စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်မှုဆီသွားဖို့ လျှို့ဝှက်ချက် (၁၀)ချက်



(10-Secrets to Success)

၁။ အားလုံးကို ခြုံငုံစဉ်းစားပါ။ (How You Think is Everything)
အကောင်းမြင်ဝါဒကို လက်ကိုင်ထားပါ။ ကျရှုံးမှာကို ဘယ်တော့မှ ခေါင်းထဲထည့်မထားဘဲ အောင်မြင်မှုကိုသာ စဉ်းစားပါ။ အပျက်သဘောကိုဆောင်စေတဲ့ ပတ်ဝန်းကျင်ကိုလည်း ဂရုတစိုက်ရှောင်ရှားပါ။

၂။ မိမိရဲ့ ခိုင်မာတဲ့ အိပ်မက်တွေနဲ့ ပန်းတိုင်တွေအပေါ်မှာ ရွေးချယ်ဆုံးဖြတ်ပါ။ (Decide upon Your True Dreams and Goals)
အကောင်းဆုံးကတော့ မိမိရဲ့ ခိုင်မာတိကျတဲ့ ပန်းတိုင်တွေကို စာရွက်ပေါ်မှာ ချရေးထားပြီး အစီအစဉ်ကိုဆွဲပါ။

၃။ အကောင်အထည်ဖေါ်ပါ။ (Take Action)
အကောင်အထည်မဖေါ်တဲ့ ပန်းတိုင်တွေဆိုတာ ဘာမှအဓိပ္ပါယ်မရှိတဲ့ အရာတွေပါ။

၎။ သင်ယူမှုကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ။ (Never Stop Learning)
အရွယ်ရှိသေးရင် ကျောင်းကိုပြန်သွားချင်သွား (ဒါမှမဟုတ်) စာအုပ်တွေကို များများဖတ်ပါ။ မရပ်မနား သင်ယူပါ။ လေ့ကျင့်ပါ။ ကျွမ်းကျင်အောင်လုပ်ထားပါ။

၅။ ပစ္စပ္ပန်မှာ အာရုံစိုက်ပြီး ကြိုးစားအားထုတ်ပါ။ (Be Persistent and Work Hard)
ဘဝမှာ အောင်မြင်မှုဆိုတာ ရေရှည်ဆင်နွဲရတဲ့ပွဲမျိုးဖြစ်တယ်။ တာတိုအပြေးပြိုင်ပွဲမဟုတ်ဘူး။ ဘယ်တော့မှ လက်လျော့အရှုံးမပေးပါနဲ့။

၆။ အသေးစိတ်အချက်အလက်ကို စီစစ်တတ်ဖို့ လေ့လာသင်ယူပါ။ (Learn to Analyze Details)
အချက်အလက်တိုင်းကို မှတ်သားပြီး လိုအပ်သမျှကို ဖြည့်စီးပါ။ မိမိအမှားကနေ လေ့လာသင်ယူဖို့ မမေ့ပါနဲ့။

၇။ မိမိရဲ့ အချိန်နဲ့ ပိုက်ဆံကိုသာ အာရုံစိုက်ပါ။ (Focus Your Time And Money)
တခြားလူတွေနဲ့ တခြားအရာဝတ္ထုတွေက မိမိရဲ့အာရုံကိုပျက်ပြားစေဖို့ ဘယ်တော့မှ ခွင့်မပေးပါနဲ့။

၈။ အသစ်ထွင်ဖို့ကို မကြောက်ပါနဲ့။ (Don’t Be Afraid To Innovate)
အများသူငါနဲ့ ကွဲပြားခြားနားဖို့၊ ဆန်းသစ်တဲ့ အတွေးအမြင်တွေရှိအောင် လုပ်ပါ။ အများသွားနေတဲ့ လမ်းဟောင်းကိုပဲ လိုက်နေမယ်ဆိုရင် လမ်းလျှောက်တယ်ဆိုရရုံထက် ဘာမှပိုထူးမှာ မဟုတ်ပါဘူး။

9. လူတိုင်းကို အကျိုးရှိရှိ ပေါင်းသင်းဆက်ဆံပါ။ (Deal And Communicate With People Effectively)
လူဆိုတာ ပြောသမျှငြိမ်ခံတတ်တဲ့ ကျောက်ရုပ်မဟုတ်ဘူး။ လူတိုင်းမှာ အတ္တတွေ၊ မာနတွေရှိကြတာချည်းပဲ။ ဒါကြောင့် တခြားလူတွေကို နားလည်ပေးဖို့နဲ့ စိတ်ဓာတ်တွေတက်ကြွလာအောင် လှုံ့ဆောင်ပေးဖို့ သင်ယူကျင့်သူံးပါ။

၁၀. ရိုးသားပြီး အများကယုံကြည့်နိုင်သူဖြစ်ပါစေ။ (Be Honest And Dependable)
တာဝန်ယူပါ။ ခေါင်းရှောင်တတ်သူ မဖြစ်ပါစေနဲ့။ ဒီလိုမှမဟုတ်ဘူးဆိုရင် နံပါတ်(၁)ကနေ (၉)အထိ အချက်အလက်တွေအားလုံးဟာ သဲထဲရေသွန်ဖြစ်သွားပါလိမ့်မယ်။

သူငယ်ချင်းတို့ရေ........

လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် အပြင်းအထန် မနေမနား ကြိုးစားရပါမယ်။ ကံ၊ဉာဏ်၊ဝီရိယတွေလည်း ရှိဖို့လိုပါတယ်။ မကြိုးစားသူတစ်ယောက် အောင်မြင်တယ်ဆိုတာ ကျနော်တို့ကမ္ဘာမှာ မရှိသလို နောက်ကမ္ဘာပေါင်းများစွာမှာလည်း ရှိမှာမဟုတ်တာ အသေအချာပါပဲ။ အပေါ်မှာဖေါ်ပြထားတဲ့ အောင်မြင်မှုဆီသွားဖို့ လျှို့ဝှက်ချက်တွေကလည်း ဘာမှထူးထူးဆန်းဆန်းတွေ မဟုတ်ပါဘူး။ လူတိုင်းက လိုက်နာပြီး ကျင့်ဆောင်နိုင်တဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့လျှို့ဝှက်ချက်က ဘဝအောင်မြင်ရေးဆိုတာ.........

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ......
လင်းမြတ်(ပန်းတောင်း)

အချက်အလက်များကို အောက်ပါဝက်ဘ်ဆိုက်မှ ထုတ်နှုတ်ရေးသားပါသည်။
http://www.pickthebrain.com/blog/10-secrets-to-success/
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...