွဲတဲ့အခါ အရင်က မသွားဖြစ်တဲ့ ဘားတွေ၊ ကလပ်တွေ ရောက်ဖြစ်မယ်။ သူငယ်ချင်းတွေနဲ့အတူ အမြဲတမ်း အချိန်ဖြုန်းဖြစ်လာမယ်။ သောက်စားဖြစ်လာမယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရက်သေစာတွေသာမက စိတ်ရှိတိုင်း နေထိုင်သွားလာမှုတွေ ဖြစ်လာတာကိုလည်း မထိန်းချုပ်တော့ဘူး။ ဒီလိုနေမှပဲ အသည်းကွဲတဲ့ဒဏ်ကို မေ့နိုင်မယ်၊ ကုစားနိုင်မယ်လို့ ထင်ကြပါတယ်။ ဒါဟာ ရေရှည်အတွက် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း တစ်မျိုးပါပဲ။ ကျန်းမာရေးအတွက် ဆိုးဝါးတဲ့အခြေအနေပေါ့။

၂။စိတ်ဓာတ်ကျရတဲ့အချိန်တွေများလာပြီး အပြင်မထွက်ချင်တော့တာမျိုး ဖြစ်လာတယ်။

အပြင်သွားစရာရှိတာ၊ လုပ်စရာရှိတာတွေကို မလုပ်ချင်တော့ဘူး။ အခန်းအောင်းပြီး အိပ်ယာပေါ်မှာပဲ ခွေနေဖြစ်တော့တယ်။ အရာရာတိုင်းကိုလည်း အကောင်းမြင်တတ်တဲ့စိတ်တွေ လျော့ပါးလာမယ်။

၃။မစားနိုင်မသောက်နိုင် ဖြစ်လာမယ်။

အရင်က ပုံမှန်စားနေတဲ့ မနက်စာ၊ ညစာတွေကိုတောင်မှ မှန်မှန်မစားတော့ဘူး။ စားချင်တဲ့အချိန် နည်းနည်းပါးပါးစားမယ်။ အာဟာရရှိတဲ့အစာတွေကိုလည်း မစားဖြစ်တော့ဘူး။

၎။မအိပ်နိုင်တော့ပဲ ဟိုတွေးဒီတွေးတွေနဲ့ အချိန်ကုန်တတ်လာမယ်။

ညဘက်အိပ်ယာထဲမှာ ရှိနေပေမယ့် မအိပ်နိုင်ပဲ အတွေးသံသရာထဲမှာ လည်နေတတ်တယ်။ မျက်ရည်ကျရတဲ့အချိန်တွေလည်း ရှိသလို တစ်ညလုံးမအိပ်ဖြစ်တာတွေတောင် ရှိလာတယ်။

၅။သွေးပေါင်ချိန်တက်လာမယ်။

လူတစ်ယောက်က စိတ်ဓာတ်ကျတဲ့အခါတွေမှာ သွေးတိုးတာမျိုး၊ သွေးပေါင်ချိန်တက်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒါကို ဖြေဖျောက်ပစ်ဖို့ဆိုရင် လုပ်စရာရှိတာလေးတွေ အာရုံစိုက်လုပ်ဆောင်ရင်း ခုဖြစ်နေတဲ့ ခံစားချက်တွေ ပျောက်ကွယ်သွားအောင် ကြိုးစားဖို့သာဖြစ်တယ်။

၆။ဆံပင်တွေကျွတ်လာမယ်။

အမျိုးသမီးတွေအတွက် အသည်းကွဲတဲ့အခါ၊ ချစ်သူနဲ့ လမ်းခွဲရတဲ့အခါ ဆံပင်ကျွတ်တယ်ဆိုတာ ပိုမှန်ပါတယ်။ သူတို့ခံစားရတဲ့ စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုတစ်ခုလို့ ပြောရပါလိမ့်မယ်။ အမျိုးသမီးတွေမှာ ပိုသိသာပါတယ်။

အထက်မှာဖော်ပြထားသလို သင့်ခန္ဓာကိုယ်က ချို့ယွင်းမှုတွေဖြစ်လာတဲ့အခါ ကိုယ်ကိုယ်တိုင်ကသာ ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်မယ်ဆိုတာ ယုံကြည်ထားပါ။ အထူးသဖြင့် လုပ်နေကျအလုပ်တွေကို အာရုံစိုက်ပြီး ပိုလုပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အဆီချတာမျိုးတွေအတွက် အာရုံလွှဲလိုက်တာ စတာတွေက လူကို ခံစားရပိုသက်သာစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4527

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...