စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နွားနို့ တစ်ပေါင်၊ အသား တစ်ပေါင်



တစ်ခါတုန်းမှာ နွားနို့ထုတ်တဲ့ ရိုးသားတဲ့ အသက်ကြီး လယ်သမား တစ်ဦးနဲ့ အသားချည်း သီးသန့်ရောင်းတဲ့ အသားဆိုင်ပိုင်ရှင် တို့ ရှိကြပါတယ်။ တစ်ရက်တော့ အသားဆိုင်ပိုင်ရှင်ဟာ သူဝယ်တဲ့ နွားနို့ဟာ တစ်ပေါင်ဖိုး ပေးရပေမယ့် တစ်ပေါင်မပြည့်တာကို စစ်ဆေးတွေ့ရှိပါတယ်။ ဒါနဲ့ပဲ တစ်ပေါင်အပြည့်မပေးပဲ ရောင်းတယ် ဆိုပြီးတော့ ရွာက တရားရုံးငယ် တစ်ခုမှာ တရားစွဲ ပါတော့တယ်။

ဒါနဲ့ တရားသူကြီးက စစ်ဆေးတော့ နွားနို့ထုတ်တဲ့ အဖိုးအိုက ဖြေပါတယ်။ "ကျနော် အရင်အတိုင်းပဲ ပုံမှန် ချိန်ရောင်းနေတာပါ မှားစရာ အကြောင်းမရှိပါဘူး"

တရားသူကြီးက ဘာနဲ့ ချိန်လဲလို့ မေးတဲ့အခါ ပြန်ဖြေပါတယ်။

"ကျနော့ ချိန်ခွင်မှာ ချိန်ခွင်တုံး (သံတုံး) မရှိပါဘူး။ ဒါပေမယ့် နေ့စဉ် နေ့တိုင်း သူ့ဆီကနေ ဝယ်ယူတဲ့ အသားတစ်ပေါင်ကတော့ အမြဲရှိပါတယ်။ ဒါကြောင့်မို့ အဲ့ဒီအသား အလေးချိန် အတိုင်းပဲ ပြန်ချိန်ပြီးတော့ သူ့အတွက် နွားနို့ တစ်ပေါင်ဖိုး ပြန်ရောင်းတာပါ"

သင်ခန်းစာ -


စေတနာဆိုတာ ကိုယ်ထားရင် ထားသလောက်ပဲ ပြန်ရပါတယ်။ တစ်ရာဖိုးပဲ ပေးပြီး တစ်ထောင်ဖိုး ပြန်လိုချင်လို့ မရပါဘူး။ ကံကောင်းလို့ တစ်ခါခါ ရကောင်း ရသွားပေမယ့် မိမိထားလိုက်တဲ့ စေတနာဆိုးက သံသရာ တစ်လျှောက် သက်ရှိသတ္တဝါ ဖြစ်နေသရွေ့ အကြိမ်ကြိမ် ပြန်လည်ပေး ဆပ်ရမှာ ဖြစ်ပါတယ်။
.

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...