စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထောပတ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

                  


---------------------------------------------------

 
ထောပတ်သီးဟာ အမျိုးသားများအတွက် ယောက်ျားအားကို ပြည့်ဝစေပြီး အမျိုးသမီးများအတွက် အသားအရည်ကို စိုပြေလှစေကာ ဆံကေသာကိုလည်း သန်စွမ်းနက်မှောင်စေပါသည်။ ဆံပင်ကောင်းစေရန် စားသုံးသင့်သော သစ်သီးဝလံထဲတွင် ထောပတ်သီးသည် ထိပ်ဆုံးမှ ပါဝင်နေ၏။
 
ထောပတ်သီးသည် နှလုံးကျန်းမာရေးကို အထောက်အကူပေးပြီး သက်လုံကောင်းမွန်စေသည့်အတွက် အားကစားသမားများ အစားသင့်ဆုံး အသီးဖြစ်ပါသည်။
ထောပတ်သီးတွင် ပါဝင်သည့် ဗီတာမင် B, ဗီတာမင် E တို့သည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးပါသည်။
 
ထောပတ်သီးတွင် ပါဝင်သော ကိုလင်း (Cho line) ဓါတ်သည် လူ၏ ဦးနှောက်ကိုလည်း များစွာအထောက်အပံ့ပေးနိုင်ပါသည်။

ကိုလက်စထရော (LDL ) နည်းပါးသည့်အတွက် ဆိုးကျိုးများကို လုံးဝမဖြစ်စေပဲ အကျိုးပြု ကိုလက်စထရော (HDL) ကိုသာ ပေးစွမ်းပါသည်။
 
သွေးကြောရောင်ရမ်းမှုဒဏ်ရာများနှင့် သွေးကြောကျဉ်းရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့် phenolic ဒြပ်ပေါင်းများ ထောပတ်သီးတွင်ပါဝင်နေပါသည်။
 
ထောပတ်သီးကို ဖျော်ရည်လုပ်ပြီး သောက်နိုင်သလို ဟင်းသီးဟင်းရွက်များနှင့် ရောစပ်၍ စားသောက်လျှင် ဟင်းသီးဟင်းရွက်များက ပေးစွမ်းသည့် အာဟာရများ အပြည့်အဝ ရရှိစေနိုင်ပါသည်။

ဦးနေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Avocado for Health

ကျန်းမာရေးသတင်းများ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...