စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သံဃာတော်များ နိုင်ငံရေး လုပ်သင့်ပါသလား

     


ယနေ့မျက်မှောက်ခေတ်၌ နိုင်ငံအပေါ်၌ သံဃာတော်အရှင်မြတ်များ၏ အရှိန်သြဇာလွှမ်းမိုးနေသည်ကို မလိုလားကြသည့် လူမျိုးခြား ဘာသာခြားတို့သည်လည်းကောင်း၊ သံဃာတော်အရှင်မြတ်များအား အာဏာတည်မြဲရေးအတွက် အဟန့်အတားသဖွယ် မြင်နေကြသည့် အာဏာရှင် ပုဂ္ဂိုလ်များသည်လည်းကောင်း သံဃာတော်အရှင်မြတ်များကို တိုင်းရေးပြည်ရာ ကိစ္စတို့၌ ပါဝင်ခွင့် မရအောင် ရည်ရွယ်၍ “ဘုန်းကြီးအလုပ် ဘုန်းကြီးအလုပ်ပါ၊ နိုင်ငံရေး မလုပ်ပါနဲ့” ဟု အပြစ်တင်ကြလေသည်။
 
ခေတ်တိုင်းခေတ်တိုင်းမှာ အမျိုးသားနိုင်ငံရေးကို တက်တက်ကြွကြွအားထုတ်တော်မူခဲ့ကြသည့် ဆရာတော် သံဃာတော် အရှင်မြတ်များကို တွေ့ရမည် ဖြစ်ပေသည်။

ထိုဆရာတော် သံဃာတော်များစွာထဲမှ သာသနာ့အာဇာနည်တစ်ပါး ဖြစ်တော်မူ သော အရှင်ဒိသာပါမောက္ခဆိုလျှင် မြန်မာနိုင်ငံ၏ “ငြိမ်းချမ်းရေးခေါင်းဆောင်” အဖြစ်ဖြင့် တိုင်းတပါးထိ သွားခဲ့ရပါသည်။

အချိန်က ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်မှာ ဖြစ်၏။ ဘုရင်၏ လျှောက်ထားတောင်းပန်ချက်အရ ဆရာတော်ကြီး အရှင်ဒိသာပါမောက္ခသည် စစ်ပြေငြိမ်းဖို့ အတွက် တရုတ်ပြည်သို့ ငြိမ်းချမ်းရေးသံတမန်အဖြစ် သွားရောက်ခဲ့ရပါသည်။

ဆရာတော် ကြီး၏ အပြောအဆို လိမ္မာကျွမ်းကျင်မှုကြောင့် ကူဗလိုင်ခန်မင်းကြီးက သဘောကျပြီး စစ်ပြေငြိမ်းဖို့ လက်ခံလိုက်လေသည်။ ထို့ကြောင့် မြန်မာပြည်သည် တရုတ်ပြည်နှင့် ငြိမ်းချမ်းရေးရရှိခဲ့ပါသည်

ဤဖြစ်စဉ်ကိုကြည့်ပါက ဆရာတော် သံဃာတော်များသည် အမျိုးသားရေးကိစ္စနှင့် ပတ်သက်လျှင် တိုင်းရေးပြည်ရာ ကိစ္စများကို မျက်နှာမလွှဲကြပါ။ ရှင်ဘုရင်များကလည်း ဆရာတော်သံဃာတော်များကို အားကိုးကြကြောင်း တွေ့ရပေသည်။

ဝန်ကြီး အမတ်ကြီး၊ စစ်သူကြီးများကလည်း ဆရာတော်သံဃာတော်များကို တိုင်းပြည်၏ဦးကင်းသဖွယ် သဘောထားပြီး ကိုးကွယ်ဆည်းကပ်ခဲ့ကြလေသည်။ ထို့ကြောင့် ရှင်ဘုရင် မိဖုရား၊ ၀န်ကြီး၊ စစ်သူကြီးတို့သည် ကိုယ့်ကျောင်းတိုက်နှင့်ကိုယ် ဆောက်လုပ်ပြီး သာသနာတော်ကြီးကို မြှောက်စားခဲ့ကြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သံဃာတော်အရှင်မြတ်များသည် အမျိုးသားရေး နိုင်ငံရေး လုပ်သင့်ပါသည်။

သီတဂူ အရှင်ဒေဝိန္ဒာလင်္ကာရာဘိဝံသ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...