စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပါးစပ်အတွင်း အနံ့ဆိုး ကင်းစင်စေဖို့နဲ့ သွားကျန်းမာရေးအတွက် သိကောင်းစရာ (အပိုင်း ၁)





အပြုံးပန်းတွေ ထာဝစဉ်ပွင့်နိုင်ဖို့ နဲ့ ပါးစပ်တွင်းမှာ ဖြစ်တတ်တဲ့ရောဂါတွေနဲ့ အလှမ်းဝေးနိုင်ဖို့ သွားကျန်းမာရေးကို အထူးဂရုပြုဖို့လိုသလို ခံတွင်းပိုင်းကိုလည်း အမြဲတမ်း ဂရုစိုက်၊ သန့်စင်ပေးနိုင်ဖို့လိုပါတယ်။ မိမိရဲ့ လွဲမှားတဲ့ သို့မဟုတ် သတိနည်းပါးတဲ့ အပြုအမူ တချို့ကြောင့်လဲ ခံတွင်းနာကျင်မှုပြဿနာတချို့ကို ရင်ဆိုင်ရတတ်ပါတယ်။ ကြုံလာရတဲ့ ဒီအခက်အခဲပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတာနဲ့ သတိတရား ဘယ်လိုထားကြမယ်လဲဆိုတာ တင်ပြထားတဲ့ အပိုင်း (၁) လေ့လာကြည့်ရအောင်။

သွားပိုးပေါက်များကြောင့် နာကျင်ကိုက်ခဲခြင်း

သွားနဲ့ပတ်သက်ရင် ယားယံနာကျင်ကိုက်ခဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းက နားလည်ရခက်တဲ့ ပုစ္ဆာတစ်ခုလိုပါ။ သူ့အလိုအလျောက် ရောဂါခုခံမှုစနစ်တစ်စုံတစ်ခု ရှိလိမ့်မယ်လို့ ယုံကြည်ထားတာ တစ်ခုတော့ရှိတယ်။ တခါတလေ စိတ်ဖိစီးမှု၊ နာမကျန်းဖြစ်ခြင်း သို့မဟုတှ် ထိခိုက်ဒဏ်ရာကြောင့်လဲဖြစ်နိုင်ပါတယ်။ ပါးပြင်တွေ ဒါမှမဟုတ် ခံတွင်းနံရံတို့လို လှုပ်ရှားနိုင်တဲ့ တစ်ရှူးတွေ မမျှော်လင့်ပဲပေါ်တတ်တာ။ သွားကိုက်တာတွေက အချိန်တန်ရင် သူ့အလိုအလျောက် ပျောက်သွားပေမဲ့ ဒီအခြေအနေကို အမြန်ဆုံးပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။ အဓိက ရည်ရွယ်ချက်မှာ နာကျင်ကိုက်ခဲမှုသက်သာစေဖို့၊ အမြန်ပျောက်ကင်းဖို့နဲ့ နောက်တခါဒီလို ဝေဒနာ ပြန်လည်မခံစားရအောင် တားဆီးခြင်းတို့ဖြစ်ပါတယ်။

အပူလောင်တာ

ကော်ဖီကို အလျင်စလိုမော့ချလို့ အပူလောင်သွားပြီး နာကျင်မှုတွေ၊ ခံတွင်းထုံထိုင်းမှုတွေ ခံစားရတတ်တယ်။ အများအားဖြင့် အဲဒီလိုကြုံရတဲ့အခါ တစ်ရက်အတွင်း သူ့ဟာသူ သက်သာလာတာကတော့ ပိုများပါတယ်။ အပူလောင်သွားတဲ့ ဒဏ်ရာကို တစ်ခုခုနဲ့ သန့်စင် သို့မဟုတ် ဖုံးထားနိုင်တယ်။ ခံတွင်းနာအတွက် အသုံးပြသော ဘက်တီးရီးယား ကာကွယ်ပေးတဲ့ ပလုတ်ကျင်းရည်ကို ဝယ်သုံးနိုင်ပါတယ်။

ခံတွင်းခြောက်ခြင်း

ပုံမှန်အားဖြင့် ခံတွင်းအမြဲ စိုပြေ၊ စွတ်နေအောင် တံတွေးဂရင်းမှ တံတွေးကို အလုံလောက်ထုတ်ပေးတာပါ။ အဲဒီလို ပုံမှန်တံတွေး ထုတ်ပေးမှုမရှိတော့တဲ့အခါ တခါတလေရေဓာတ်ခမ်းခြောက်မှုဖြစ်ပေါ်နေလို့ပဲ။ ခံတွင်းပုံမှန် လိုမဟုတ်ဘဲ ခြောက်သွေ့နေရင် သို့မဟုတ် မျက်စိတို့လို တခြားနေရာတွေမှာ ခြောက်သွေ့နေရင် သွားဆရာဝန်ဆီပြသင့်ပြီး ရောဂါကင်းစင်အောင် အသေအချာ စစ်ဆေးကုသသင့်ပါတယ်။

လျှာပေါ် အဖုအထစ်လေးတွေဖြစ်ပေါ်ခြင်း

တကယ်တော့ လျှာအပူလောင်မှုကြောင့် ထွက်လာတဲ့အဖု (inflamed papillae)တစ်ခုပဲဖြစ်တယ်။ စားထားတဲ့အစားအစာရဲ့ အစအနတွေ ကပ်ဝင်သွားတာ သို့မဟုတ် ပိုးမွှားဝင်သွားတဲ့အခါ အဖုအထိ(papillae) တွေ အပူရှပ်သွားနိုင်တယ်။ အကောင်းဆုံးနည်းလမ်းကတော့ သွားပွတ်သံနဲ့ လျှာကို ပွတ်တိုက်ပေးပါ။ နောက်တစ်ခုက ဘက်တီးရီးယား ပိုးမွှားသန့်စင်ပေးတဲ့ ပလုတ်ကျင်းရည်ကို အသုံးပြုပါ။

Source: womenshealthmag
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...