စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိုဘယ်ဆုရှင် ရဲ့ တန်းဖိုးကြီးမားတဲ့ စကား


                         
အရင်တုံးကယူအန်မှာ သူမပြောတာလေး ခုထိ တန်ဖိုးကြီးနေတုံးပါဘဲ

၁၆ နှစ်သမီး အစ္စလာမ်မလေး UN မှာ ပြောသွားတာ ဘယ်လောက် လေးစားစရာကောင်းသလဲ...

အစ်ကိုတို့ အစ်မတို့ရှင့်။ သမီးဟာ ဘယ်သူ့ကိုမှရန်မလိုပါဘူး။ တာလီဘန်တွေကို လက်စားချေလိုတဲ့စိတ်လည်းမရှိပါဘူး။ အကြမ်းဖက်သမားအုပ်စုတွေကိုလည်း ဆန့်ကျင်ရန်ပြုတဲ့စိတ်မရှိပါဘူး။ သမီး ဒီမှာ ကလေးတိုင်းပညာသင်ကြားခွင့် ရရေးကိုပဲ ပြောဆိုမှာဖြစ်ပါတယ်။ တာလီဘန်၊ အကြမ်းဖက် သမား တွေနဲ့ အစွန်းရောက်ဝါဒီအားလုံးရဲ့ သားသမီးတွေ ပညာသင်ကြားခွင့်ရစေချင်ပါတယ်။ သမီးကိုသေနတ်နဲ့ ပစ်ခဲ့တဲ့ တာလီဘန်တွေကိုလည်း သမီးမမုန်းပါဘူး

သမီးလက်ထဲမှာ သေနတ်တစ်လက်ရှိမယ်၊ အဲဒီသူဟာလည်း သမီးရှေ့မှာ ရပ်နေမယ်ဆိုရင်တောင် သမီးသူ့ကို ပစ်မှာမဟုတ်ပါဘူး။

ဒီလိုမေတ္တာတရားတွေကို သမီး မိုဟာမက်ထံကလေ့လာခဲ့ပါတယ်။

ခရစ်တော်ထံကလဲ သင်ယူခဲ့ပါတယ်။

ဗုဒ္ဓရှင်မြတ်ထံကလည်း သင်ယူခဲ့ပါတယ်။

ဒီမေတ္တာတရားရဲ့ အမွေတွေကို သမီး မာတင်လူသာကင်း၊ နယ်လ်ဆင်မန်ဒဲလားနဲ့ မိုဟာမက်အလီဂျင်းနာတို့ ထံကနေ ဆက်ခံခဲ့တာဖြစ်ပါတယ်။

အကြမ်းမဖက်ရေးဒဿနကို သမီးဟာ ဂန္ဒီ၊ ဘာချာခန်းနဲ့ မာသာထရီဆာတို့ထံကနေ လေ့လာ သင်ယူခဲ့ပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာကို သမီးအဖေနဲ့ အမေထံကနေ သမီးလေ့လာသင်ယူခဲ့ပါတယ်။ သမီး
စိတ်ထဲကနေ သမီးကို ပြောနေတာက လူတိုင်းကိုချစ်ပါ။ ငြိမ်းချမ်းပါစေဆိုတာပါပဲ။
မာလာလာလို အသက်(၁၆)နှစ်ရွယ်ကလေးတစ်ယောက်ရဲ့ စကားက မယုံနိုင်ဖွယ်အောင် ကောင်းမွန်လှပါတယ်။ စာတွေဖတ်ကြောင်းသိသာပါတယ်။ ဒါကြောင့် စာတွေဖတ်များများဖတ်ပါ။

မူရင်း
Nandar Soe

လေးစားလျက်
ပြန်လည်မျှဝေပေးပါတယ်။

https://www.facebook.com/photo.php?fbid=621786584599076&set=a.116579221786484

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...