စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ကောင်းသော ဘဝပိုင်ရှင်”


 


သူတစ်ပါးတွေကို ထိခိုက်နစ်နာမှုမရှိတဲ့ကာယကံ၊ ဝစီကံ၊ မနောကံတွေနဲ့
ထုံးမွှမ်းထားတဲ့ နံနက်ခင်းမျိုးဟာကောင်းသော နံနက်ခင်းလို့ဘုန်းကြီးတို့ ဘုရားရှင်က ပုဗ္ဗဏှသုတ်မှာဟောတော်မူထားပါတယ်။အဲဒီလို ကောင်းသော နံနက်၊ကောင်းသောနေ့၊ ကောင်းသောညတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာ

ကောင်းသော “ရက်ပိုင်ရှင်”တွေပါပဲ။အဲဒီလိုရက်မျိုး ရက်(၃၀)ပြည့်စုံရင်ကောင်းသော “လပိုင်ရှင်”၊
အဲဒီလိုလမျိုး (၁၂)လပြည့်စုံရင်ကောင်းသော “နှစ်ပိုင်ရှင်”၊
အဲဒီလိုနှစ်မျိုး ဘဝတစ်သက်တာပြည့်စုံပြီဆိုရင်တော့“ကောင်းသောဘဝပိုင်ရှင်” ဖြစ်နိုင်ပါတယ်။

ဘယ်လိုပင်ပြည့်စုံအောင်ကြိုးစားပင်မယ့်လည်းပုထုဇဉ်အလျောက် အနည်းငယ်သော
ကာယကံ၊ ဝစီကံ၊ မနောကံအတိမ်းအစောင်းတွေကတော့ ရှိကြမှာပါပဲ။

အဲဒီအတိမ်းအစောင်းတွေကိုဗုဒ္ဓဘာသာဝင်တွေ ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက

နှုတ်တက်အာဂုံရရှိခဲ့ကြတဲ့သြကာသကန်တော့ချိုးနဲ့ ရှိခိုးကန်တော့တောင်းပန်ပြီးမှ ပြုပြင်နိုင်ပါတယ်။
ကာယကံ၊ ဝစီကံ၊ မနောကံအတိမ်းအစောင်းတွေကို ပြုပြင်ပြီးကောင်းသော ဘဝပိုင်ရှင်တွေဖြစ်အောင်
ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

- 【မြစေတီစာသင်တိုက် ဆရာတော်】
Posted by
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...